အနီကတ်ပြစ်ဒဏ်ကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်ခံရမယ့် မက်ဆီ

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ တနင်္ဂနွေနေ့က ဘီလ်ဘာအိုအသင်းနဲ့ကစားခဲ့တဲ့ စူပါကိုပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာ ကစားသမားဘဝပထမဆုံးအနီကတ်ပြစ်ဒဏ်ကို ထိခဲ့ရပြီး ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ အဲ့ဒီအနီကတ်ကြောင့် မက်ဆီဟာ (၂) ပွဲပယ် ပြစ်ဒဏ်ကို ခံရမှာ ဖြစ်ပါတယ်။အသက် ၃၃ နှစ်အရွယ် မက်ဆီဟာ ဗိုလ်လုပွဲ အချိန်ပို နောက်ဆုံးမိနစ်မှာ ဘီလ်ဘာအို ကစားသမား ဗီလာလီဘရီကို လက်နဲ့ တွန်းထိုး လုပ်ခဲ့တဲ့အတွက် အနီကတ်အပြခံခဲ့ရတာပါ။

အဆိုပါဖြစ်ရပ်ကို VAR ‌ကြောင့် ကွင်းလယ်ဒိုင်က သတိပြုမိခဲ့ပြီး ကွင်းဘေးက တီဗွီမှာ ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မက်ဆီကို အနီကတ်ပြရန် ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ်က အဲ့ဒီဖြစ်ရပ်အတွက် အင်္ဂါနေ့က အစည်းအဝေးမှာ (၂) ပွဲပယ်အပြစ်ဒဏ်ကို သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ဒါကြောင့် မက်ဆီဟာ ကြာသပတေးနေ့မှာ ဘာစီလိုနာအသင်းကစားမယ့် တတိယလိဂ်က ကော်နယ်လာ နဲ့ ပွဲကို လွဲချော်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့ အဲလ်ချီ နဲ့ လာလီဂါပွဲကိုလည်း လွဲချော်မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်း ကော်နယ်လာကို အနိုင်ရခဲ့ပါက မက်ဆီအနေနဲ့ ၁၆ သင်းအဆင့်မှာ ပြန်ကစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ကစားမယ့် လိဂ်ပွဲကလည်း တနင်္ဂနွေနေ့က ဗိုလ်လုပွဲမှာ ရှုံးခဲ့တဲ့ ဘီလ်ဘာအိုအသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။

အနီကတ္ျပစ္ဒဏ္ေၾကာင့္ ၂ ပြဲပယ္ျပစ္ဒဏ္ခံရမယ့္ မက္ဆီ

ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီဟာ တနဂၤေႏြေန႔က ဘီလ္ဘာအိုအသင္းနဲ႔ကစားခဲ့တဲ့ စူပါကိုပါဖလားဗိုလ္လုပြဲမွာ ဘာစီလိုနာ ကစားသမားဘ၀ပထမဆံုးအနီကတ္ျပစ္ဒဏ္ကို ထိခဲ့ရၿပီး ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ အဲ့ဒီအနီကတ္ေၾကာင့္ မက္ဆီဟာ (၂) ပြဲပယ္ ျပစ္ဒဏ္ကို ခံရမွာ ျဖစ္ပါတယ္။အသက္ ၃၃ ႏွစ္အရြယ္ မက္ဆီဟာ ဗိုလ္လုပြဲ အခ်ိန္ပို ေနာက္ဆံုးမိနစ္မွာ ဘီလ္ဘာအို ကစားသမား ဗီလာလီဘရီကို လက္နဲ႔ တြန္းထိုး လုပ္ခဲ့တဲ့အတြက္ အနီကတ္အျပခံခဲ့ရတာပါ။

အဆိုပါျဖစ္ရပ္ကို VAR ‌ေၾကာင့္ ကြင္းလယ္ဒိုင္က သတိျပဳမိခဲ့ၿပီး ကြင္းေဘးက တီဗြီမွာ ျပန္လည္ၾကည့္ရႈစစ္ေဆးခဲ့ၿပီးေနာက္ မက္ဆီကို အနီကတ္ျပရန္ ဆံုးျဖတ္ခ်က္ခ်ခဲ့တာျဖစ္ပါတယ္။စပိန္ေတာ္၀င္ေဘာလံုးအဖြဲ႔ခ်ဳပ္က အဲ့ဒီျဖစ္ရပ္အတြက္ အဂၤါေန႔က အစည္းအေ၀းမွာ (၂) ပြဲပယ္အျပစ္ဒဏ္ကို သတ္မွတ္လိုက္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ မက္ဆီဟာ ၾကာသပေတးေန႔မွာ ဘာစီလိုနာအသင္းကစားမယ့္ တတိယလိဂ္က ေကာ္နယ္လာ နဲ႔ ပြဲကို လြဲေခ်ာ္ရမွာျဖစ္ၿပီး တနဂၤေႏြေန႔ အဲလ္ခ်ီ နဲ႔ လာလီဂါပြဲကိုလည္း လြဲေခ်ာ္မွာျဖစ္ပါတယ္။ ဘာစီလိုနာအသင္း ေကာ္နယ္လာကို အႏိုင္ရခဲ့ပါက မက္ဆီအေနနဲ႔ ၁၆ သင္းအဆင့္မွာ ျပန္ကစားႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေနာက္ကစားမယ့္ လိဂ္ပြဲကလည္း တနဂၤေႏြေန႔က ဗိုလ္လုပြဲမွာ ရႈံးခဲ့တဲ့ ဘီလ္ဘာအိုအသင္းနဲ႔ ကစားရမွာပဲ ျဖစ္ပါတယ္။