ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

နည်းပြ ဇီဒန်းဆီမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက ကြေညာခဲ့ပါတယ်။ စပိန်လာလီဂါချန်ပီယံအသင်းဟာ အဆိုပါ ကြေညာချက်ကို သောကြာနေ့မနက်ကပဲ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပြင်သစ်လူမျိုးနည်းပြကြီးဟာ စနေနေ့ ရီးရဲလ်မက်ဒရစ် နဲ့ အလာဗက်စ်ကစားမယ့်ပွဲကို ဘေးကနေ ကြီးကြပ်နိုင်မှာ မဟုတ်တော့ပါဘူး။

ဒါ့အပြင် သူဟာ ဇန်နဝါရီ ၃၀ ရက်နေ့ ကစားမယ့် လီဗန်တေး နဲ့ ပွဲကိုလည်း နည်းပြအဖြစ် တာဝန်ယူနိုင်မှာ မဟုတ်လောက်ဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ (၂) ရက်ကပဲ ရီးရဲလ်မက်ဒရစ်နောက်ခံလူ နာချိုဖာနန်ဒက်ဇ်ဟာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပါသေးတယ်။ ဇီဒန်းဟာ သူ့ကို ဒီလအစပိုင်းမှာ ကစားခဲ့တဲ့ အိုဆာဆူနာအသင်းနဲ့ပွဲမှာ အရန်ခုံမှာ ထိုင်စေခဲ့တာ ဖြစ်ပါတယ်။

ကြားရက်ကမှ ကိုပါဒဲလ်ရေးဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ချန်ပီယံလိဂ်ဖလား (၃) လုံး ရရှိထားတဲ့ နည်းပြကြီးဟာ အခုအချိန်မှာတော့ သီးသန့်နေထိုင်ပြီး ကုသမှုကို ခံနေရတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါမှာလည်း မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းက ဇယားထိပ်မှာ (၇) မှတ်ဖြတ်ပြီး ဦးဆောင်ခြင်းကို ခံထားရတာဖြစ်ပါတယ်။

ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းမွာ ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႕ရွိ

နည္းျပ ဇီဒန္းဆီမွာ ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႕ရွိခ့ဲတယ္လို႔ ရီးရဲလ္မက္ဒရစ္အသင္းက ေၾကညာခဲ့ပါတယ္။ စပိန္လာလီဂါခ်န္ပီယံအသင္းဟာ အဆိုပါ ေၾကညာခ်က္ကို ေသာၾကာေန႔မနက္ကပဲ သတင္းထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ျပင္သစ္လူမ်ိဳးနည္းျပႀကီးဟာ စေနေန႔ ရီးရဲလ္မက္ဒရစ္ နဲ႔ အလာဗက္စ္ကစားမယ့္ပြဲကို ေဘးကေန ႀကီးၾကပ္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။

ဒါ့အျပင္ သူဟာ ဇန္နဝါရီ ၃၀ ရက္ေန႔ ကစားမယ့္ လီဗန္ေတး နဲ႔ ပြဲကိုလည္း နည္းျပအျဖစ္ တာ၀န္ယူႏိုင္မွာ မဟုတ္ေလာက္ဘူးလို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ (၂) ရက္ကပဲ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ နာခ်ိဳဖာနန္ဒက္ဇ္ဟာ ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ပါေသးတယ္။ ဇီဒန္းဟာ သူ႔ကို ဒီလအစပိုင္းမွာ ကစားခ့ဲတဲ့ အိုဆာဆူနာအသင္းနဲ ႔ပြဲမွာ အရန္ခံုမွာ ထိုင္ေစခဲ့တာ ျဖစ္ပါတယ္။

ၾကားရက္ကမွ ကိုပါဒဲလ္ေရးဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတဲ့ ခ်န္ပီယံလိဂ္ဖလား (၃) လံုး ရရွိထားတဲ့ နည္းျပႀကီးဟာ အခုအခ်ိန္မွာေတာ့ သီးသန္႔ေနထိုင္ၿပီး ကုသမႈကို ခံေနရတယ္လို႔ သိရပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ လာလီဂါမွာလည္း ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုမက္ဒရစ္အသင္းက ဇယားထိပ္မွာ (၇) မွတ္ျဖတ္ၿပီး ဦးေဆာင္ျခင္းကို ခံထားရတာျဖစ္ပါတယ္။