ဘီလ်ဘာအို နဲ့ ကစားမယ့် စူပါကိုပါဖလားဗိုလ်လုပွဲမှာ မက်ဆီ ကြံ့ခိုင်မှု ပြည့်ဝမယ်လို့ မျှော်လင့်နေတဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ဘီလ်ဘာအိုအသင်းနဲ့ ကစားမယ့် စူပါကိုပါဖလားပွဲမှာ မက်ဆီ ကြံ့ခိုင်မှု ပြည့်ဝမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ အာဂျင်တီးနားကစားသမားဟာ ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ကြံ့ခိုင်မှု မပြည့်တဲ့အတွက် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။


“မနေ့က နဲ့ ဒီနေ့ သူ သီးသန့်လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ သူဘယ်လိုပါဝင်ကစားနိုင်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ရပါမယ်။ သူ့ခန္ဓာကိုယ်အကြောင်း သူသိပါတယ်။ သူရဲ့ အနေအထားကို ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ သူကစားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အသင်းမှာ အကောင်းဆုံးကစားသမားရှိနေရင် အနိုင်ရမယ့် အခွင့်အရေးလည်း များပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ ပါတယ်ဆိုရင် ပိုပြီးကောင်းမယ်” လို့ ရော်နယ်ကိုးမန်းက ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘီလ္ဘာအို နဲ႔ ကစားမယ့္ စူပါကိုပါဖလားဗိုလ္လုပြဲမွာ မက္ဆီ ၾကံ့ခိုင္မႈ ျပည့္၀မယ္လို႔ ေမွ်ာ္လင့္ေနတဲ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက ဘီလ္ဘာအိုအသင္းနဲ႔ ကစားမယ့္ စူပါကိုပါဖလားပြဲမွာ မက္ဆီ ၾကံ့ခိုင္မႈ ျပည့္၀မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ အာဂ်င္တီးနားကစားသမားဟာ ဆိုစီဒက္နဲ႔ ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲမွာ ၾကံ့ခိုင္မႈ မျပည့္တဲ့အတြက္ ပါ၀င္ကစားႏိုင္ခဲ့ျခင္းမရွိပါဘူး။

“မေန႔က နဲ႔ ဒီေန႔ သူ သီးသန္႔ေလ့က်င့္ေရးဆင္းခဲ့ပါတယ္။ သူဘယ္လိုပါ၀င္ကစားႏိုင္မလဲဆိုတာ ကၽြန္ေတာ္တို႔ ၾကည့္ရပါမယ္။ သူ႔ခႏၶာကိုယ္အေၾကာင္း သူသိပါတယ္။ သူရဲ႕ အေနအထားကို ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္ရပါမယ္။ သူကစားႏိုင္မယ္လို႔ ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္။ အသင္းမွာ အေကာင္းဆံုးကစားသမားရွိေနရင္ အႏိုင္ရမယ့္ အခြင့္အေရးလည္း မ်ားပါတယ္။ ကမာၻ႕အေကာင္းဆံုး ကစားသမားပါ ပါတယ္ဆိုရင္ ပိုၿပီးေကာင္းမယ္” လို႔ ေရာ္နယ္ကိုးမန္းက ေျပာသြားခဲ့တာျဖစ္ပါတယ္။