ပီအက်စ်ဂျီက မက်ဆီအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်လိမ့်မယ်လို့ ဆိုလိုက်တဲ့ ဘာစီလိုနာ ကစားသမားဟောင်းကြီး ရီဗယ်ဒို

လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မက်ဆီဟာ အခုအချိန်မှာ အခြားကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ ကိစ္စအတွက် လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရှိထားပါတယ်။ ဘရာဇီးဂန္တဝင်ကစားသမားဟောင်းကြီး ဖြစ်တဲ့ ရီဗယ်ဒိုက ပီအက်စ်ဂျီအသင်းက အာဂျင်တီးနားကစားသမားအတွက် အရမ်းကောင်းတဲ့ ရွေးချယ်မှု ဖြစ်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

မက်ဆီကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ လီဂူး ၁ ကလပ်အသင်းကလည်း တစ်သင်းဖြစ်နေပြီး ရီဗယ်ဒိုကလည်း သင့်တော်တယ်လို့ ထင်နေပါတယ်။

“ပီအက်စ်ဂျီအသင်းက မက်ဆီအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုဖြစ်မှာပါ။ အထူးသဖြင့် ပီအက်စ်ဂျီနည်းပြပိုချက်တီနိုက လည်း အာဂျင်တီးနားလူမျိုးဖြစ်နေလို့ပါ။ မက်ဆီအနေနဲ့လည်း သူ့သူငယ်ချင်း နေမာ နဲ့ ပြန်လည်ဆုံတွေ့ခွင့်ရမှာပါ။

ဒါ့ကြောင့် ပီအက်စ်ဂျီအသင်းကသာ သူ့ကို ကမ်းလှမ်းလာမယ်ဆိုရင် အနည်းငယ်သော အကြောင်းပြချက်ကြောင့် သူ့အနေနဲ့ လက်ခံသွားနိုင်ပါတယ်။ ဒ့ါအပြင် လီဂူး ၁ က ပရီးမီးယားလိဂ် နဲ့ လာလီဂါ တို့ထက် ပိုပြီးပြိုင်ဆိုင်မှု နည်းလို့ သူအတွက် ပိုအဆင်ပြေပါတယ်။ အင်အားလည်း သိပ်ချွေတာစရာမလိုလို့ ချန်ပီယံလိဂ်အတွက်လည်း ပိုပြီး အာရုံစိုက်လို့ရမှာပါ” လို့ ရီဗယ်ဒိုက ပြောသွားခဲ့တာဖြစ်ပါတယ်။




