ဇီဒန်းအနေနဲ့ ကိုယ်တာဝန်ကိုယ် ယူတယ်ဆိုရင် ရာထူးကနေ နုတ်ထွက်သင့်တယ်ဆိုပြီး ဖိအားပေးခံနေရ


ပြီးခဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲစဉ်မှာတော့ လာလီဂါချန်ပီယံ ရီးရဲလ်ဟာ ဆီဂန်ဒါဘီကလပ် အယ်ကို ယာနိုနဲ့ ကစားခဲ့ရပေမယ့် ပွဲချိန်အတွင်းအနိုင်မရခဲ့ဘဲ အချိန်ပိုမှာ အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။ လက်ရှိမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ ရီးရဲလ်အတွက် အယ်ကိုယာနိုလို အသင်းငယ်လေးကို ရှုံးခဲ့ပြီးမှာတော့ နည်းပြ ဇီဒန်းအနေနဲ့ ကိုယ်တာဝန်ကိုယ် ယူတယ်ဆိုရင် ရာထူးကနေ နုတ်ထွက်သင့်တယ်လို့ သတင်းတွေက ဖိအားပေးခံ နေရ တယ်လို့ သိရပါတယ်။


အယ်ကိုယာနိုနဲ့ ပွဲမှာ ရီးရဲလ်အနေနဲ့ လူငယ်ကစားသမားအများစုကို အသုံးပြုပြီး ပွဲထွက်ကစားစေခဲ့ပေမယ့် ဘင်ဇီမာ၊ ဟာဇက်၊တိုနီခရူးစ်တို့ကိုလည်း လူစားလဲကစားခိုင်းခဲ့ပေမယ့် အနိုင်မရခဲ့ဘဲ ပြိုင်ပွဲကထွက်ခဲ့ရတာဖြစ်ပါတယ်။ ရီးရဲလ်ဟာ ၂၀၀၈ ခုနှစ်ကလည်း စပိန်ဘုရင့်ဖလား တတိယအဆင့်မှာ အသင်းငယ် ရီးရဲလ်ယူနီယံ ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရဖူးပါတယ်။ အဲ့တုန်းက ရီးရဲလ်ဟာ ရီးရဲလ်ယူနီယံကို အဝေးကွင်းမှာ သုံးဂိုးနှစ်ဂိုးနဲ့ ရှုံးခဲ့ပြီး အိမ်ကွင်းမှာ လေးဂိုးသုံးဂိုးနဲ့ ပြန်အနိုင်ရခဲ့ပေ မယ့် အဝေးဂိုး စည်းမျဉ်းနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ရီးရဲလ်ဟာ စပိန်စူပါဖလားပြိုင်ပွဲတုန်းက ဘီလ်ဘာအိုအသင်းကို ရှုံးပြီးပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် ဝေဖန်ခံနေရသလို နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာလည်းနိုင်ပွဲတစ်ပွဲပဲ ရခဲ့တာကြောင့် ဇီဒန်းအနေနဲ့ ကိုယ်တာဝန်ကိုယ်ယူပြီး နည်းပြ ရာထူးကနေ နုတ်ထွက်သင့်တယ်လို့ သတင်းတွေကဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ မာကာသတင်းစာရဲ့ ဖော်ပြမှုအရတော့ ရီးရဲလ်ပရိသတ် ၂၉၀၀၀ ကို စစ်တမ်းကောက်ယူရာမှာတော့ ဇီဒန်းကိုရာထူးက ထုတ်ပယ်ဖို့ လက်ခံတဲ့ရာခိုင်နှုန်းက ၆၅ ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့ သိရပါတယ်။

