ဘာစီလိုနာ ကစားသမားဘ၀ ပထမဆုံး အနီကတ် ထိခဲ့တဲ့ မက်ဆီကို ခွင့်လွှတ်သင့်သလားလို့ မေးလိုက်တဲ့ နည်းပြ ရော်နယ်ကိုးမန်း
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ မနေ့ညက ဘီလ်ဘာအိုအသင်းကို (၃-၂) နဲ့ ရှုံးနိမ့်ခဲ့တဲ့ စူပါကိုပါဖလား ဗိုလ်လုပွဲမှာ ကလပ်အသင်း ကစားသမားဘ၀ ပထမဆုံး အနီကတ် ပြသခံခဲ့ရပါတယ်။ မက်ဆီဟာ ပွဲကစားချိန် (၁၂၀) မိနစ်မှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ မက်ဆီဟာ ဘီလ်ဘာအိုကစားသမား အက်စီယာဗီလာလီဘရီကို တံတောင်နဲ့ တွန်းထိုးခဲ့ပါတယ်။
အဲ့ဒီဖြစ်ရပ်ကို ဒိုင်လူကြီးက မမြင်ခဲ့ပေမယ့် VAR က ပြန်လည်ကြည့်ရှုခဲ့တာပဲ ဖြစ်ပါတယ်။
ဒါဟာ ဘာစီလိုနာအသင်းအတွက် (၇၅၃) ပွဲမှာ မက်ဆီအတွက် ပထမဆုံး အနီကတ်ပဲဖြစ်ပါတယ်။
သူ့ရဲ့ကစားသမားဘဝမှာတော့ (၃) ကြိမ်မြောက်အနီကတ်လည်း ဖြစ်ပြီး ဘာစီလိုနာ (ခ) အသင်းနဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းတို့လည်း အနီကတ်ပြခံခဲ့ရဖူးပါတယ်။
အနီကတ်ောကာင့် မက်ဆီဟာ (၄) ပွဲကနေ (၁၂) ပွဲအထိ အပယ်ခံရဖွယ်ရှိနေပါတယ်။ အဆိုပါပြစ်ဒဏ်က ကိုပါဒဲလ်ရေးဖလား နဲ့ လာလီဂါတို့မှာလည်း သက်ရောက်မှာ ဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကတော့ ” မက်ဆီ ကို အနီကတ် ပြလိုက်တာ နားလည်းပါတယ်။ သူတို့တွေ သူ့ကို ဘယ်လောက်တောင် ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့သလဲဆိုတာ ကျွန်တော်မသိပါဘူး။ သူက ကျော်ဖြတ်ဖို့လုပ်ပါတယ်။ ဒါပေမယ့် မရပါဘူး။ သူ့ကို ကျွန်တော်ခွင့်လွှတ်သင့်သလား ဆိုတာကတော့ အဲ့ဒီဖြစ်ရပ်ကို သေချာကြည့်မှ သိပါမယ်” လို့ ပြောသွားခဲ့ပါတယ်။