ပရီးမီးယားလိဂ်အသင်းတွေထက် တစ်ကွက်စောပြီး အလာဘာကိုခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ ရီးရဲလ်


ဘိုင်ယန်မြူးနစ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အလာဘာကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် က အသင်းကြီးတွေဖြစ်တဲ့ လီဗာပူး၊ ချဲလ်ဆီးတို့အပြင် ရီးရဲလ်ကလည်း စိတ်ဝင်စားခဲ့ကြပြီး လက်ရှိအချိန်မှာတော့ ရီးရဲလ် က အလာဘာကို ခေါ်ယူဖို့အတွက် အကြိုသဘောတူညီမှု ရခဲ့ပြီး marca သတင်းစာက ဖော်ပြခဲ့ပါတယ်။ရီးရဲလ်ဟာ အလာဘာကို ၄ နှစ်စာချုပ်ချုပ်ဆိုပြီး ခေါ်ယူမှာလည်း ဖြစ်တယ်လို့လည်း သိရပါတယ်။


စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ AS သတင်းစာရဲ့ဖော်ပြမှုအရတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရာသီအကုန်မှာ စာချုပ် သက်တမ်းကုန်ဆုံးတော့မယ့် အလာဘာကို ရီးရဲလ်အနေနဲ့ တစ်ပတ်လုပ်ခလစာပေါင် ၁၈၆၀၀၀ နဲ့ ၄နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခြားသတင်းတစ်ခုကတော့ အလာဘာအနေနဲ့ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုတောင်ပြုလုပ်ပြီးခဲ့ပြီလို့လည်း သိရပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းမှာ ၁၀ နှစ်တာကစားခဲ့ချိန်အတွင်း အလာဘာဟာ ဆုဖလားအောင်မြင်မှုတွေ ရရှိခဲ့ပြီး ဒီရာသီမှာ ဆိုရင်လည်း ပြိုင်ပွဲစုံမှာ ၂၂ ပွဲအထိပါဝင်ကစားခွင့်ရထားသူဖြစ်ပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေ တော့တဲ့ အလာဘာကို ပီအက်စ်ဂျီ၊ မန်စီးတီးတို့လို ငွေကြေးတတ်နိုင်တဲ့အသင်းတွေကလည်း စိတ်ဝင်စားခဲ့ပေမယ့် ဘာစီလိုနာကတော့ ကစားသမားရဲ့လစာငွေကြောင့် မခေါ်တော့ဘူးလို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

zawgyi version

ပရီးမီးယားလိဂ္အသင္းေတြထက္ တစ္ကြက္ေစာၿပီး အလာဘာကိုေခၚယူဖို႔ သေဘာတူညီမႈရခဲ့တဲ့ ရီးရဲလ္
ဘိုင္ယန္ျမဴးနစ္အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မယ့္ အလာဘာကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္ က အသင္းႀကီးေတြျဖစ္တဲ့ လီဗာပူး၊ ခ်ဲလ္ဆီးတို႔အျပင္ ရီးရဲလ္ကလည္း စိတ္ဝင္စားခဲ့ၾကၿပီး လက္ရွိအခ်ိန္မွာေတာ့ ရီးရဲလ္ က အလာဘာကို ေခၚယူဖို႔အတြက္ အႀကိဳသေဘာတူညီမႈ ရခဲ့ၿပီး The Sun သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ရီးရဲလ္ဟာ အလာဘာကို ၄ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေခၚယူမွာလည္း ျဖစ္တယ္လို႔လည္း သိရပါတယ္။
စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ AS သတင္းစာရဲ႕ေဖာ္ျပမႈအရေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ရာသီအကုန္မွာ စာခ်ဳပ္ သက္တမ္းကုန္ဆံုးေတာ့မယ့္ အလာဘာကို ရီးရဲလ္အေနနဲ႔ တစ္ပတ္လုပ္ခလစာေပါင္ ၁၈၆၀၀၀ နဲ႔ ၄ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အျခားသတင္းတစ္ခုကေတာ့ အလာဘာအေနနဲ႔ ရီးရဲလ္အသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ ေဆးစစ္မႈေတာင္ျပဳလုပ္ၿပီးခဲ့ၿပီလို႔လည္း သိရပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းမွာ ၁၀ ႏွစ္တာကစားခဲ့ခ်ိန္အတြင္း အလာဘာဟာ ဆုဖလားေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီး ဒီရာသီမွာ ဆိုရင္လည္း ၿပိဳင္ပြဲစံုမွာ ၂၂ ပြဲအထိပါဝင္ကစားခြင့္ရထားသူျဖစ္ပါတယ္။ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ အဆင္မေျပ ေတာ့တဲ့ အလာဘာကို ပီအက္စ္ဂ်ီ၊ မန္စီးတီးတို႔လို ေငြေၾကးတတ္ႏိုင္တဲ့အသင္းေတြကလည္း စိတ္ဝင္စားခဲ့ေပမယ့္ ဘာစီလိုနာကေတာ့ ကစားသမားရဲ႕လစာေငြေၾကာင့္ မေခၚေတာ့ဘူးလို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။