zawgyi version

ဇီဒန္းအေနနဲဲ႔ ကိုယ္တာဝန္ကိုယ္ ယူတယ္ဆိုရင္ ရာထူးကေန ႏုတ္ထြက္သင့္တယ္ဆိုၿပီး ဖိအားေပးခံေနရ
ၿပီးခဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ စပိန္ဘုရင့္ဖလားပြဲစဥ္မွာေတာ့ လာလီဂါခ်န္ပီယံ ရီးရဲလ္ဟာ ဆီဂန္ဒါဘီကလပ္ အယ္ကို ယာႏိုနဲ႔ ကစားခဲ့ရေပမယ့္ ပြဲခ်ိန္အတြင္းအႏိုင္မရခဲ့ဘဲ အခ်ိန္ပိုမွာ အေရးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲကေနထြက္ခဲ့ရပါတယ္။ လက္ရွိမွာ ပံုမွန္ေျခစြမ္းေပ်ာက္ဆံုးေနတဲ့ ရီးရဲလ္အတြက္ အယ္ကိုယာႏိုလို အသင္းငယ္ေလးကို ရႈံးခဲ့ၿပီးမွာေတာ့ နည္းျပ ဇီဒန္းအေနနဲ႔ ကိုယ္တာဝန္ကိုယ္ ယူတယ္ဆိုရင္ ရာထူးကေန ႏုတ္ထြက္သင့္တယ္လို႔ သတင္းေတြက ဖိအားေပးခံ ေနရ တယ္လို႔ သိရပါတယ္။
အယ္ကိုယာႏိုနဲ႔ ပြဲမွာ ရီးရဲလ္အေနနဲ႔ လူငယ္ကစားသမားအမ်ားစုကို အသံုးျပဳၿပီး ပြဲထြက္ကစားေစခဲ့ေပမယ့္ ဘင္ဇီမာ၊ ဟာဇက္၊တိုနီခ႐ူးစ္တို႔ကိုလည္း လူစားလဲကစားခိုင္းခဲ့ေပမယ့္ အႏိုင္မရခဲ့ဘဲ ၿပိဳင္ပြဲကထြက္ခဲ့ရတာျဖစ္ပါတယ္။ ရီးရဲလ္ဟာ ၂၀၀၈ ခုႏွစ္ကလည္း စပိန္ဘုရင့္ဖလား တတိယအဆင့္မွာ အသင္းငယ္ ရီးရဲလ္ယူနီယံ ရႈံးၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရဖူးပါတယ္။ အဲ့တုန္းက ရီးရဲလ္ဟာ ရီးရဲလ္ယူနီယံကို အေဝးကြင္းမွာ သံုးဂိုးႏွစ္ဂိုးနဲ႔ ရႈံးခဲ့ၿပီး အိမ္ကြင္းမွာ ေလးဂိုးသံုးဂိုးနဲ႔ ျပန္အႏိုင္ရခဲ့ေပ မယ့္ အေဝးဂိုး စည္းမ်ဥ္းနဲ႔ ၿပိဳင္ပြဲက ထြက္ခဲ့ရတာ ျဖစ္ပါတယ္။
ရီးရဲလ္ဟာ စပိန္စူပါဖလားၿပိဳင္ပြဲတုန္းက ဘီလ္ဘာအိုအသင္းကို ရႈံးၿပီးၿပိဳင္ပြဲက ထြက္ခဲ့ရတာေၾကာင့္ ေဝဖန္ခံေနရသလို ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံု ၅ ပြဲမွာလည္းႏိုင္ပြဲတစ္ပြဲပဲ ရခဲ့တာေၾကာင့္ ဇီဒန္းအေနနဲ႔ ကိုယ္တာဝန္ကိုယ္ယူၿပီး နည္းျပ ရာထူးကေန ႏုတ္ထြက္သင့္တယ္လို႔ သတင္းေတြကေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။ မာကာသတင္းစာရဲ႕ ေဖာ္ျပမႈအရေတာ့ ရီးရဲလ္ပရိသတ္ ၂၉၀၀၀ ကို စစ္တမ္းေကာက္ယူရာမွာေတာ့ ဇီဒန္းကိုရာထူးက ထုတ္ပယ္ဖို႔ လက္ခံတဲ့ရာခိုင္ႏႈန္းက ၆၅ ရာခိုင္ႏႈန္းအထိရွိခဲ့တယ္လို႔ သိရပါတယ္။