အမ်ဘာပေ ကို ခေါ်နိုင်လောက်တဲ့ ငွေကြေးကို ဘာစီလိုနာအသင်း မတတ်နိုင်ဘူးလို့ ဆိုလိုက်တဲ့ ဥက္ကဌဝင်ရွေးခံသူ ပြောဆို

ဘာစီလိုနာဥက္ကဌအဖြစ် ဝင်ရောက်အရွေးခံတဲ့ ဖွန့်က ဘာစီလိုနာအသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီက အမ်ဘာပေကို ခေါ်နိုင်လောက်အောင် မချမ်းသာဘူးလို့ ပြောသွားခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးရဲ့ ပီအက်စ်ဂျီအသင်းနဲ့ လက်ရှိ စာချုပ်သက်တမ်းက ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် နှစ်ဦးနှစ်ဖက် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု မရသေးဘူး ဖြစ်ပါတယ်။

“ ကျွန်တော်တို့ အမ်ဘာပေးကို မခေါ်ယူနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလောက် ပိုက်ဆံမရှိလို့ပါ။ ကျွန်တော်တို့အနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့ ကစားသမားတွေကိုပဲ စောင့်ကြည့်နေရပါတယ်” လို့ ဖွန့် က ပြောသွားခဲ့ပါတယ်။


