လိုက်ပ်ဇစ် မှာကစားနေတဲ့ နောက်ခံလူ အန်ဂျယ်လီနိုကို ခေါ်ယူရန် မျက်စိကျနေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းနောက်ခံလူ အန်ဂျယ်လီနိုကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ကာတာလန်ကလပ်အသင်းမှာ လက်ရှိ ဘယ်နောက်ခံလူတွေအဖြစ် ဂျော်ဒီအယ်လ်ဘာ နဲ့ ဂျူနီယာဖာပို တို့ ရှိနေပေမယ့် အရန်အဖြစ် ခေါ်ယူလိုနေတာဖြစ်ပါတယ်။

သတင်းများအရ ဘာစီလိုနာအသင်းဟာ အိန်ဂျယ်လီနို ကို နောက်ထပ် ရွေးချယ်အဖြစ် ခေါ်ယူရန် သတ်မှတ်ထားသော်လည်း ရော်နယ်ကိုးမန်းရဲ့ အသင်းဟာ စပိန်ယူ ၂၁ နှစ်အောက် လက်ရွေးစင်ကစားသမားဟောင်းကို မန်စီးတီးအသင်းက ရောင်းချပါ့မလားလို့ စိုးရိမ်နေပါတယ်။ အိန်ဂျယ်လီနိုနဲ့ မန်စီးတီးအသင်းရဲ့ စာချုပ်သက်တမ်းက ၂၀၂၃ နွေရာသီအထိ ကျန်ရှိနေတာဖြစ်ပေမယ့် သူဟာ ၂၀၂၀ ဇန်နဝါရီကတည်းက လိုက်ပ်ဇစ်အသင်းမှာ အငှားလာရောက်ကစားနေပြီး ပြိုင်ပွဲစုံ ပွဲ (၄၀) အထိကစားပေးထားသူ ဖြစ်ပါတယ်။

နောက်ခံလူဟာ (၉) ဂိုးသွင်းထားပြီး (၁၃) ဂိုးလည်း ဖန်တီးပေးထားပြီး အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်နေပါတယ်။ ဒါ့အပြင်သူဟာ ဒီရာသီမှာလည်း ပြိုင်ပွဲစုံ (၂၂) ပွဲကစားထားပြီး (၈) ဂိုးသွင်း (၈) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အစောပိုင်းတုန်းက မန်စီးတီးနောက်ခံလူ အဲရစ်ဂါစီယာကို ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီလို့လည်း သိရပါတယ်။

လိုက္ပ္ဇစ္ မွာကစားေနတဲ့ ေနာက္ခံလူ အန္ဂ်ယ္လီႏိုကို ေခၚယူရန္ မ်က္စိက်ေနတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ မန္စီးတီးအသင္းေနာက္ခံလူ အန္ဂ်ယ္လီႏိုကို ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ကာတာလန္ကလပ္အသင္းမွာ လက္ရွိ ဘယ္ေနာက္ခံလူေတြအျဖစ္ ေဂ်ာ္ဒီအယ္လ္ဘာ နဲ႔ ဂ်ဴနီယာဖာပို တို႔ ရွိေနေပမယ့္ အရန္အျဖစ္ ေခၚယူလိုေနတာျဖစ္ပါတယ္။

သတင္းမ်ားအရ ဘာစီလိုနာအသင္းဟာ အိန္ဂ်ယ္လီႏို ကို ေနာက္ထပ္ ေရြးခ်ယ္အျဖစ္ ေခၚယူရန္ သတ္မွတ္ထားေသာ္လည္း ေရာ္နယ္ကိုးမန္းရဲ႕ အသင္းဟာ စပိန္ယူ ၂၁ ႏွစ္ေအာက္ လက္ေရြးစင္ကစားသမားေဟာင္းကို မန္စီးတီးအသင္းက ေရာင္းခ်ပါ့မလားလို႔ စိုးရိမ္ေနပါတယ္။ အိန္ဂ်ယ္လီႏိုနဲ႔ မန္စီးတီးအသင္းရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၃ ေႏြရာသီအထိ က်န္ရွိေနတာျဖစ္ေပမယ့္ သူဟာ ၂၀၂၀ ဇန္နဝါရီကတည္းက လိုက္ပ္ဇစ္အသင္းမွာ အငွားလာေရာက္ကစားေနၿပီး ၿပိဳင္ပြဲစံု ပြဲ (၄၀) အထိကစားေပးထားသူ ျဖစ္ပါတယ္။

ေနာက္ခံလူဟာ (၉) ဂိုးသြင္းထားၿပီး (၁၃) ဂိုးလည္း ဖန္တီးေပးထားၿပီး ေအာင္ျမင္တဲ့ ကစားသမားဘ၀ကို ပိုင္ဆိုင္ေနပါတယ္။ ဒါ့အျပင္သူဟာ ဒီရာသီမွာလည္း ၿပိဳင္ပြဲစံု (၂၂) ပြဲကစားထားၿပီး (၈) ဂိုးသြင္း (၈) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ အေစာပိုင္းတုန္းက မန္စီးတီးေနာက္ခံလူ အဲရစ္ဂါစီယာကို ေခၚယူရန္ သေဘာတူညီမႈရခဲ့ၿပီလို႔လည္း သိရပါတယ္။