ဗီလာရီးရဲလ်နောက်ခံလူ ပါအူးတောရက်စ်ကို ခေါ်ယူရန် မျက်စိကျနေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ဗီလာရီးရဲလ်နောက်ခံလူ ပါအူးတောရက်စ်ကို ခေါ်ယူရန် မျက်စိကျလာတယ်လို့ သိရပါတယ်။ ပါအူးတောရက်စ်ကို ဥရောပ ထိပ်သီးအသင်းတော်တော်များများကလည်း စိတ်ဝင်စားနေပြီး နောက်ဆုံး စိတ်ဝင်စားတဲ့အသင်းက ဘိုင်ယန်မြူးနစ်ဖြစ်နေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ခံလူ ဒေးဗစ်အလာဘာကို ရာသီအကုန်မှာ လက်လွှတ်ရမှာ ဖြစ်လို့ အစားထိုးရန် နောက်ခံလူ ရှာဖွေနေတာပါ။

စပိန်လက်ရွေးစင်ကစားသမားကို ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ် ၊ ယူနိုက်တက် နဲ့ ချဲလ်ဆီးအသင်းတို့ကလည်း ဆက်သွယ်မှုတွေ လုပ်ထားခဲ့တာ ဖြစ်ပါတယ်။ သတင်းများအရ ပါအူးတောရက်စ်ကို ဘိုင်ယန်မြူးနစ်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့မယ့် အလာဘာနေရာမှာ အစားထိုးရန် အဓိက ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အသက် ၂၄ နှစ်အရွယ် ပါအူးတောရက်စ်ကို ခေါ်ယူပြီး နောက်ရာသီမှာ ဘိုတန်းနဲ့ အတူတူ တွဲကစားစေရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ သို့သော်လည်း ဗီလာရီးရဲလ်အသင်းကတော့ ပါအူးတောရက်စ်ကို ဈေးပေါပေါ နဲ့ လက်လွှတ်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ယူရို သန်း ၆၀ ဖြစ်ပါတယ်။

ဗီလာရီးရဲလ္ေနာက္ခံလူ ပါအူးေတာရက္စ္ကို ေခၚယူရန္ မ်က္စိက်ေနတဲ့ ဘိုင္ယန္ျမဴးနစ္

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဗီလာရီးရဲလ္ေနာက္ခံလူ ပါအူးေတာရက္စ္ကို ေခၚယူရန္ မ်က္စိက်လာတယ္လို႔ သိရပါတယ္။ ပါအူးေတာရက္စ္ကို ဥေရာပ ထိပ္သီးအသင္းေတာ္ေတာ္မ်ားမ်ားကလည္း စိတ္၀င္စားေနၿပီး ေနာက္ဆံုး စိတ္၀င္စားတဲ့အသင္းက ဘိုင္ယန္ျမဴးနစ္ျဖစ္ေနပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ေနာက္ခံလူ ေဒးဗစ္အလာဘာကို ရာသီအကုန္မွာ လက္လႊတ္ရမွာ ျဖစ္လို႔ အစားထိုးရန္ ေနာက္ခံလူ ရွာေဖြေနတာပါ။

စပိန္လက္ေရြးစင္ကစားသမားကို ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္စ္ ၊ ယူႏိုက္တက္ နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ကလည္း ဆက္သြယ္မႈေတြ လုပ္ထားခဲ့တာ ျဖစ္ပါတယ္။ သတင္းမ်ားအရ ပါအူးေတာရက္စ္ကို ဘိုင္ယန္ျမဴးနစ္အသင္းက ရီးရဲလ္မက္ဒရစ္အသင္းဆီ ေျပာင္းေရႊ႕မယ့္ အလာဘာေနရာမွာ အစားထိုးရန္ အဓိက ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ အသက္ ၂၄ ႏွစ္အရြယ္ ပါအူးေတာရက္စ္ကို ေခၚယူၿပီး ေနာက္ရာသီမွာ ဘိုတန္းနဲ႔ အတူတူ တြဲကစားေစရန္ ရည္ရြယ္ထားတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ဗီလာရီးရဲလ္အသင္းကေတာ့ ပါအူးေတာရက္စ္ကို ေစ်းေပါေပါ နဲ႔ လက္လႊတ္မွာ မဟုတ္ပါဘူး။ သူ႔ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးကေတာ့ ယူ႐ို သန္း ၆၀ ျဖစ္ပါတယ္။