ဒီယေဂိုကော်စတာရဲ့နေရာအတွက် လိုင်ယွန်က ဒမ်ဘီလီကို အဌားနဲ့ခေါ်ယူခဲ့တဲ့ အက်သလက်တီကို


အသင်းနဲ့ သဘောတူလမ်းခွဲခဲ့တဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့နေရာမှာ အစားထိုးဖို့အတွက် အက်သလက်တီကို အ သင်းဟာ လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီကို အဌားနဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ သတင်းတွေရဲ့ဖော်ပြမှုအရတော့ အက်သလက်တီကိုအနေနဲ့ အဌားစာချုပ်သက်တမ်းပြည့်ပါက အပြီးသတ်ခေါ်ယူဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။


အက်သလက်တီကိုအသင်းကိုရောက်ရှိပြီးနောက် ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော ဒမ်ဘီလီက သူရဲ့စံပြကစားသ မားမှာ အက်သလက်တီကိုဂန္တဝင်ကစားသမား ဖာနန်ဒိုတောရက်စ်ဖြစ်ပြီး ငယ်စဉ်ကတည်းက တောရက်စ်ရဲ့ကစားပုံတွေ ကို ကြည့်ပြီးလေ့လာခဲ့ရတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ တောရက်စ်ဟာ အက်သလက်တီကိုအသင်းအတွက်နှစ်ကြိမ် ကစားခဲ့ရာမှာ ပွဲပေါင်း ၃၅၀ မှာ ၁၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


၂၀၁၈ ခုနှစ်မှာ ဆဲလ်တစ်အသင်းကနေ လိုင်ယွန်အသင်းကို ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ဒမ်ဘီလီဟာ အသင်းအတွက် ၄၄ ဂိုးအထိသွင်းယူပေးထားသူဖြစ်ပေမယ့် ဒီရာသီမှာတော့ ရုန်းကန်းနေရပြီး သွင်းဂိုးတစ်ဂိုးသာ ရရှိထား ပါတယ်။ ဒမ်ဘီလီက “ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ဂိုးသွင်းယူနိုင်တာကို ကြိုက်ပါတယ်။ ဒါကလည်း ကျွန်တော်အလုပ်ပါ။ ကလေးဘဝတုန်းက စံပြကစားသမားက တောရက်စ်ပါ။ အခုလို သူကစားခဲ့တဲ့အသင်းကို ရောက်လာပြီး ကစားရမှာ ဖြစ် တာကြောင့် အရမ်းကို ပျော်ရွှင်မိပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ဒီေယဂိုေကာ္စတာရဲ႕ေနရာအတြက္ လိုင္ယြန္က ဒမ္ဘီလီကို အဌားနဲ႔ေခၚယူခဲ့တဲ့ အက္သလက္တီကို
အသင္းနဲ႔ သေဘာတူလမ္းခြဲခဲ့တဲ့ တိုက္စစ္မွဴး ဒီေယဂိုေကာ္စတာရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ အက္သလက္တီကို အ သင္းဟာ လိုင္ယြန္တိုက္စစ္မွဴး ဒမ္ဘီလီကို အဌားနဲ႔ ေခၚယူခဲ့တယ္လို႔ သိရပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပမႈအရေတာ့ အက္သလက္တီကိုအေနနဲ႔ အဌားစာခ်ဳပ္သက္တမ္းျပည့္ပါက အၿပီးသတ္ေခၚယူဖို႔လည္း ရွိေနတယ္လို႔ သိရပါတယ္။
အက္သလက္တီကိုအသင္းကိုေရာက္ရွိၿပီးေနာက္ ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာေတာ ဒမ္ဘီလီက သူရဲ႕စံျပကစားသ မားမွာ အက္သလက္တီကိုဂႏၲဝင္ကစားသမား ဖာနန္ဒိုေတာရက္စ္ျဖစ္ၿပီး ငယ္စဥ္ကတည္းက ေတာရက္စ္ရဲ႕ကစားပံုေတြ ကို ၾကည့္ၿပီးေလ့လာခဲ့ရတာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ေတာရက္စ္ဟာ အက္သလက္တီကိုအသင္းအတြက္ႏွစ္ႀကိမ္ ကစားခဲ့ရာမွာ ပြဲေပါင္း ၃၅၀ မွာ ၁၂၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
၂၀၁၈ ခုႏွစ္မွာ ဆဲလ္တစ္အသင္းကေန လိုင္ယြန္အသင္းကို ေျပာင္းေရႊ႕လာၿပီးေနာက္ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဒမ္ဘီလီဟာ အသင္းအတြက္ ၄၄ ဂိုးအထိသြင္းယူေပးထားသူျဖစ္ေပမယ့္ ဒီရာသီမွာေတာ့ ႐ုန္းကန္းေနရၿပီး သြင္းဂိုးတစ္ဂိုးသာ ရရွိထား ပါတယ္။ ဒမ္ဘီလီက “ တိုက္စစ္မွဴးတစ္ဦးျဖစ္ၿပီး ဂိုးသြင္းယူႏိုင္တာကို ႀကိဳက္ပါတယ္။ ဒါကလည္း ကြ်န္ေတာ္အလုပ္ပါ။ ကေလးဘဝတုန္းက စံျပကစားသမားက ေတာရက္စ္ပါ။ အခုလို သူကစားခဲ့တဲ့အသင္းကို ေရာက္လာၿပီး ကစားရမွာ ျဖစ္ တာေၾကာင့္ အရမ္းကို ေပ်ာ္ရႊင္မိပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။