မက်ဆီကိုခေါ်ချင်ရင် နေမာနဲ့ အမ်ဘတ်ပီ ထဲက တစ်ယောက်ကို ပြန်ပေးရမယ်လို့ တုံ့ပြန်လိုက်တဲ့ ရော်နယ်ကိုးမန်း


ဘာစီလိုနာအသင်းနည်းပြ ရော်နယ်ကိုးမန်းက မက်ဆီကိုခေါ်ယူဖို့အတွက် အမြဲတမ်းအလိုရှိခဲ့တယ်လို့ ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုရဲ့ ရေးသားမှုအတွက် မက်ဆီကိုခေါ်ယူချင်ပါက နေမာနဲ့ အမ်ဘတ်ပီတို့ နှစ်ယောက်ထဲက တစ်ယောက်ကို ပြန်ပေးရမယ်လို့ တုံ့ပြန်ခဲ့ကြောင်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဘာစီလိုနာက ထွက်ဖို့သ တင်းတွေ ထွက်နေတဲ့ မက်ဆီကို မန်စီးတီးနဲ့အပြိုင် ပီအက်စ်ဂျီကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။


ဘာစီလိုနာအသင်းနဲ့ လာမယ့်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့ မက်ဆီဟာ စာချုပ်သစ်ချုပ်ဆိုရခြင်းမရှိသေး တာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အခြားကလပ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် အကြိုသဘောတူညီမှုပြုလုပ်လို့ ရတယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဘာစီလိုနာအသင်းပရိသတ်တွေနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကတော့ မက်ဆီကို လာလီဂါမှာ ဆက်ကစားဖို့ အလိုရှိနေတယ်လို့လည်း သိရပါတယ်။


ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာ လီယိုနာဒိုက ပြင်သစ်ဘောလုံးသတင်းစာတစ်စောင်ကနေ မက်ဆီလိုကစားသ မားမျိုးကို အသင်းတိုင်းကအလိုရှိတာကြောင့် ပီအက်စ်ဂျီအသင်းကလည်း အလိုရှိပါတယ်လို့ ပြောခဲ့အပြီး ကော်နယ်လာနဲ့ ကစားဖို့ ရှိတဲ့ စပိန်ဘုရင့်ဖလားပွဲမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရော်နယ်ကိုးမန်းက “လီယိုနာဒိုပြောခဲ့ သလိုပဲ ဘာစီလိုနာကလည်း နေမာ မဟုတ်ရင် အမ်ဘတ်ပီကို အမြဲတမ်းအလိုရှိခဲ့တယ်လို့ပဲ ပြန်ပြောရမှာပါ” ဆိုပြီးပြော သွားခဲ့ပါတယ်။

zawgyi version

မက္ဆီကိုေခၚခ်င္ရင္ ေနမာနဲ႔ အမ္ဘတ္ပီ ထဲက တစ္ေယာက္ကို ျပန္ေပးရမယ္လို႔ တံု႔ျပန္လိုက္တဲ့ ေရာ္နယ္ကိုးမန္း
ဘာစီလိုနာအသင္းနည္းျပ ေရာ္နယ္ကိုးမန္းက မက္ဆီကိုေခၚယူဖို႔အတြက္ အၿမဲတမ္းအလိုရွိခဲ့တယ္လို႔ ပီအက္စ္ဂ်ီအသင္း အားကစားဒါ႐ိုက္တာ လီယိုနာဒိုရဲ႕ ေရးသားမႈအတြက္ မက္ဆီကိုေခၚယူခ်င္ပါက ေနမာနဲ႔ အမ္ဘတ္ပီတို႔ ႏွစ္ေယာက္ထဲက တစ္ေယာက္ကို ျပန္ေပးရမယ္လို႔ တံု႔ျပန္ခဲ့ေၾကာင္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ဘာစီလိုနာက ထြက္ဖို႔သ တင္းေတြ ထြက္ေနတဲ့ မက္ဆီကို မန္စီးတီးနဲ႔အၿပိဳင္ ပီအက္စ္ဂ်ီကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။
ဘာစီလိုနာအသင္းနဲ႔ လာမယ့္ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္တဲ့ မက္ဆီဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရျခင္းမရွိေသး တာေၾကာင့္ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အျခားကလပ္အသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ အႀကိဳသေဘာတူညီမႈျပဳလုပ္လို႔ ရတယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ဘာစီလိုနာအသင္းပရိသတ္ေတြနဲ႔ စပိန္ေဘာလံုးအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူေတြကေတာ့ မက္ဆီကို လာလီဂါမွာ ဆက္ကစားဖို႔ အလိုရွိေနတယ္လို႔လည္း သိရပါတယ္။
ပီအက္စ္ဂ်ီအသင္းအားကစားဒါ႐ိုက္တာ လီယိုနာဒိုက ျပင္သစ္ေဘာလံုးသတင္းစာတစ္ေစာင္ကေန မက္ဆီလိုကစားသ မားမ်ိဳးကို အသင္းတိုင္းကအလိုရွိတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းကလည္း အလိုရွိပါတယ္လို႔ ေျပာခဲ့အၿပီး ေကာ္နယ္လာနဲ႔ ကစားဖို႔ ရွိတဲ့ စပိန္ဘုရင့္ဖလားပြဲမတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ေရာ္နယ္ကိုးမန္းက “လီယိုနာဒိုေျပာခဲ့ သလိုပဲ ဘာစီလိုနာကလည္း ေနမာ မဟုတ္ရင္ အမ္ဘတ္ပီကို အၿမဲတမ္းအလိုရွိခဲ့တယ္လို႔ပဲ ျပန္ေျပာရမွာပါ” ဆိုၿပီးေျပာ သြားခဲ့ပါတယ္။