ယူနိုက်တက်ကို မပြောင်းခင်း စီရော်နယ်ဒိုကို ပေါင် ၁၅ သန်းခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့် ငြင်းခဲ့တဲ့ ဘာစီလိုနာ


ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုကို ၂၀၀၃ ခုနှစ်က ယူနိုက်တက်အသင်းကို မပြောင်းရွှေ့ခင်မှာ ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့အတွက် အခွင့်အရေးရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့ ကြောင်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဘာစီလိုနာအနေနဲ့ စီရော်နယ်ဒိုကို ခေါ်ယူဖြစ်ခဲ့ပါက ၂၀၀၄ ခုနှစ်မှာ အသင်းကြီးနဲ့အတူ စတင်ပွဲထွက်ခဲ့တဲ့ မက်ဆီနဲ့ အတူ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား နှစ်ယောက်စလုံးကို ပိုင်ဆိုင်နိုင် မှာပဲ ဖြစ်ပါတယ်။


လက်ရှိမှာ ဘာစီလိုနာဥက္ကဌလောင်းအဖြစ် သတ်မှတ်ခံထားရပြီး အဲ့ဒီအချိန်တုန်းက ဘာစီလိုနာဥက္ကဌအဖြစ် တာဝန်ယူနေ တဲ့ လာပေါ်တာက “ စီရော်နယ်ဒိုကို ခေါ်ဖို့ထက် ရော်နယ်ဒင်ဟိုနဲ့ မားကွက်ဇ်တို့ကို ခေါ်ဖို့ ရှိနေတဲ့အချိန်ပါ။ အဲ့ဒီအချိန်တုန်းက အေးဂျင့်တစ်ဦးက ပေါင် ၁၇ သန်းလောက်တဲ့ လူငယ်ကစားသမားတစ်ဦးရှိ တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရော်နယ်ဒင်ဟိုအတွက် ရင်းနှီးမြုပ်နှံပြီးသားဖြစ်နေလို့ မခေါ်ခဲ့တာ ဖြစ်ပြီး နောက်ဆုံးမှာတော့ ယူနိုက်တက်က စီရော်နယ်ဒိုက ပေါင် ၁၉ သန်းနဲ့ ဝယ်ယူသွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။


ရော်နယ်ဒင်ဟို ဟာ ဘာစီလိုနာမှာ ၅ နှစ်တာကစားခဲ့တဲ့ကာလအတွင်းမှာ လာလီဂါချန်ပီယံဆု နှစ်ကြိမ်နဲ့ ချန်ပီယံလိဂ် တစ်ကြိမ်ရရှိခဲ့ပြီး ၂၀၀၅ ခုနှစ်မှာဆိုရင် Ballon d’Or ဆုကိုပါရရှိခဲ့သူဖြစ်ပါတယ်။ စီရော်နယ်ဒိုကတော့ ၂၀၀၈ ခုနှစ်မှာ Ballon d’Or ဆုကို ပထမဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပြီး နောက်တစ်နှစ်မှာပဲ ဘာစီလိုနာအသင်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ် အသင်းကို ပြောင်းရွှေ့ခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ယူႏိုက္တက္ကို မေျပာင္းခင္း စီေရာ္နယ္ဒိုကို ေပါင္ ၁၅ သန္းေခၚယူဖို႔ အခြင့္အေရးရခဲ့တယ္လို႔ ဘာစီလိုနာအသင္း ျငင္းပယ္ခဲ့
ဘာစီလိုနာအသင္းတာဝန္ရွိသူေတြက ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားတစ္ဦးျဖစ္တဲ့ စီေရာ္နယ္ဒိုကို ၂၀၀၃ ခုႏွစ္က ယူႏိုက္တက္အသင္းကို မေျပာင္းေရႊ႕ခင္မွာ ေပါင္ ၁၅ သန္းနဲ႔ ေခၚယူဖို႔အတြက္ အခြင့္အေရးရရွိခဲ့ေပမယ့္ ျငင္းပယ္ခဲ့ ေၾကာင္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ဘာစီလိုနာအေနနဲ႔ စီေရာ္နယ္ဒိုကို ေခၚယူျဖစ္ခဲ့ပါက ၂၀၀၄ ခုႏွစ္မွာ အသင္းႀကီးနဲ႔အတူ စတင္ပြဲထြက္ခဲ့တဲ့ မက္ဆီနဲ႔ အတူ ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမား ႏွစ္ေယာက္စလံုးကို ပိုင္ဆိုင္ႏိုင္ မွာပဲ ျဖစ္ပါတယ္။
လက္ရွိမွာ ဘာစီလိုနာဥကၠဌေလာင္းအျဖစ္ သတ္မွတ္ခံထားရၿပီး အဲ့ဒီအခ်ိန္တုန္းက ဘာစီလိုနာဥကၠဌအျဖစ္ တာဝန္ယူေန တဲ့ လာေပၚတာက “ စီေရာ္နယ္ဒိုကို ေခၚဖို႔ထက္ ေရာ္နယ္ဒင္ဟိုနဲ႔ မားကြက္ဇ္တို႔ကို ေခၚဖို႔ ရွိေနတဲ့အခ်ိန္ပါ။ အဲ့ဒီအခ်ိန္တုန္းက ေအးဂ်င့္တစ္ဦးက ေပါင္ ၁၇ သန္းေလာက္တဲ့ လူငယ္ကစားသမားတစ္ဦးရွိ တယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔က ေရာ္နယ္ဒင္ဟိုအတြက္ ရင္းႏွီးျမဳပ္ႏွံၿပီးသားျဖစ္ေနလို႔ မေခၚခဲ့တာ ျဖစ္ၿပီး ေနာက္ဆံုးမွာေတာ့ ယူႏိုက္တက္က စီေရာ္နယ္ဒိုက ေပါင္ ၁၉ သန္းနဲ႔ ဝယ္ယူသြားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေရာ္နယ္ဒင္ဟို ဟာ ဘာစီလိုနာမွာ ၅ ႏွစ္တာကစားခဲ့တဲ့ကာလအတြင္းမွာ လာလီဂါခ်န္ပီယံဆု ႏွစ္ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ တစ္ႀကိမ္ရရွိခဲ့ၿပီး ၂၀၀၅ ခုႏွစ္မွာဆိုရင္ Ballon d’Or ဆုကိုပါရရွိခဲ့သူျဖစ္ပါတယ္။ စီေရာ္နယ္ဒိုကေတာ့ ၂၀၀၈ ခုႏွစ္မွာ Ballon d’Or ဆုကို ပထမဆံုးအႀကိမ္ရရွိခဲ့တာျဖစ္ၿပီး ေနာက္တစ္ႏွစ္မွာပဲ ဘာစီလိုနာအသင္းရဲ႕ၿပိဳင္ဘက္ျဖစ္တဲ့ ရီးရဲလ္ အသင္းကို ေျပာင္းေရႊ႕ခဲ့တာပဲ ျဖစ္ပါတယ္။