မက်ဆီက ဘာစီလိုနာမှာ ကစားသမားဘဝကုန်ဆုံးချင်နေပြီး ဇာဗီက ကူညီပေးလိမ့်မယ်လို့ ပြောခဲ့တဲ့ ဥက္ကဌလောင်း ဗစ်တာဖောင့်


ဘာစီလိုနာအသင်းရဲ့ ဥက္ကဌလောင်းတစ်ဦးဖြစ်တဲ့ ဗစ်တာဖောင့်က “ မက်ဆီအနေနဲ့ သူရဲ့ပရော်ဖက်ရှင်နယ်ဘောလုံး သမားဘဝကို ဘာစီလိုနာအသင်းမှာပဲ ကုန်ဆုံးချင်နေပြီး ဒါကိုလည်း အသင်းဖော်ဟောင်းဖြစ်တဲ့ ဇာဗီက ကူညီပေးနိုင်လိမ့် မယ်” လို့ ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာဥက္ကဌသစ်ရွေးကောက်ပွဲကို လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဥက္ကဌဟောင်း လာပေါ်တာက ဥက္ကဌသစ်ဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့လည်း သိရပါတယ်။


ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၆ကြိမ်အထိ ရရှိထားတဲ့ မက်ဆီအနေနဲ့ အသင်းပြောင်းရွှေ့မယ်ဆိုတဲ့ သတင်း တွေထွက်နေပြီး လက်ရှိအချိန်ထိလည်း အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခြင်းမရှိသေးတာကြောင့် လာမယ့်နွေရာသီမှာ ဘာစီ လိုနာအနေနဲ့ မက်ဆီလိုကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိနေတာဖြစ်ပါတယ်။ ဥက္ကဌလောင်း ဗစ်တာဖောင့်ကတော့ လက်ရှိကာတာကလပ် အဲလ်ဆတ်ကိုကိုင်တွယ်နေတဲ့ ဇာဗီအနေနဲ့ ဘာစီလိုနာနည်းပြ ဖြစ်လာဖို့ ရှိနေတယ်လို့ ပြောသွားပါတယ်။


ဗစ်တာဖောင့်က “ မက်ဆီအနေနဲ့ ဘာစီလိုနာမှာပဲ ကစားသမားဘဝကုန်ဆုံးချင်တယ်ဆိုတာ ပြောဖူးပါတယ်။ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကထွက်ဖို့ တောင်းဆိုခဲ့တယ်ဆိုပေမယ့် အသင်းအတွက် လက်ရှိအချိန်ထိအကောင်းဆုံးက စားပေးနေတဲ့ ကစားသမားတစ်ယောက်ပါ။ အသင်းကိုအောင်မြင်မှုရဖို့ လုပ်ဆောင်ထားတဲ့အစီအစဉ်တွေရှိပါတယ်။ အဲ့ဒါ ကို ဇာဗီနဲ့ မက်ဆီတို့က ပူးပေါင်းပြီး လုပ်ဆောင်ဖြစ်မှာပါ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi version

မက္ဆီက ဘာစီလိုနာမွာ ကစားသမားဘဝကုန္ဆံုးခ်င္ေနၿပီး ဇာဗီက ကူညီေပးလိမ့္မယ္လို႔ ေျပာခဲ့တဲ့ ဥကၠဌေလာင္း ဗစ္တာေဖာင့္
ဘာစီလိုနာအသင္းရဲ႕ ဥကၠဌေလာင္းတစ္ဦးျဖစ္တဲ့ ဗစ္တာေဖာင့္က “ မက္ဆီအေနနဲ႔ သူရဲ႕ပေရာ္ဖက္ရွင္နယ္ေဘာလံုး သမားဘဝကို ဘာစီလိုနာအသင္းမွာပဲ ကုန္ဆံုးခ်င္ေနၿပီး ဒါကိုလည္း အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ဇာဗီက ကူညီေပးႏိုင္လိမ့္ မယ္” လို႔ ေျပာသြားခဲ့ပါတယ္။ ဘာစီလိုနာဥကၠဌသစ္ေရြးေကာက္ပြဲကို လာမယ့္ ဇန္နဝါရီလ ၂၄ ရက္ေန႔မွာ ျပဳလုပ္မွာျဖစ္ၿပီး ဥကၠဌေဟာင္း လာေပၚတာက ဥကၠဌသစ္ျဖစ္ဖို႔ ေရပန္းအစားဆံုးျဖစ္ေနတယ္လို႔လည္း သိရပါတယ္။
ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ၆ႀကိမ္အထိ ရရွိထားတဲ့ မက္ဆီအေနနဲ႔ အသင္းေျပာင္းေရႊ႕မယ္ဆိုတဲ့ သတင္း ေတြထြက္ေနၿပီး လက္ရွိအခ်ိန္ထိလည္း အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုျခင္းမရွိေသးတာေၾကာင့္ လာမယ့္ေႏြရာသီမွာ ဘာစီ လိုနာအေနနဲ႔ မက္ဆီလိုကစားသမားမ်ိဳးကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္ရဖို႔ ရွိေနတာျဖစ္ပါတယ္။ ဥကၠဌေလာင္း ဗစ္တာေဖာင့္ကေတာ့ လက္ရွိကာတာကလပ္ အဲလ္ဆတ္ကိုကိုင္တြယ္ေနတဲ့ ဇာဗီအေနနဲ႔ ဘာစီလိုနာနည္းျပ ျဖစ္လာဖို႔ ရွိေနတယ္လို႔ ေျပာသြားပါတယ္။
ဗစ္တာေဖာင့္က “ မက္ဆီအေနနဲ႔ ဘာစီလိုနာမွာပဲ ကစားသမားဘဝကုန္ဆံုးခ်င္တယ္ဆိုတာ ေျပာဖူးပါတယ္။ ေႏြရာသီ အေျပာင္းအေရႊ႕မွာ အသင္းကထြက္ဖို႔ ေတာင္းဆိုခဲ့တယ္ဆိုေပမယ့္ အသင္းအတြက္ လက္ရွိအခ်ိန္ထိအေကာင္းဆံုးက စားေပးေနတဲ့ ကစားသမားတစ္ေယာက္ပါ။ အသင္းကိုေအာင္ျမင္မႈရဖို႔ လုပ္ေဆာင္ထားတဲ့အစီအစဥ္ေတြရွိပါတယ္။ အဲ့ဒါ ကို ဇာဗီနဲ႔ မက္ဆီတို႔က ပူးေပါင္းၿပီး လုပ္ေဆာင္ျဖစ္မွာပါ” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။