အန်ဆုဖာတီက မက်ဆီလို ဘာစီလိုနာအသင်းမှာ အောင်မြင်မယ်လို့ ဆိုလိုက်တဲ့ တိုက်စစ်မှူးဟောင်း အီတူး

ဘာစီလိုနာအသင်းရဲ့ သူရဲကောင်းဖြစ်တဲ့ အီတူးက သူဟာ အန်ဆုဖာတီရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်တယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် မချုပ်သေးသော်လည်း သူ့ရဲ့ နူးကမ့်ပေါ်က နေ့ရက်တွေဟာ ကုန်ဆုံးသွားခြင်း မရှိသေးပါဘူး။

သို့သော်လည်း သူ့ရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ အီတူးကတော့ လာမာစီယာအကယ်ဒမီက ထွက်ရှိလာတဲ့ အန်ဆုဖာတီက မက်ဆီလိုမျိုး အောင်မြင်မှု ရမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

“ကျွန်တော်ကတော့ အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းရဲ့ အနာဂတ်ပါ။ သူဟာ အခုအချိန်မှာလည်း အံ့အားသင့်ဖို့ ကောင်းတာတွေ လုပ်ပြနေပြီး အသင်းကလည်း သူ့ကို သေချာထိန်းသိမ်းပေးဖို့ လိုပါတယ်။ ပြီးတော့ အရမ်းလည်း ဂရုစိုက်ရပါမယ်။ သူဟာ မက်ဆီဆီက တာဝန်တွေကို လွှဲပြောင်းယူနိုင်မယ်လို့ မျှော်လင့်ကြတာပေါ့” လို့ အီတူးက ပြောသွားခဲ့တာ ဖြစ်ပါတယ်။



