ဘာတိုမီယူကြောင့် ပြိုင်ဘက် အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်


နွေရာသီအပြောင်းအရွှေ့တုန်းက ဘာစီလိုနာကနေ ထွက်ပြီး ပြိုင်ဘက်အက်သလက်တီကိုအသင်းထံကို ပြောင်းရွှေ့ဖြစ် ခဲ့တဲ့ တိုက်စစ်မှူးဆွာရက်ဇ်က ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်အသင်းအဖြစ်တဲ့ အက်သလက်တီကိုအသင်းထံကို ပြောင်းရွှေ့ခဲ့တာဟာ အသင်းဥက္ကဌဟောင်း ဘာတိုမီယူကြောင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဆွာရက်ဇ်ရဲ့ စာချုပ်ပါ အ ချက်အလက်တွေထဲမှာ ဘာစီလိုနာကထွက်ရင် ပြောင်းခွင့်မရတဲ့အသင်းတွေလည်း ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။


ဆွာရက်ဇ်ရဲ့ စာချုပ်အရ မပြောင်းရွှေ့ရတဲ့အထဲမှာ ယူနိုက်တက်၊ မန်စီးတီး၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်အသင်းတွေ ပါဝင်ခဲ့တာ ဖြစ်တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းက ဆွာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် လီဗာပူး အသင်းမှာ ကစားခဲ့ဖူးတဲ့ ဆွာရက်ဇ်က မပြောင်းရွှေ့ချင်သလို ယူနိုက်တက်ပရိသတ်တွေကလည်း နောက်ခံလူဟောင်း အီဗရာနဲ့ ပြဿနာတက်ဖူးတာကြောင့် မခေါ်ချင်ခဲ့ဘူးလို့လည်း သိရပါတယ်။


ဆွာရက်ဇ်အနေနဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ဘာသာစကားအခက်အခဲနဲ့ နိုင်ငံကူးလက်မှတ် အဆင်မပြေမှုတွေကြောင့် မပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆုံးမှာတော့ အက်သလက်တီကို အသင်းကိုပြောင်းရွှေ့ဖို့ ဆွာရက်ဇ်အနေနဲ့ ရွေးချယ်ခဲ့တာကြောင့် ဥက္ကဌဟောင်း ဘာတိုမီယူအနေနဲ့ မပျော်မရွှင်ဖြစ်ခဲ့ရ တယ်ဆိုပြီး AS သတင်းစာက ဖော်ပြခဲ့ပါတယ်။

zawgyi version

ဘာတိုမီယူေၾကာင့္ ၿပိဳင္ဘက္ အက္သလက္တီကိုအသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ ဘာစီလိုနာတိုက္စစ္မွဴးေဟာင္း ဆြာရက္ဇ္
ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ဘာစီလိုနာကေန ထြက္ၿပီး ၿပိဳင္ဘက္အက္သလက္တီကိုအသင္းထံကို ေျပာင္းေရႊ႕ျဖစ္ ခဲ့တဲ့ တိုက္စစ္မွဴးဆြာရက္ဇ္က ခ်န္ပီယံဆုအတြက္ အဓိကၿပိဳင္ဘက္အသင္းအျဖစ္တဲ့ အက္သလက္တီကိုအသင္းထံကို ေျပာင္းေရႊ႕ခဲ့တာဟာ အသင္းဥကၠဌေဟာင္း ဘာတိုမီယူေၾကာင္းျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ဆြာရက္ဇ္ရဲ႕ စာခ်ဳပ္ပါ အ ခ်က္အလက္ေတြထဲမွာ ဘာစီလိုနာကထြက္ရင္ ေျပာင္းခြင့္မရတဲ့အသင္းေတြလည္း ပါဝင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဆြာရက္ဇ္ရဲ႕ စာခ်ဳပ္အရ မေျပာင္းေရႊ႕ရတဲ့အထဲမွာ ယူႏိုက္တက္၊ မန္စီးတီး၊ ပီအက္စ္ဂ်ီနဲ႔ ရီးရဲလ္အသင္းေတြ ပါဝင္ခဲ့တာ ျဖစ္တယ္လို႔ ESPN က ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္အသင္းက ဆြာရက္ဇ္ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ လီဗာပူး အသင္းမွာ ကစားခဲ့ဖူးတဲ့ ဆြာရက္ဇ္က မေျပာင္းေရႊ႕ခ်င္သလို ယူႏိုက္တက္ပရိသတ္ေတြကလည္း ေနာက္ခံလူေဟာင္း အီဗရာနဲ႔ ျပႆနာတက္ဖူးတာေၾကာင့္ မေခၚခ်င္ခဲ့ဘူးလို႔လည္း သိရပါတယ္။
ဆြာရက္ဇ္အေနနဲ႔ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ခဲ့ေပမယ့္ ဘာသာစကားအခက္အခဲနဲ႔ ႏိုင္ငံကူးလက္မွတ္ အဆင္မေျပမႈေတြေၾကာင့္ မေျပာင္းေရႊ႕ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ေနာက္ဆံုးမွာေတာ့ အက္သလက္တီကို အသင္းကိုေျပာင္းေရႊ႕ဖို႔ ဆြာရက္ဇ္အေနနဲ႔ ေရြးခ်ယ္ခဲ့တာေၾကာင့္ ဥကၠဌေဟာင္း ဘာတိုမီယူအေနနဲ႔ မေပ်ာ္မရႊင္ျဖစ္ခဲ့ရ တယ္ဆိုၿပီး AS သတင္းစာက ေဖာ္ျပခဲ့ပါတယ္။