စပိန်စူပါဖလားပြိုင်ပွဲမှာ ရှုံးတာက ဒီရာသီအတွက် အရှုံးမဟုတ်ဘူးလို့ ပြောခဲ့တဲ့ နည်းပြဇီဒန်း


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်စူပါဖလားပြိုင်ပွဲမှာ ဘီလ်ဘာအိုအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရ ပေမယ့် ဒီရှုံးပွဲက ရီးရဲလ်အတွက် တစ်ရာသီလုံး ရှုံးပွဲမဟုတ်ဘူးလို့ နည်းပြဇီဒန်းက ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ ရီးရဲလ် ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ရက်နေ့ကတည်းက ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပြီး နောက်ဆုံး ၁၀ ပွဲမှာ ပထမဆုံးရှုံးပွဲ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။


ရလဒ်တွေ ဆိုးရွားမှုကြောင့် နည်းပြအပြောင်းအလဲပြုလုပ်ထားတဲ့ ဘီလ်ဘာအိုအတွက် နည်းပြသစ် မာဆယ်လီနိုရဲ့လက် ထက်မှာ ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဘီလ်ဘာအိုဟာ အဝေးကွင်းမှာ ကစားရတာဖြစ်ပေမယ့် ရီးရဲလ်ကို နှစ်ဂိုး ပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် အိမ်ရှင်အသင်းအနေနဲ့ နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ တိုက်စစ်မှူး အဆန်စီယိုရဲ့ ဂိုးသွင်းယူမှု နှစ်ကြိမ်က တိုင်ထိထွက်ခဲ့တာကြောင့် ရီးရဲလ်တို့ နစ်နာခဲ့ရပြီး ဘင်ဇီမာက တစ်လုံးတည်း သော ချေပဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ဇီဒန်းက “ ပထမပိုင်းမှာ အသင်းအနေနဲ့ အတော်ကိုခက်ခဲခဲ့ပါတယ်။ အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးရ အောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။ သူတို့က အခွင့်အရေးနှစ်ကြိမ်ရချိန်မှာ နှစ်ဂိုးရသွားပါတယ်။ ဒုတိယပိုင်းမှာ အခွင့် အရေးတွေ ရခဲ့ပေမယ့် လိုအပ်နေတဲ့ဂိုးရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ ရှုံးခဲ့တာကြောင့် ပြိုင်ပွဲကထွက်ခဲ့ရ တာဖြစ်ပေမယ့် ဒီရှုံးပွဲက တစ်ရာသီလုံးစာအတွက် အရှုံးမဟုတ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

စပိန္စူပါဖလားၿပိဳင္ပြဲမွာ ရႈံးတာက ဒီရာသီအတြက္ အရႈံးမဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ နည္းျပဇီဒန္း
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ စပိန္စူပါဖလားၿပိဳင္ပြဲမွာ ဘီလ္ဘာအိုအသင္းကို အိမ္ကြင္းမွာ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရ ေပမယ့္ ဒီရႈံးပြဲက ရီးရဲလ္အတြက္ တစ္ရာသီလံုး ရႈံးပြဲမဟုတ္ဘူးလို႔ နည္းျပဇီဒန္းက ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။ ရီးရဲလ္ ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁ရက္ေန႔ကတည္းက ၿပိဳင္ပြဲစံုမွာ ရႈံးပြဲမရွိခဲ့တာျဖစ္တယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရၿပီး ေနာက္ဆံုး ၁၀ ပြဲမွာ ပထမဆံုးရႈံးပြဲ ျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ရလဒ္ေတြ ဆိုးရြားမႈေၾကာင့္ နည္းျပအေျပာင္းအလဲျပဳလုပ္ထားတဲ့ ဘီလ္ဘာအိုအတြက္ နည္းျပသစ္ မာဆယ္လီႏိုရဲ႕လက္ ထက္မွာ ပထမဆံုးႏိုင္ပြဲလည္း ျဖစ္ခဲ့ပါတယ္။ ဘီလ္ဘာအိုဟာ အေဝးကြင္းမွာ ကစားရတာျဖစ္ေပမယ့္ ရီးရဲလ္ကို ႏွစ္ဂိုး ျပတ္နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္အသင္းအေနနဲ႔ ေနာက္ကေနလိုက္ကစားခဲ့ရတာျဖစ္ပါတယ္။ တိုက္စစ္မွဴး အဆန္စီယိုရဲ႕ ဂိုးသြင္းယူမႈ ႏွစ္ႀကိမ္က တိုင္ထိထြက္ခဲ့တာေၾကာင့္ ရီးရဲလ္တို႔ နစ္နာခဲ့ရၿပီး ဘင္ဇီမာက တစ္လံုးတည္း ေသာ ေခ်ပဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ဇီဒန္းက “ ပထမပိုင္းမွာ အသင္းအေနနဲ႔ အေတာ္ကိုခက္ခဲခဲ့ပါတယ္။ အခြင့္အေရးေတြရခဲ့ေပမယ့္ ဂိုးရ ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ျခင္းမရွိပါဘူး။ သူတို႔က အခြင့္အေရးႏွစ္ႀကိမ္ရခ်ိန္မွာ ႏွစ္ဂိုးရသြားပါတယ္။ ဒုတိယပိုင္းမွာ အခြင့္ အေရးေတြ ရခဲ့ေပမယ့္ လိုအပ္ေနတဲ့ဂိုးရေအာင္ေတာ့ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ ဒီပြဲမွာ ရႈံးခဲ့တာေၾကာင့္ ၿပိဳင္ပြဲကထြက္ခဲ့ရ တာျဖစ္ေပမယ့္ ဒီရႈံးပြဲက တစ္ရာသီလံုးစာအတြက္ အရႈံးမဟုတ္ပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။