စာချုပ်သက်တမ်း ၆ လပဲကျန်တော့တဲ့ အဂူရိုကို လိုချင်တယ်လို့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေ ပြောဆို


မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၆ လသာကျန်တော့ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူး အဂူရို ကိုခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက အလိုရှိနေတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ အဂူရိုဟာ အက်သလက်တီကိုကစားသမားဟောင်းတစ်ဦးဖြစ်တဲ့အပြင် လာလီဂါအတွေ့အကြုံရှိတဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် ဘာစီလိုနာအနေနဲ့ ခေါ်ယူဖို့ အလိုရှိနေတာပဲ ဖြစ်ပါတယ်။


မက်ဆီနဲ့ အဂူရိုတို့ဟာ ရင်းနှီးတဲ့မိတ်ဆွေဖြစ်တဲ့အပြင် အာဂျင်တီးနားအသင်းဖော်တွေလည်း ဖြစ်တာကြောင့် အတူတွဲက စားဖို့ အလိုရှိနေတယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ မန်စီးတီးအသင်းတာဝန်ရှိသူတွေက မက်ဆီကိုခေါ်ယူ ဖို့မှာလည်း အဂူရိုက အဓိကကျခဲ့သလို အဂူရိုကို ဘာစီလိုနာဆီကိုခေါ်ဖို့အတွက်လည်း မက်ဆီကအဓိကကျနေတယ်လို့ လည်း သတင်းတွေကဖော်ပြခဲ့ပါတယ်။ အခြားတစ်သင်းတစ်ခုမှာတော့ အဂူရိုဟာ ၉ နှစ်ကြာကစားခဲ့တဲ့ မန်စီးတီးအသင်း နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အလိုရှိနေတယ်လို့လည်း သိရပါတယ်။


အခြားသတင်းတစ်ခုမှာတော့ မန်စီးတီးအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား အဂူရိုကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီ အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက “ ထွက်ပေါ်နေတဲ့သတင်း တွေက ကောလာဟလလို့ပဲ ပြောရမှာပါ။ အခုချိန်မှာ အဂူရိုက ကိုဗစ်ဖြစ်နေတာကြောင့် သီးခြားနေထိုင်နေလို့ စာချုပ်သစ် အတွက် အဆင်မပြေဖြစ်နေသေးတာပါ။ သူလိုတိုက်စစ်မှူးက အသင်းအတွက် တကယ်ကိုလိုအပ်တဲ့ကစားသမားပါ” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

စာခ်ဳပ္သက္တမ္း ၆ လပဲက်န္ေတာ့တဲ့ အဂူ႐ိုကို လိုခ်င္တယ္လို႔ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြ ေျပာဆို
မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၆ လသာက်န္ေတာ့ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အဆင္မေျပျဖစ္ေနတဲ့ တိုက္စစ္မွဴး အဂူ႐ို ကိုေခၚယူဖို႔အတြက္ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြက အလိုရွိေနတယ္လို႔ သိရပါတယ္။ အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ့ အဂူ႐ိုဟာ အက္သလက္တီကိုကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့အျပင္ လာလီဂါအေတြ႕အၾကံဳရွိတဲ့ ကစားသမားတစ္ဦး ျဖစ္တာေၾကာင့္ ဘာစီလိုနာအေနနဲ႔ ေခၚယူဖို႔ အလိုရွိေနတာပဲ ျဖစ္ပါတယ္။
မက္ဆီနဲ႔ အဂူ႐ိုတို႔ဟာ ရင္းႏွီးတဲ့မိတ္ေဆြျဖစ္တဲ့အျပင္ အာဂ်င္တီးနားအသင္းေဖာ္ေတြလည္း ျဖစ္တာေၾကာင့္ အတူတြဲက စားဖို႔ အလိုရွိေနတယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။ မန္စီးတီးအသင္းတာဝန္ရွိသူေတြက မက္ဆီကိုေခၚယူ ဖို႔မွာလည္း အဂူ႐ိုက အဓိကက်ခဲ့သလို အဂူ႐ိုကို ဘာစီလိုနာဆီကိုေခၚဖို႔အတြက္လည္း မက္ဆီကအဓိကက်ေနတယ္လို႔ လည္း သတင္းေတြကေဖာ္ျပခဲ့ပါတယ္။ အျခားတစ္သင္းတစ္ခုမွာေတာ့ အဂူ႐ိုဟာ ၉ ႏွစ္ၾကာကစားခဲ့တဲ့ မန္စီးတီးအသင္း နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အလိုရွိေနတယ္လို႔လည္း သိရပါတယ္။
အျခားသတင္းတစ္ခုမွာေတာ့ မန္စီးတီးအသင္းရဲ႕ ဂိုးသြင္းအမ်ားဆံုးကစားသမား အဂူ႐ိုကို ေခၚယူဖို႔အတြက္ ပီအက္စ္ဂ်ီ အသင္းကလည္း စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက “ ထြက္ေပၚေနတဲ့သတင္း ေတြက ေကာလာဟလလို႔ပဲ ေျပာရမွာပါ။ အခုခ်ိန္မွာ အဂူ႐ိုက ကိုဗစ္ျဖစ္ေနတာေၾကာင့္ သီးျခားေနထိုင္ေနလို႔ စာခ်ဳပ္သစ္ အတြက္ အဆင္မေျပျဖစ္ေနေသးတာပါ။ သူလိုတိုက္စစ္မွဴးက အသင္းအတြက္ တကယ္ကိုလိုအပ္တဲ့ကစားသမားပါ” လို႔ ေျပာသြားခဲ့ပါတယ္။