ဆယ်စုနှစ်တစ်ခုရဲ့ အကောင်းဆုံးနည်းပြ အဖြစ် ဂွါဒီယိုလာ ၊ဇီဒန်းတို့ကို ကျော်ပြီး ဒီယေဂို ဆီမြွန်နီ ရွေးချယ်ခံရ


နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် သမိုင်းနဲ့အချက်အလက်များအဖွဲ့ (IFFHS) ရဲ့ မှတ်တမ်းတွေအရ ၂၀၁၀ ခုနှစ်နောက်ပိုင်း ၁၀ စုနှစ်အတွင်း အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခဲ့ရာမှာတော့ အက်သလက်တီကိုအသင်းနဲ့အတူ ဆုဖလားတစ်လုံးပဲ ရယူနိုင်ခဲ့တဲ့ ဒီယေဂိုဆီမြွန်နီက မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ ရီးရဲလ်နည်းပြ ဇီဒန်းတို့ကို ကျော်ပြီး ရွေးချယ်ခံခဲ့ရတယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


IFFHS ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်းမှာ ဆီမြွန်နီရဲ့ စွမ်းဆောင်ရည်က တကယ်ကို ကောင်းခဲ့ပါတယ်။ လာလီဂါချန်ပီယံတစ်ကြိမ်၊ စပိန်ဘုရင့်ဖလားတစ်ကြိမ်၊ ယူရိုပါလိဂ်နှစ်ကြိမ်နဲ့ ဥရောပ စူပါ ဖလား နှစ်ကြိမ်လည်း ရယူနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုဟာ ဥရောပကလပ်တွေထဲမှာ အသင်းကောင်းတစ်သင်းဖြစ် အောင်လည်း ဆီမြွန်နီအနေနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဆီမြွန်နီက ဂွါဒီယိုလာနဲ့ ဇီဒန်းကိုကျော်ပြီး အကောင်း ဆုံးနည်းပြအဖြစ် သတ်မှတ်ခံခဲ့ရတာပါ” လို့ ပြောခဲ့ပါတယ်။


IFFHS ရဲ့ တွက်ချက်မှုတွေအရ အကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ခံရတဲ့ ဆီမြွန်နီက ၁၅၂ မှတ်ရရှိခဲ့တာဖြစ်ပြီး ဂွါဒီယို လာ က ၁၄၄ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ လီဗာပူးကလော့ပ် က ၁၀၅ မှတ်၊ မော်ရင်ဟိုက ၉၁ မှတ်၊ ဂျူဗင်တပ်နည်းပြဟောင်း အလီဂရီက ၇၇ မှတ်၊ ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီက ၇၀ မှတ်၊ ဇီဒန်းက ၅၉ မှတ် ၊ အန် ဆယ်လော့တီက ၅၇ မှတ်၊ ပိုချက်တီနိုနဲ့ ရေးဗားပလိတ်နည်းပြ ဂယ်လာဒိုက ၅၆ မှတ်စီနဲ့ အစဉ်လိုက်ရပ်တည်နေခဲ့ပါတယ်။

zawgyi version

ဆယ္စုႏွစ္တစ္ခုရဲ႕ အေကာင္းဆံုးနည္းျပ အျဖစ္ ဂြါဒီယိုလာ ၊ဇီဒန္းတို႔ကို ေက်ာ္ၿပီး ဒီေယဂို ဆီႁမြန္နီ ေရြးခ်ယ္ခံရ
ႏိုင္ငံတကာေဘာလံုးအဖြဲ႕ခ်ဳပ္ သမိုင္းနဲ႔အခ်က္အလက္မ်ားအဖြဲ႔ (IFFHS) ရဲ႕ မွတ္တမ္းေတြအရ ၂၀၁၀ ခုႏွစ္ေနာက္ပိုင္း ၁၀ စုႏွစ္အတြင္း အေကာင္းဆံုးနည္းျပအျဖစ္ ေရြးခ်ယ္ခဲ့ရာမွာေတာ့ အက္သလက္တီကိုအသင္းနဲ႔အတူ ဆုဖလားတစ္လံုးပဲ ရယူႏိုင္ခဲ့တဲ့ ဒီေယဂိုဆီႁမြန္နီက မန္စီးတီးနည္းျပ ဂြါဒီယိုလာ၊ ရီးရဲလ္နည္းျပ ဇီဒန္းတို႔ကို ေက်ာ္ၿပီး ေရြးခ်ယ္ခံခဲ့ရတယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
IFFHS ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက “ ၂၀၁၁ ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္အတြင္းမွာ ဆီႁမြန္နီရဲ႕ စြမ္းေဆာင္ရည္က တကယ္ကို ေကာင္းခဲ့ပါတယ္။ လာလီဂါခ်န္ပီယံတစ္ႀကိမ္၊ စပိန္ဘုရင့္ဖလားတစ္ႀကိမ္၊ ယူ႐ိုပါလိဂ္ႏွစ္ႀကိမ္နဲ႔ ဥေရာပ စူပါ ဖလား ႏွစ္ႀကိမ္လည္း ရယူႏိုင္ခဲ့ပါတယ္။ အက္သလက္တီကိုဟာ ဥေရာပကလပ္ေတြထဲမွာ အသင္းေကာင္းတစ္သင္းျဖစ္ ေအာင္လည္း ဆီႁမြန္နီအေနနဲ႔ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဆီႁမြန္နီက ဂြါဒီယိုလာနဲ႔ ဇီဒန္းကိုေက်ာ္ၿပီး အေကာင္း ဆံုးနည္းျပအျဖစ္ သတ္မွတ္ခံခဲ့ရတာပါ” လို႔ ေျပာခဲ့ပါတယ္။
IFFHS ရဲ႕ တြက္ခ်က္မႈေတြအရ အေကာင္းဆံုးနည္းျပအျဖစ္ သတ္မွတ္ခံရတဲ့ ဆီႁမြန္နီက ၁၅၂ မွတ္ရရွိခဲ့တာျဖစ္ၿပီး ဂြါဒီယို လာ က ၁၄၄ မွတ္နဲ႔ ဒုတိယေနရာမွာ ရွိေနခဲ့တာျဖစ္ပါတယ္။ လီဗာပူးကေလာ့ပ္ က ၁၀၅ မွတ္၊ ေမာ္ရင္ဟိုက ၉၁ မွတ္၊ ဂ်ဴဗင္တပ္နည္းျပေဟာင္း အလီဂရီက ၇၇ မွတ္၊ ဗီလာရီးရဲလ္နည္းျပ အူႏိုင္းအမ္မရီက ၇၀ မွတ္၊ ဇီဒန္းက ၅၉ မွတ္ ၊ အန္ ဆယ္ေလာ့တီက ၅၇ မွတ္၊ ပိုခ်က္တီႏိုနဲ႔ ေရးဗားပလိတ္နည္းျပ ဂယ္လာဒိုက ၅၆ မွတ္စီနဲ႔ အစဥ္လိုက္ရပ္တည္ေနခဲ့ပါ တယ္။