တာစတီဂန်ရှိနေတာက ဘာစီလိုနာအတွက် ကံကောင်းတယ်လို့ ပြောခဲ့တဲ့ ရော်နယ်ကိုးမန်း


ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက အဲလ်ချီကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာတော့ အသင်းမှာ ဂိုးသမားတာစတီ ဂန်ရှိတာက ကံကောင်းမှုတစ်ခုဖြစ်ပြီး အဲလ်ချီကိုအနိုင်ရခဲ့တာဟာ သူရဲ့စွမ်းဆောင်ရည်ကြောင့် ဖြစ်တယ်ဆိုပြီး ချီးကျူး သွားခဲ့ပါတယ်။ ဘာစီလိုနာဟာ ကွင်းလယ်လူ ဒီဂျောင်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့် ဒုတိယပိုင်းအစမှာ အဲလ်ချီတိုက် စစ်မှူး ရီဂိုနီရဲ့ ချေပဂိုးရနိုင်လောက်တဲ့အခွင့်အရေးကို တာစတီဂန်လက်စွမ်းပြသွားခဲ့လို့သာ ဘာစီလိုနာတို့ ချေပဂိုးမပေးခဲ့ ရတာဖြစ်ပါတယ်။


ဘာစီလိုနာဟာ အဲလ်ချီနဲ့ မကစားခင်နောက်ဆုံးကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲ၊ ကော်နယ်လာနဲ့ ကစားခဲ့ စပိန်ဘုရင့်ဖလားတွေမှာ သာမာန်ပွဲချိန်အတွင်း အနိုင်မရခဲ့တာကြောင့် အချိန်ပိုတွေဆက်ကစားခဲ့ရလို့ ဝေဖန်ခံ နေရတယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ လက်ရှိအမှတ်ပေးဇယား အဆင့်-၃ နေရာမှာရှိနေတယ် ဆိုပေမယ့် ဘာစီလိုနာဟာ ဇယားထိပ်က အက်သလက်တီကိုထက် တစ်ပွဲပိုကစားထားပြီး ရမှတ် ၁၀ အထိကွာနေသေး တာကြောင့်လည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရဆဲပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက “ အဲလ်ချီအသင်းအနေနဲ့ ဂိုးရနိုင်တဲ့အခွင့်အရေးတွေ အများကြီး မရခဲ့ပါဘူး။ သူတို့ရခဲ့တဲ့ တစ်ကြိမ်ကလည်း အသင်းရဲ့ခံစစ်အမှားကနေတဆင့် ရသွားခဲ့တယ်ဆိုပေမယ့် တာစတီဂန်က အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ တစ်ဦးချင်းတွေနဲ့ ကန်သွင်းမှုတွေမှာတောင် တာစတီဂန်က အကောင်းဆုံး ကာ ကွယ်နိုင်ပါတယ်။ ဘာစီလိုနာမှာ သူရှိတာက အသင်းအတွက် ကံကောင်းစေတာပါပဲလို့ ပြောသွားခဲ့ပါတယ်။

zawgyi version

တာစတီဂန္ရွိေနတာက ဘာစီလိုနာအတြက္ ကံေကာင္းတယ္လို႔ ေျပာခဲ့တဲ့ ေရာ္နယ္ကိုးမန္း
ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက အဲလ္ခ်ီကို ႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲအၿပီးမွာေတာ့ အသင္းမွာ ဂိုးသမားတာစတီ ဂန္ရွိတာက ကံေကာင္းမႈတစ္ခုျဖစ္ၿပီး အဲလ္ခ်ီကိုအႏိုင္ရခဲ့တာဟာ သူရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ ျဖစ္တယ္ဆိုၿပီး ခ်ီးက်ဴး သြားခဲ့ပါတယ္။ ဘာစီလိုနာဟာ ကြင္းလယ္လူ ဒီေဂ်ာင္ရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ေပမယ့္ ဒုတိယပိုင္းအစမွာ အဲလ္ခ်ီတိုက္ စစ္မွဴး ရီဂိုနီရဲ႕ ေခ်ပဂိုးရႏိုင္ေလာက္တဲ့အခြင့္အေရးကို တာစတီဂန္လက္စြမ္းျပသြားခဲ့လို႔သာ ဘာစီလိုနာတို႔ ေခ်ပဂိုးမေပးခဲ့ ရတာျဖစ္ပါတယ္။
ဘာစီလိုနာဟာ အဲလ္ခ်ီနဲ႔ မကစားခင္ေနာက္ဆံုးကစားခဲ့တဲ့ ဘီလ္ဘာအိုနဲ႔ စပိန္စူပါဖလား ဗိုလ္လုပြဲ၊ ေကာ္နယ္လာနဲ႔ ကစားခဲ့ စပိန္ဘုရင့္ဖလားေတြမွာ သာမာန္ပြဲခ်ိန္အတြင္း အႏိုင္မရခဲ့တာေၾကာင့္ အခ်ိန္ပိုေတြဆက္ကစားခဲ့ရလို႔ ေဝဖန္ခံ ေနရတယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။ လက္ရွိအမွတ္ေပးဇယား အဆင့္-၃ ေနရာမွာရွိေနတယ္ ဆိုေပမယ့္ ဘာစီလိုနာဟာ ဇယားထိပ္က အက္သလက္တီကိုထက္ တစ္ပြဲပိုကစားထားၿပီး ရမွတ္ ၁၀ အထိကြာေနေသး တာေၾကာင့္လည္း ဖိအားေတြနဲ႔ ရင္ဆိုင္ေနရဆဲပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက “ အဲလ္ခ်ီအသင္းအေနနဲ႔ ဂိုးရႏိုင္တဲ့အခြင့္အေရးေတြ အမ်ားႀကီး မရခဲ့ပါဘူး။ သူတို႔ရခဲ့တဲ့ တစ္ႀကိမ္ကလည္း အသင္းရဲ႕ခံစစ္အမွားကေနတဆင့္ ရသြားခဲ့တယ္ဆိုေပမယ့္ တာစတီဂန္က အေကာင္းဆံုး ကာကြယ္ႏိုင္ခဲ့ပါတယ္။ တစ္ဦးခ်င္းေတြနဲ႔ ကန္သြင္းမႈေတြမွာေတာင္ တာစတီဂန္က အေကာင္းဆံုး ကာ ကြယ္ႏိုင္ပါတယ္။ ဘာစီလိုနာမွာ သူရွိတာက အသင္းအတြက္ ကံေကာင္းေစတာပါပဲလို႔ ေျပာသြားခဲ့ပါတယ္။