မက်ဆီရဲ့ တစ်ပတ် ပေါင် ၅ သိန်းဆိုတဲ့ လစာက ပီအက်စ်ဂျီလို စူပါချမ်းသာ အသင်းအတွက်တောင် အရမ်းကို များပြားနေ

အာဂျင်တီးနား ကစားသမားအနေနဲ့ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာဖြစ်ပါက သူ့ကို ခေါ်ယူမယ့် အရမ်းချမ်းသာတဲ့ ပီအက်စ်ဂျီအသင်းအတွက် အလွန်ကို များပြားနေတာပဲဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် မက်ဆီဟာ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်ပေမယ့် သူ့ရဲ့ တစ်ပတ်လစာ ပေါင် ၅ သိန်းဆိုတဲ့ ပမာဏက ခေါ်နိုင်တဲ့အသင်း ရှားပါးနေပါတယ်။

မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာရန် ဆုံးဖြတ်လိုက်ပါက ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုကတော့ ခေါ်ယူရန် စိတ်ဝင်စားတယ်လို့ ပြောထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဘဏ္ဍာရေးခက်ခဲကျပ်တည်းနေတဲ့ အသင်းအတွက် အဟန့်အတားဖြစ်နိုင်တယ်လို့ သိရပါတယ်။

သတင်းမာျးအရ ပီအက်စ်ဂျီအသင်းရဲ့ ပိုင်ရှင် ကာတာအားကစား ရင်းနှီးမြုပ်နှံသူတွေက သူတို့ဟာ မက်ဆီအတွက် တတ်နိုင်ပါ့မလားလို့ သံသယဝင်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီအသင်းဟာ ပေါင်သန်း ၅၆၀ နဲ့ ကမ္ဘာ့အချမ်းသာဆုံးအဆင့် (၅) စာရင်းဝင်အသင်းဖြစ်ပေမယ့် မက်ဆီကို ခေါ်ယူပါက ယူအီးအက်ဖ်အေက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရဖွယ်ရှိနေပါတယ်။

လီဂူး ၁ ချန်ပီယံအသင်းဟာ ကိုဗစ်ရောဂါကြောင့် ကွင်းပိတ်ကစားနေရပြီး ဘဏ္ဍာရေးထိခိုက်မှုကို ခံရတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ မက်ဆိဟာ ဘာစီလိုနာအသင်းအတွက် ဒီရာသီမှာ (၂၂) ပွဲကစားထားပြီး (၁၄) ဂိုးသွင်းကာ (၆) ဂိုးဖန်တီးပေးထားပါတယ်။

မက္ဆီရဲ႕ တစ္ပတ္ ေပါင္ ၅ သိနး္ဆိုတဲ့ လစာက ပီအက္စ္ဂ်ီလို စူပါခ်မ္းသာ အသင္းအတြက္ေတာင္ အရမ္းကို မ်ားျပားေန

 

အာဂ်င္တီးနား ကစားသမားအေနနဲ႔ ဒီေႏြရာသီမွာ အသင္းကေန ထြက္ခြာျဖစ္ပါက သူ႔ကို ေခၚယူမယ့္ အရမ္းခ်မ္းသာတဲ့ ပီအက္စ္ဂ်ီအသင္းအတြက္ အလြန္ကို မ်ားျပားေနတာပဲျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ မက္ဆီဟာ ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္လို႔ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလို႔ရႏိုင္ေပမယ့္ သူ႔ရဲ႕ တစ္ပတ္လစာ ေပါင္ ၅ သိနး္ဆိုတဲ့ ပမာဏက ေခၚႏိုင္တဲ့အသင္း ရွားပါးေနပါတယ္။

မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းကေန ထြက္ခြာရန္ ဆံုးျဖတ္လိုက္ပါက ပီအက္စ္ဂ်ီအသင္းရဲ႕ အားကစားဒါ႐ိုက္တာ လီယိုနာဒိုကေတာ့ ေခၚယူရန္ စိတ္၀င္စားတယ္လို႔ ေျပာထားခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း သူ႔ရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ဘ႑ာေရးခက္ခဲက်ပ္တည္းေနတဲ့ အသင္းအတြက္ အဟန္႔အတားျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

သတင္းမာ်းအရ ပီအက္စ္ဂ်ီအသင္းရဲ႕ ပိုင္ရွင္ ကာတာအားကစား ရင္းႏွီးျမဳပ္ႏွံသူေတြက သူတို႔ဟာ မက္ဆီအတြက္ တတ္ႏိုင္ပါ့မလားလို႔ သံသယ၀င္ေနတာပဲျဖစ္ပါတယ္။ လက္ရွိမွာ ပီအက္စ္ဂ်ီအသင္းဟာ ေပါင္သန္း ၅၆၀ နဲ႔ ကမာၻ႕အခ်မ္းသာဆံုးအဆင့္ (၅) စာရင္း၀င္အသင္းျဖစ္ေပမယ့္ မက္ဆီကို ေခၚယူပါက ယူအီးအက္ဖ္ေအက ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ရဖြယ္ရွိေနပါတယ္။

လီဂူး ၁ ခ်န္ပီယံအသင္းဟာ ကိုဗစ္ေရာဂါေၾကာင့္ ကြင္းပိတ္ကစားေနရၿပီး ဘ႑ာေရးထိခိုက္မႈကို ခံရတဲ့အသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္။ မက္ဆိဟာ ဘာစီလိုနာအသင္းအတြက္ ဒီရာသီမွာ (၂၂) ပြဲကစားထားၿပီး (၁၄) ဂိုးသြင္းကာ (၆) ဂိုးဖန္တီးေပးထားပါတယ္။