အသင်းအတွက် ပြောဆိုနေချိန်မှာ ဖုန်းသုံးပြီး စာပို့နေတာကြောင့် ဇီဒန်းရဲ့ဆူပူကြိမ်းမောင်းတာကို ခံလိုက်ရတဲ့ ဗီနီဆီယက်


ရီးရဲလ်လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဗင်နီဆီယက်ဟာ အသင်းသားတွေနဲ့ နည်းပြဇီဒန်းတို့ အသင်းအတွက်ပြောဆိုနေ ချိန်မှာ နားမထောင်ဘဲ ဖုန်းသုံးပြီး စာပို့နေခဲ့တာကို သတိထားခြင်းခံခဲ့ရတာကြောင့် နည်းပြဇီဒန်းရဲ့ဆူပူကြိမ်းမောင်းတာကို ခံခဲ့ရတယ်လို့ သိရပါတယ်။ ဗင်နီဆီယက်ဟာ ရီးရဲလ်မှာ ပုံမှန်ပွဲထွက်ဖို့အတွက် ရုန်းကန်နေရတာကြောင့် အသင်းပြောင်းဖို့ သတင်းတွေထွက်နေသူဖြစ်ပြီး သူကိုခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။


အသက် ၂၀ နှစ်သာရှိသေးတဲ့ ဗင်နီဆီယက်ဟာ ဒီရာသီမှာ ရီးရဲလ်အတွက် ၅ ပွဲပဲ ပါဝင်ကစားခွင့်ရသေးပြီး သူရဲ့နေရာ မှာ ဒဏ်ရာက သက်သာလာတဲ့ ဟာဇက်ကြောင့် အသင်းမှာပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အိုဆာဆူနာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာလည်း ဗင်နီဆီယက်ဟာ အသင်းရဲ့အရန်စာရင်းမှာသာ ပါဝင်ခဲ့ပေမယ့် ကစား ခွင့်တော့မရရှိခဲ့ဘူးလို့လည်း သိရပါတယ်။


ရီးရဲလ်နဲ့ အဆင်မပြေဖြစ်နေတဲ့ ဗင်နီဆီယက်ကို အာဆင်နယ်အသင်းက အဌားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ပြီး အာဆင်နယ်နည်းပြ အာတီတာကလည်း ဂိုးဖန်တီးမှုကောင်းတဲ့ကစားသမားတစ်ဦးကို အလိုရှိ နေတယ်လို့ ပြောခဲ့ပါတယ်။ Daily Star သတင်းစာရဲ့ ဖော်ပြမှုမှာတော့ အာဆင်နယ်အသင်းဟာ ဗင်နီဆီယက်ကိုခေါ်ယူဖို့ အတွက် နည်းပြဟောင်း အူနိုင်းအမ်မရီရှိကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version

အသင္းအတြက္ ေျပာဆိုေနခ်ိန္မွာ ဖုန္းသံုးၿပီး စာပို႔ေနတာေၾကာင့္ ဇီဒန္းရဲ႕ဆူပူႀကိမ္းေမာင္းတာကို ခံလိုက္ရတဲ့ ဗီနီဆီယက္
ရီးရဲလ္လူငယ္ကစားသမားတစ္ဦးျဖစ္တဲ့ ဗင္နီဆီယက္ဟာ အသင္းသားေတြနဲ႔ နည္းျပဇီဒန္းတို႔ အသင္းအတြက္ေျပာဆိုေန ခ်ိန္မွာ နားမေထာင္ဘဲ ဖုန္းသံုးၿပီး စာပို႔ေနခဲ့တာကို သတိထားျခင္းခံခဲ့ရတာေၾကာင့္ နည္းျပဇီဒန္းရဲ႕ဆူပူႀကိမ္းေမာင္းတာကို ခံခဲ့ရတယ္လို႔ သိရပါတယ္။ ဗင္နီဆီယက္ဟာ ရီးရဲလ္မွာ ပံုမွန္ပြဲထြက္ဖို႔အတြက္ ႐ုန္းကန္ေနရတာေၾကာင့္ အသင္းေျပာင္းဖို႔ သတင္းေတြထြက္ေနသူျဖစ္ၿပီး သူကိုေခၚယူဖို႔အတြက္ အာဆင္နယ္အသင္းက ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။
အသက္ ၂၀ ႏွစ္သာရွိေသးတဲ့ ဗင္နီဆီယက္ဟာ ဒီရာသီမွာ ရီးရဲလ္အတြက္ ၅ ပြဲပဲ ပါဝင္ကစားခြင့္ရေသးၿပီး သူရဲ႕ေနရာ မွာ ဒဏ္ရာက သက္သာလာတဲ့ ဟာဇက္ေၾကာင့္ အသင္းမွာပံုမွန္ပြဲထြက္ခြင့္ေပ်ာက္ဆံုးေနတာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အိုဆာဆူနာနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္မွာလည္း ဗင္နီဆီယက္ဟာ အသင္းရဲ႕အရန္စာရင္းမွာသာ ပါဝင္ခဲ့ေပမယ့္ ကစား ခြင့္ေတာ့မရရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ရီးရဲလ္နဲ႔ အဆင္မေျပျဖစ္ေနတဲ့ ဗင္နီဆီယက္ကို အာဆင္နယ္အသင္းက အဌားနဲ႔ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ၿပီး အာဆင္နယ္နည္းျပ အာတီတာကလည္း ဂိုးဖန္တီးမႈေကာင္းတဲ့ကစားသမားတစ္ဦးကို အလိုရွိ ေနတယ္လို႔ ေျပာခဲ့ပါတယ္။ Daily Star သတင္းစာရဲ႕ ေဖာ္ျပမႈမွာေတာ့ အာဆင္နယ္အသင္းဟာ ဗင္နီဆီယက္ကိုေခၚယူဖို႔ အတြက္ နည္းျပေဟာင္း အူႏိုင္းအမ္မရီရွိကတည္းက စိတ္ဝင္စားခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။