ဖရန့်ဖတ်ကို ပြန်ရောက်ပြီး ပထမဆုံးပွဲမှာတင် (၂) ဂိုးသွင်းခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး လူကာဂျိုဗစ်

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး လူကာဂျိုဗစ်ဟာ ဖရန့်ဖတ်အသင်းဆီကို ပြန်ရောက်ပြီး ရှော်ကေးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ခြေစွမ်းပြကစားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ တိုက်စစ်မှူးဟာ ပွဲကစားချိန် ၂၈ မိနစ်အကျန်မှာ လူစားဝင်ရောက်ကစားခဲ့ပြီး (၂) ဂိုးသွင်းပေးခဲ့လို့ ဖရန့်ဖတ်အသင်းက (၃-၁) နဲ့ နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

“အရမ်းကို အံ့အားသင့်ဖို့ ကောင်းတဲ့ ခံစားမှုပါပဲ၊ နိုင်ပွဲကော သွင်းဂိုး (၂) ဂိုးက ကျွန်တော်အတွက် ပြန်လည်တဲ့အချိန်မှာ စိတ်ကူးလို့တောင် မရနိုင်လောက်အောင်ပါပဲ။ ဒါက အစပဲဖြစ်ပြီး နောက်ထပ်လည်း ခြေစွမ်းပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်” လို့ အင်စတာဂရမ်မှာ ရေးသွားခဲ့တာဖြစ်ပါတယ်။


