ဘာစီလိုနာဥက္ကဌသစ်ဖြစ်ဖို့ ဥက္ကဌဟောင်း လာပေါ်တာ ရေပန်းအစားဆုံးဖြစ်နေပြီး မက်ဆီကို ဆက်ထိန်းထားမယ်လို့ ပြောဆို


လာမယ့်ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပဖို့ ရှိနေတဲ့ ဘာစီလိုနာဥက္ကဌသစ် ရွေးချယ်တင်မြောက်မှုမှာ ဥက္ကဌဟောင်း တစ် ဦးဖြစ်တဲ့ လာပေါ်တာ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ လာပေါ်တာဟာ ဘာစီလိုနာအသင်း ဥက္ကဌအဖြစ် ၂၀၀၃ ကနေ ၂၀၁၀ ခုနှစ်အထိ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး သူဟာ ဥက္ကဌဖြစ်လာမယ်ဆိုရင် မက်ဆီကို ဆက်ထိန်းထားဖို့ အဓိကလုပ်ဆောင်မယ်ဆိုပြီးတော့လည်း မဲဆွယ်ထားခဲ့သူ ဖြစ်ပါတယ်။


ဥက္ကဌဟောင်း ဘာတိုမီယူ နှုတ်ထွက်သွားပြီးနောက် ဥက္ကဌသစ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ လေးဦးရှိပြီး ဒီအထဲမှာမှ လာပေါ်တီက ၁၀၂၇၂ ၊ ဖွန့် က ၄၇၁၃ ၊ ဖရီဆီယာက ၂၈၂၂ နဲ့ ရော့ဆန်စ်က ၂၅၁၀ ရရှိထားတယ်လို့ သိရပါတယ်။ အခြားဥက္ကဌလောင်းတွေထက် မဲအရေအတွက် တစ်ဆကျော်များနေတာကြောင့် လာပေါ်တာအနေနဲ့ ဥက္ကဌသစ်ဖို့ နီးစပ် နေတယ်လို့လည်းသတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ နည်းပြသစ်ရော်နယ်ကိုးမန်းရဲ့ လက်အောက်မှာ ခြေစွမ်းကောင်းပြန်ရလာပြီး နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။ အသင်းပြောင်းရွှေ့မယ်လို့ သတင်းတွေဆက်တိုက်ထွက်နေခဲ့ပေမယ့် မက်ဆီကလည်း ဘာစီလိုနာအတွက် အကောင်းဆုံးခြေစွမ်းပြနေတာကြောင့် အသင်းမှာ ဆက်ရှိနေမယ်လို့လည်း သတင်းထွက်ပါတယ်။ ဘာစီလိုနာဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အက်သလက်တီကိုနဲ့ ၄ မှတ်ကွာဟနေပြီး အဆင့်-၃ နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

zawgyi version

ဘာစီလိုနာဥကၠဌသစ္ျဖစ္ဖို႔ ဥကၠဌေဟာင္း လာေပၚတာ ေရပန္းအစားဆံုးျဖစ္ေနၿပီး မက္ဆီကို ဆက္ထိန္းထားမယ္လို႔ ေျပာဆို
လာမယ့္ဇန္နဝါရီလ ၂၄ ရက္ေန႔မွာ က်င္းပဖို႔ ရွိေနတဲ့ ဘာစီလိုနာဥကၠဌသစ္ ေရြးခ်ယ္တင္ေျမာက္မႈမွာ ဥကၠဌေဟာင္း တစ္ ဦးျဖစ္တဲ့ လာေပၚတာ ေရပန္းအစားဆံုးျဖစ္ေနတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ လာေပၚတာဟာ ဘာစီလိုနာအသင္း ဥကၠဌအျဖစ္ ၂၀၀၃ ကေန ၂၀၁၀ ခုႏွစ္အထိ လုပ္ကိုင္ခဲ့သူ ျဖစ္ၿပီး သူဟာ ဥကၠဌျဖစ္လာမယ္ဆိုရင္ မက္ဆီကို ဆက္ထိန္းထားဖို႔ အဓိကလုပ္ေဆာင္မယ္ဆိုၿပီးေတာ့လည္း မဲဆြယ္ထားခဲ့သူ ျဖစ္ပါတယ္။
ဥကၠဌေဟာင္း ဘာတိုမီယူ ႏႈတ္ထြက္သြားၿပီးေနာက္ ဥကၠဌသစ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္သူ ေလးဦးရွိၿပီး ဒီအထဲမွာမွ လာေပၚတီက ၁၀၂၇၂ ၊ ဖြန္႔ က ၄၇၁၃ ၊ ဖရီဆီယာက ၂၈၂၂ နဲ႔ ေရာ့ဆန္စ္က ၂၅၁၀ ရရွိထားတယ္လို႔ သိရပါတယ္။ အျခားဥကၠဌေလာင္းေတြထက္ မဲအေရအတြက္ တစ္ဆေက်ာ္မ်ားေနတာေၾကာင့္ လာေပၚတာအေနနဲ႔ ဥကၠဌသစ္ဖို႔ နီးစပ္ ေနတယ္လို႔လည္းသတင္းေတြက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။
ဘာစီလိုနာဟာ နည္းျပသစ္ေရာ္နယ္ကိုးမန္းရဲ႕ လက္ေအာက္မွာ ေျခစြမ္းေကာင္းျပန္ရလာၿပီး ေနာက္ဆံုး ၈ ပြဲဆက္ ရႈံးပြဲ မရွိေအာင္ ကစားထားႏိုင္ခဲ့ပါတယ္။ အသင္းေျပာင္းေရႊ႕မယ္လို႔ သတင္းေတြဆက္တိုက္ထြက္ေနခဲ့ေပမယ့္ မက္ဆီကလည္း ဘာစီလိုနာအတြက္ အေကာင္းဆံုးေျခစြမ္းျပေနတာေၾကာင့္ အသင္းမွာ ဆက္ရွိေနမယ္လို႔လည္း သတင္းထြက္ပါတယ္။ ဘာစီလိုနာဟာ လက္ရွိမွာေတာ့ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အက္သလက္တီကိုနဲ႔ ၄ မွတ္ကြာဟေနၿပီး အဆင့္-၃ ေနရာကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။