အသင်းကနေ ထွက်လို့ရမလားဆိုပြီး ရီးရဲလ်တာဝန်ရှိသူတွေကို မေးခွန်းထုတ်လိုက်တဲ့ အိုဒီဂတ်


ရီးရဲလ်အသင်းရဲ့ကွင်းလယ်မှာ နေရာမရဖြစ်နေတာကြောင့် ပုံမှန်ကစားခွင့်ရတဲ့အသင်းကို ပြောင်းရွှေ့ချင်နေတဲ့ လူငယ်က စားသမား အိုဒီဂတ်က ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေထွက်လို့ရမလားဆိုပြီး ရီးရဲလ်တာဝန်ရှိသူတွေကို မေးခွန်း ထုတ်လိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက အိုဒီဂတ်ဟာ ဆိုစီဒက်ကိုအဌားနဲ့သွားကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာ ကြောင့် ရီးရဲလ်က ပြန်လည်ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။


အီုဒီဂတ်ဟာ ရီးရဲလ်အသင်းရဲ့သမိုင်းတစ်လျှောက်အသက်အငယ်ဆုံးကစားသမား အဖြစ် ၁၆ နှစ် ၁၅၇ ရက်နဲ့ စံချိန်တင် ထားသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ အိုဒီဂတ်ကို ခေါ်ယူဖို့ ယူနိုက်တက်က အစောပိုင်းမှာ ကတည်းက စိတ်ဝင်စားနေခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပေမယ့် ရီးရဲလ်ကတော့ အိုဒီဂတ်ကို အသင်းမှာပဲဆက် ထိန်းထားဖို့ အလိုရှိခဲ့တာပဲ ဖြစ်ပါတယ်။


ဒီနေ့ညမှာ ကစားဖို့ရှိနေတဲ့ အယ်ကိုယာနိုအသင်းနဲ့ စပိန်ဘုရင့်ဖလားပြိုင်ပွဲရဲ့ လူစာရင်းမှာ ပါဝင်လာခြင်းမရှိတာကြောင့် အိုဒီဂတ်အနေနဲ့ အသင်းကနေထွက်ဖို့အတွက် တာဝန်ရှိသူတွေကို မေးခွန်းထုတ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ ရီးရဲလ်အသင်းရဲ့ကွင်းလယ်မှာတော့ အဓိကကွင်းလယ်လူတွေဖြစ်တဲ့ မိုဒရစ်၊ တိုနီခရူးစ်တို့ကလည်း နည်းပြဇီဒန်းရဲ့စိတ် ကြိုက်ကစားသမားတွေဖြစ်နေတာကြောင့် အိုဒီဂတ်အနေနဲ့ ပွဲထွက်ကစားခွင့်မရဖြစ်နေတာပဲ ဖြစ်ပါတယ်။

zawgyi version

အသင္းကေန ထြက္လို႔ရမလားဆိုၿပီး ရီးရဲလ္တာဝန္ရွိသူေတြကို ေမးခြန္းထုတ္လိုက္တဲ့ အိုဒီဂတ္
ရီးရဲလ္အသင္းရဲဲ႕ကြင္းလယ္မွာ ေနရာမရျဖစ္ေနတာေၾကာင့္ ပံုမွန္ကစားခြင့္ရတဲ့အသင္းကို ေျပာင္းေရႊ႕ခ်င္ေနတဲ့ လူငယ္က စားသမား အိုဒီဂတ္က ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းကေနထြက္လို႔ရမလားဆိုၿပီး ရီးရဲလ္တာဝန္ရွိသူေတြကို ေမးခြန္း ထုတ္လိုက္တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ရာသီက အိုဒီဂတ္ဟာ ဆိုစီဒက္ကိုအဌားနဲ႔သြားကစားခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တာ ေၾကာင့္ ရီးရဲလ္က ျပန္လည္ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။
အီုဒီဂတ္ဟာ ရီးရဲလ္အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္အသက္အငယ္ဆံုးကစားသမား အျဖစ္ ၁၆ ႏွစ္ ၁၅၇ ရက္နဲ႔ စံခ်ိန္တင္ ထားသူလည္း ျဖစ္ပါတယ္။ လက္ရွိမွာ အသက္ ၂၂ ႏွစ္ရွိၿပီျဖစ္တဲ့ အိုဒီဂတ္ကို ေခၚယူဖို႔ ယူႏိုက္တက္က အေစာပိုင္းမွာ ကတည္းက စိတ္ဝင္စားေနခဲ့တယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ၾကေပမယ့္ ရီးရဲလ္ကေတာ့ အိုဒီဂတ္ကို အသင္းမွာပဲဆက္ ထိန္းထားဖို႔ အလိုရွိခဲ့တာပဲ ျဖစ္ပါတယ္။
ဒီေန႔ညမွာ ကစားဖို႔ရွိေနတဲ့ အယ္ကိုယာႏိုအသင္းနဲ႔ စပိန္ဘုရင့္ဖလားၿပိဳင္ပြဲရဲ႕ လူစာရင္းမွာ ပါဝင္လာျခင္းမရွိတာေၾကာင့္ အိုဒီဂတ္အေနနဲ႔ အသင္းကေနထြက္ဖို႔အတြက္ တာဝန္ရွိသူေတြကို ေမးခြန္းထုတ္လိုက္တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ရီးရဲလ္အသင္းရဲ႕ကြင္းလယ္မွာေတာ့ အဓိကကြင္းလယ္လူေတြျဖစ္တဲ့ မိုဒရစ္၊ တိုနီခ႐ူးစ္တို႔ကလည္း နည္းျပဇီဒန္းရဲ႕စိတ္ ႀကိဳက္ကစားသမားေတြျဖစ္ေနတာေၾကာင့္ အိုဒီဂတ္အေနနဲ႔ ပြဲထြက္ကစားခြင့္မရျဖစ္ေနတာပဲ ျဖစ္ပါတယ္။