နောက်ခံလူ အမ်တီတီရဲ့ တန်ကြေးကို အံ့အားသင့်ဖွယ် ဈေးလျှော့ချလိုက်တဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသ်းဟာ နောက်ခံလူ အမ်တီတီရဲ့ တန်ကြေးကို လျော့ချလိုက်ပြီ ဖြစ်ပါတယ်။ အေအက်စ်သတင်းဌာနရဲ့ အဆိုအရ ဘာစီလိုနာအသင်းဟာ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားကို ဒီလမှာ ပေါင် ၁၀ သန်းပဲ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ မနှစ်က ရာသီအကုန်ကတည်းက အသင်းရဲ့ ရောင်းချမယ့် ကစားသမားစာရင်းထဲမှာ ထည့်သွင်းခြင်းခံခဲ့ရသူဖြစ်ပေမယ့် အခုအချိန်အထိ ဘာကမ်းလှမ်းမှုမှ မရောက်လာသေးတာဖြစ်ပါတယ်။ အသင်းဟောင်း လိုင်ယွန်ကတော့ သူ့ကို ပြန်ခေါ်ယူရန် စိတ်ဝင်စားခဲ့ပေမယ့် အစပိုင်းစုံစမ်းမှုအပြီး ညှိနှိုင်းမှုမှာ အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။

အမ်တီတီဟာ နာတာရှည်ဒူးဒဏ်ရာပြဿနာကို မကြာခဏ ရရှိနေသူဖြစ်လို့ သူ့ကို ခေါ်ယူမယ့်အသင်းတွေကလည်း စိုးရိမ်နေတာဖြစ်ပါတယ်။ သို့သော်လည်း မကြာသေးခင်က သတင်းများအရ ပြင်သစ်လီဂူး ၁ ကလပ် နိုက်စ်အသင်းက စိတ်ဝင်စားနေပြီး လာမယ့် ရက်အတွင်းမှာ သူ့ကို ကမ်းလှမ်းမှု လုပ်သွားမယ်လို့ သိရပါတယ်။

ေနာက္ခံလူ အမ္တီတီရဲ႕ တန္ေၾကးကို အံ့အားသင့္ဖြယ္ ေစ်းေလွ်ာ့ခ်လိုက္တဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသ္းဟာ ေနာက္ခံလူ အမ္တီတီရဲ႕ တန္ေၾကးကို ေလ်ာ့ခ်လိုက္ၿပီ ျဖစ္ပါတယ္။ ေအအက္စ္သတင္းဌာနရဲ႕ အဆိုအရ ဘာစီလိုနာအသင္းဟာ ျပင္သစ္အသင္းနဲ႔ ကမာၻ႕ဖလား ဆြတ္ခူးႏိုင္ခဲ့တဲ့ ကစားသမားကို ဒီလမွာ ေပါင္ ၁၀ သန္းပဲ သတ္မွတ္လိုက္တယ္လို႔ သိရပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ မႏွစ္က ရာသီအကုန္ကတည္းက အသင္းရဲ႕ ေရာင္းခ်မယ့္ ကစားသမားစာရင္းထဲမွာ ထည့္သြင္းျခင္းခံခဲ့ရသူျဖစ္ေပမယ့္ အခုအခ်ိန္အထိ ဘာကမ္းလွမ္းမႈမွ မေရာက္လာေသးတာျဖစ္ပါတယ္။ အသင္းေဟာင္း လိုင္ယြန္ကေတာ့ သူ႔ကို ျပန္ေခၚယူရန္ စိတ္၀င္စားခဲ့ေပမယ့္ အစပိုင္းစံုစမ္းမႈအၿပီး ညွိႏိႈင္းမႈမွာ အဆင္မေျပခဲ့ဘူးလို႔ သိရပါတယ္။

အမ္တီတီဟာ နာတာရွည္ဒူးဒဏ္ရာျပႆနာကို မၾကာခဏ ရရွိေနသူျဖစ္လို႔ သူ႔ကို ေခၚယူမယ့္အသင္းေတြကလည္း စိုးရိမ္ေနတာျဖစ္ပါတယ္။ သို႔ေသာ္လည္း မၾကာေသးခင္က သတင္းမ်ားအရ ျပင္သစ္လီဂူး ၁ ကလပ္ ႏိုက္စ္အသင္းက စိတ္၀င္စားေနၿပီး လာမယ့္ ရက္အတြင္းမွာ သူ႔ကို ကမ္းလွမ္းမႈ လုပ္သြားမယ္လို႔ သိရပါတယ္။