ချဲလ်ဆီးမှာ စွမ်းဆောင်နိုင်ခဲ့တာတွေကို မကြည့်ဘဲ ဟာဇက်ကို စိတ်ရှည်ပေးဖို့ ပရိသတ်တွေကို ပြောခဲ့တဲ့ ဇီဒန်း


လက်ရှိမှာ ဟာဇက်အနေနဲ့ အသင်းမှာပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေ ရပေမယ့် ဟာဇက်ရဲ့ခြေစွမ်းပြနိုင်ဖို့အတွက် စိတ်ရှည်ပေးဖို့ ရီးရဲလ်အသင်းနည်းပြ ဇီဒန်းက တောင်းဆိုခဲ့တယ်လို့ သိရပါ တယ်။ ရီးရဲလ်ဟာ ဟာဇက်ကို လွန်ခဲ့တဲ့ ၁၈ လက ချဲလ်ဆီးအသင်းကနေ ပေါင်သန်း ၁၅၀ လောက်အသုံးပြုပြီး ခေါ်ယူ ထားခဲ့တာဖြစ်ပေမယ့် အသင်းအတွက် ၃ ဂိုးသာသွင်းယူပေးထားတာကြောင့် ပရိသတ်တွေအနေနဲ့ ဟာဇက်ကို အားမရ ဖြစ်နေတာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ စပိန်စူပါဖလားပြိုင်ပွဲမှာ ဘီလ်ဘာအိုကို ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရပြီးနောက်မှာတော့ ဇီဒန်းက “ ဟာဇက်အနေနဲ့ ယုံ ကြည်မှု ပြန်ရဖို့အတွက်လိုအပ်နေပါတယ်။ ဒါမှသာ သူအနေနဲ့ အကောင်းဆုံးပြန်ကစားနိုင်မှာဖြစ်ပြီး ဂိုးတွေလည်းသွင်းယူ နိုင်မှာပါ။ သူက အလုပ်ကို ကြိုးစားသူဖြစ်တာကြောင့် မကြာခင်မှာ အကောင်းဆုံးခြေစွမ်းကို ပြန်ရလာမှာမို့ ပရိသတ်တွေအ နေနဲ့ စိတ်ရှည်ပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။


အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ ဟာဇက် ဟာ ချဲလ်ဆီးအသင်းမှာ ၇ နှစ်တာကစားခဲ့ချိန်အတွင်း ပွဲပေါင်း ၃၅၂ ပွဲမှာ ၁၁၀ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၉၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကနေ ရီးရဲလ်ကိုပြောင်းရွှေ့လာပြီးနောက် ၁၈ လ အတွင်းမှာတော့ ဒဏ်ရာမကြာခဏ ရလေ့ရှိတဲ့ ဟာဇက်ဟာ အသင်းအတွက် ၃၂ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ကိုယ်တိုင် ၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုကလည်း ၇ ကြိမ်သာ ပြုလုပ်နိုင်သေးတာ ဖြစ်ပါတယ်။

zawgyi version

ခ်ဲလ္ဆီးမွာ စြမ္းေဆာင္ႏိုင္ခဲ့တာေတြကို မၾကည့္ဘဲ ဟာဇက္ကို စိတ္ရွည္ေပးဖို႔ ပရိသတ္ေတြကို ေျပာခဲ့တဲ့ ဇီဒန္း
လက္ရွိမွာ ဟာဇက္အေနနဲ႔ အသင္းမွာပံုမွန္ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္ျခင္းကို ခံေန ရေပမယ့္ ဟာဇက္ရဲ႕ေျခစြမ္းျပႏိုင္ဖို႔အတြက္ စိတ္ရွည္ေပးဖို႔ ရီးရဲလ္အသင္းနည္းျပ ဇီဒန္းက ေတာင္းဆိုခဲ့တယ္လို႔ သိရပါ တယ္။ ရီးရဲလ္ဟာ ဟာဇက္ကို လြန္ခဲ့တဲ့ ၁၈ လက ခ်ဲလ္ဆီးအသင္းကေန ေပါင္သန္း ၁၅၀ ေလာက္အသံုးျပဳၿပီး ေခၚယူ ထားခဲ့တာျဖစ္ေပမယ့္ အသင္းအတြက္ ၃ ဂိုးသာသြင္းယူေပးထားတာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ ဟာဇက္ကို အားမရ ျဖစ္ေနတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ စပိန္စူပါဖလားၿပိဳင္ပြဲမွာ ဘီလ္ဘာအိုကို ရႈံးၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရၿပီးေနာက္မွာေတာ့ ဇီဒန္းက “ ဟာဇက္အေနနဲ႔ ယံု ၾကည္မႈ ျပန္ရဖို႔အတြက္လိုအပ္ေနပါတယ္။ ဒါမွသာ သူအေနနဲ႔ အေကာင္းဆံုးျပန္ကစားႏိုင္မွာျဖစ္ၿပီး ဂိုးေတြလည္းသြင္းယူ ႏိုင္မွာပါ။ သူက အလုပ္ကို ႀကိဳးစားသူျဖစ္တာေၾကာင့္ မၾကာခင္မွာ အေကာင္းဆံုးေျခစြမ္းကို ျပန္ရလာမွာမို႔ ပရိသတ္ေတြအ ေနနဲ႔ စိတ္ရွည္ေပးၾကဖို႔ ေတာင္းဆိုခ်င္ပါတယ္” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။
အသက္ ၃၀ ႏွစ္ရွိၿပီျဖစ္တဲ့ ဟာဇက္ ဟာ ခ်ဲလ္ဆီးအသင္းမွာ ၇ ႏွစ္တာကစားခဲ့ခ်ိန္အတြင္း ပြဲေပါင္း ၃၅၂ ပြဲမွာ ၁၁၀ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၉၂ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးကေန ရီးရဲလ္ကိုေျပာင္းေရႊ႕လာၿပီးေနာက္ ၁၈ လ အတြင္းမွာေတာ့ ဒဏ္ရာမၾကာခဏ ရေလ့ရွိတဲ့ ဟာဇက္ဟာ အသင္းအတြက္ ၃၂ ပြဲသာ ပါဝင္ကစားခြင့္ရခဲ့ၿပီး ကိုယ္တိုင္ ၃ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈကလည္း ၇ ႀကိမ္သာ ျပဳလုပ္ႏိုင္ေသးတာ ျဖစ္ပါတယ္။