ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး လူကာဂျိုဗစ် ဖရန့်ဖတ်အသင်းဆီ အငှားနဲ့ ပြန်လည်ပြောင်းရွှေ့

လူကာဂျိုဗစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ ဖရန့်ဖတ်အသင်းထံ အငှားနဲ့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်။ သူဟာ ဖရန့်ဖတ်အသင်းဆီ ရာသီအကုန်အထိ အငှားနဲ့ ပြောင်းရွှေ့သွားပြီး ကျောနံပါတ် (၉) ကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ဘာနေဗျူးကို ပြောင်းလာကတည်းက ရုန်းကန်နေရသူဖြစ်ပြီး နည်းပြဇီဒန်းရဲ့ လက်ရှိလူစာရင်းမှာ ပါဝင်ကစားခွင့်ပျောက်ဆုံးနေပါတယ်။ဂျိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီကမှ ဖရန့်ဖတ်အသင်းကနေ ရီးရဲလ်မက်ဒရစ်ကို ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့် အသင်းအတွက် (၂၈) ပွဲကစားပြီး (၂) ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး လူကာဂ်ိဳဗစ္ ဖရန႔္ဖတ္အသင္းဆီ အငွားနဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕

လူကာဂ်ိဳဗစ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းဆီကေန ဖရန႔္ဖတ္အသင္းထံ အငွားနဲ႔ ျပန္လည္ေရာက္ရွိသြားၿပီျဖစ္ပါတယ္။ သူဟာ ဖရန႔္ဖတ္အသင္းဆီ ရာသီအကုန္အထိ အငွားနဲ႔ ေျပာင္းေ႐ႊ႕သြားၿပီး ေက်ာနံပါတ္ (၉) ကို ဝတ္ဆင္ကစားသြားမယ္လို႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ ဘာေနဗ်ဴးကို ေျပာင္းလာကတည္းက ႐ုန္းကန္ေနရသူျဖစ္ၿပီး နည္းျပဇီဒန္းရဲ႕ လက္ရွိလူစာရင္းမွာ ပါဝင္ကစားခြင့္ေပ်ာက္ဆုံးေနပါတယ္။ဂ်ိဳဗစ္ဟာ ၿပီးခဲ့တဲ့ရာသီကမွ ဖရန႔္ဖတ္အသင္းကေန ရီးရဲလ္မက္ဒရစ္ကို ေပါင္ ၅၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ေပမယ့္ အသင္းအတြက္ (၂၈) ပြဲကစားၿပီး (၂) ဂိုးသာ သြင္းယူေပးႏိုင္ခဲ့ပါတယ္။