ဒီရာသီကုန်ရင် ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာချင်နေတဲ့ နောက်ခံလူ ဗာရာနီ

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရာနီဟာ စိန်ခေါ်မှုတွေ ရှာဖွေချင်တဲ့အတွက် အသင်းကနေ ထွက်ခွာချင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဗဟိုနောက်ခံလူဟာ ရီးရဲလ်မက်ဒရစ်အသင်း ဆီ ၂၀၁၁ ခုနှစ် အသက် ၁၇ နှစ်အရွယ်က ရောက်ရှိလာသူဖြစ်ပြီး ပွဲပေါင်း ၃၅၃ ပွဲကစားကာ ဆုဖလား (၁၈) လုံး ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။

သို့သော်လည်း ပြင်သစ်ကစားသမားဟာ ရီးရဲလ်ကစားသမားဘ၀ အဆုံးသတ်ကို ရောက်ပြီလို့ ယုံကြည်ထားပြီး ဘာနေဗျူးကနေ ထွက်ခွာ၍ စိန်ခေါ်မှုအသစ်ကို ရှာဖွေရန် အချိန်ကျရောက်ပြီလို့ ခံစားနေရပါတယ်။ ဗာရာနီရဲ့ စာချုပ်သက်တမ်းကလည်း ၂၀၂၁-၂၂ ဘောလုံးရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း အသက် ၂၇ နှစ်အရွယ်ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးချင်လို့ ရောင်းချချင်နေတာဖြစ်ပါတယ်။

ဇီဒန်းကတော့ ဗာရာနီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိထားတယ်လို့ ပြောခဲ့ပါသေးတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက နောက်ထပ် နောက်ခံလူ အသင်းခေါင်းဆောင် ရာမိုစ့်ကလည်း ဒီရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

ရာသီကုန္ ရီးရဲလ္မက္ဒရစ္အသင္းကေန ထြက္ခြာခ်င္ေနတ့ဲ ေနာက္ခံလူ ဗာရာနီ

ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ဗာရာနီဟာ စိန္ေခၚမႈေတြ ရွာေဖြခ်င္တဲ့အတြက္ အသင္းကေန ထြက္ခြာခ်င္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဗဟိုေနာက္ခံလူဟာ ရီးရဲလ္မက္ဒရစ္အသင္း ဆီ ၂၀၁၁ ခုႏွစ္ အသက္ ၁၇ ႏွစ္အရြယ္က ေရာက္ရွိလာသူျဖစ္ၿပီး ပြဲေပါင္း ၃၅၃ ပြဲကစားကာ ဆုဖလား (၁၈) လံုး ဆြတ္ခူးႏိုင္ခဲ့သူ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ျပင္သစ္ကစားသမားဟာ ရီးရဲလ္ကစားသမားဘ၀ အဆံုးသတ္ကို ေရာက္ၿပီလို႔ ယံုၾကည္ထားၿပီး ဘာေနဗ်ဴးကေန ထြက္ခြာ၍ စိန္ေခၚမႈအသစ္ကို ရွာေဖြရန္ အခ်ိန္က်ေရာက္ၿပီလို႔ ခံစားေနရပါတယ္။ ဗာရာနီရဲ႕ စာခ်ဳပ္သက္တမ္းကလည္း ၂၀၂၁-၂၂ ေဘာလံုးရာသီမွာ ကုန္ဆံုးမွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းကလည္း အသက္ ၂၇ ႏွစ္အရြယ္ကစားသမားကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ မဆံုးရႈံးခ်င္လို႔ ေရာင္းခ်ခ်င္ေနတာျဖစ္ပါတယ္။

ဇီဒန္းကေတာ့ ဗာရာနီနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြရွိထားတယ္လို႔ ေျပာခဲ့ပါေသးတယ္။ ရီးရဲလ္မက္ဒရစ္အသင္းက ေနာက္ထပ္ ေနာက္ခံလူ အသင္းေခါင္းေဆာင္ ရာမိုစ့္ကလည္း ဒီရာသီအကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ပါတယ္။