ဘာစီလိုနာကို မပြောင်းနဲ့လို့ လော်တရိုမာတီနက်ဇ်ကို သတိပေးလိုက်တဲ့ အင်တာမီလန်တိုက်စစ်မှူးဟောင်း ခရက်စ်ပို

အင်တာမီလန်တိုက်စစ်မှူးဟောင်း ခရက်စ်ပိုက ဒီရာသီမှာ အင်တာ နဲ့ အေစီ (၂) သင်းဟာ စီးရီးအေ၌ ဂျူဗင်တပ်စ်အသင်းရဲ့ လွှမ်းမိုးထားမှုကို ချိုးဖျက်နိုင်မယ်လို့ မျှော်လင့်ထားပြီး အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်အနေနဲ့လည်း ဘာစီလိုနာကို ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ မျှော်လင့်နေပါတယ်။ ခရက်စ်ပိုဟာ စီးရီးအေမှာ ကစားခဲ့တုန်းက ပွဲပေါင်း (၃၄၀) ကစားခဲ့ပြီး (၁၅၃) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။ သူဟာ အင်တာမီလန်၊ ပါးမား ၊ လာဇီယို နဲ့ ဂျီနိုအာအသင်းတို့ဆီမှာကစားပေးခဲ့တာပါ။

“ နှစ်ပေါင်းများစွာ ဂျူဗင်တပ်စ်အသင်းရဲ့ လွှမ်းမိုးမှုကို ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့ မီလန်မြို့အတွက် ကျွန်တော် ကျေနပ်ပါတယ်။ အခု စီးရီးအေ အမှတ်ပေးဖလားကို အင်တာမီလန် နဲ့ အေစီမီလန်တို့က မျှော်လင့်လို့ရနေပြီဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ ဂျူဗင်တပ်စ်နဲ့ ကစားခဲ့တဲ့ပွဲတုန်းက အရမ်းကို ကောင်းမွန်ခဲ့ပါတယ်။ သူတို့ဟာ အနိုင်ရရုံသာမကာ ပွဲကိုလည်း အကောင်းဆုံး လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

လော်တရိုအတွက်တော့ ကျွန်တော်ကတော့ ဘာစီလိုနာအသင်းကို မပြောင်းဖို့ အကြံပေးပါတယ်။ လော်တရိုက အခုအချိန်မှာ အကောင်းဆုံး အဆုံးသတ်နိုင်တဲ့ တိုက်စစ်ကစားသမားပါ။ သူ့လို တိုက်စစ်မှူး များများစားစားမရှိပါဘူး” လို့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းက ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာကို မေျပာင္းနဲ႔လို႔ ေလာ္တ႐ိုမာတီနက္ဇ္ကို သတိေပးလိုက္တဲ့ အင္တာမီလန္တိုက္စစ္မွဴးေဟာင္း ခရက္စ္ပို

အင္တာမီလန္တိုက္စစ္မွဴးေဟာင္း ခရက္စ္ပိုက ဒီရာသီမွာ အင္တာ နဲ႔ ေအစီ (၂) သင္းဟာ စီးရီးေအ၌ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ လႊမ္းမိုးထားမႈကို ခ်ိဳးဖ်က္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားၿပီး အင္တာမီလန္တိုက္စစ္မွဴး မာတီနက္ဇ္အေနနဲ႔လည္း ဘာစီလိုနာကို ေျပာင္းေရႊ႕မွာ မဟုတ္ဘူးလို႔ ေမွ်ာ္လင့္ေနပါတယ္။ ခရက္စ္ပိုဟာ စီးရီးေအမွာ ကစားခဲ့တုန္းက ပြဲေပါင္း (၃၄၀) ကစားခ့ဲၿပီး (၁၅၃) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။ သူဟာ အင္တာမီလန္၊ ပါးမား ၊ လာဇီယို နဲ႔ ဂ်ီႏိုအာအသင္းတို႔ဆီမွာကစားေပးခဲ့တာပါ။

“ ႏွစ္ေပါင္းမ်ားစြာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ လႊမ္းမိုးမႈကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားေနတဲ့ မီလန္ၿမိဳ႕အတြက္ ကၽြန္ေတာ္ ေက်နပ္ပါတယ္။ အခု စီးရီးေအ အမွတ္ေပးဖလားကို အင္တာမီလန္ နဲ႔ ေအစီမီလန္တို႔က ေမွ်ာ္လင့္လို႔ရေနၿပီျဖစ္ပါတယ္။  အင္တာမီလန္အသင္းဟာ ဂ်ဴဗင္တပ္စ္နဲ႔ ကစားခဲ့တဲ့ပြဲတုန္းက အရမ္းကို ေကာင္းမြန္ခဲ့ပါတယ္။ သူတို႔ဟာ အႏိုင္ရရံုသာမကာ ပြဲကိုလည္း အေကာင္းဆံုး လႊမ္းမိုးထားႏိုင္ခဲ့ပါတယ္။

ေလာ္တ႐ိုအတြက္ေတာ့ ကၽြန္ေတာ္ကေတာ့ ဘာစီလိုနာအသင္းကို မေျပာင္းဖို႔ အၾကံေပးပါတယ္။ ေလာ္တ႐ိုက အခုအခ်ိန္မွာ အေကာင္းဆံုး အဆံုးသတ္ႏိုင္တဲ့ တိုက္စစ္ကစားသမားပါ။ သူ႔လို တိုက္စစ္မွဴး မ်ားမ်ားစားစားမရွိပါဘူး” လို႔ ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္းက ေျပာသြားခဲ့တာျဖစ္ပါတယ္။