စီရော်နယ်ဒိုရဲ့ နောက်ဆုံး ၁၅ ရာသီဆက် လိဂ်သွင်းဂိုး ၁၅ ဂိုးစံချိန်ကို မက်ဆီကလည်း နောက်ဆုံး ၁၅ ရာသီဆက် လိဂ်သွင်းဂိုး ၁၀ ဂိုးနဲ့ လိုက်မီခဲ့


ပြီးခဲ့နေ့က ဖော်ပြတဲ့သတင်းတွေအရတော့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ နောက်ဆုံး ၁၅ ရာသီဆက် လိဂ်သွင်း ဂိုး ၁၅ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ဥရောပထိပ်သီးလိဂ် ၅ ခုမှာ စံချိန်တင်ခဲ့ပါတယ်။ ဒီစံချိန်ကိုတော့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကလည်း နောက်ဆုံး ၁၅ ရာသီဆက် အသင်းအတွက် လိဂ်သွင်းဂိုး ၁၀ ဂိုးစံချိန်နဲ့ လိုက်မီ နိုင်ခဲ့တယ်လို့ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။


အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအတွက် ၂၀၀၆ ခုနှစ်ကတည်းက ဒီနှစ်အထိ နောက်ဆုံး ၁၅ ရာသီ ဆက် တစ်ရာသီမှာ လိဂ်သွင်းဂိုးအနည်းဆုံး ၁၀ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုရဲ့ နောက်ဆုံး ၁၅ ရာသီဆက် သွင်းဂိုးမှတ်တမ်းကို လိုက်မီခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီမှာတော့ မက်ဆီဟာ ဘာစီလိုနာအတွက် လိဂ်သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူပေးထားသူလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေသလို အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိသေး ဘူးဆိုပေမယ့် မက်ဆီကတော့ ဘာစီလိုနာအတွက် ကစားခွင့်ရတဲ့ပွဲစဉ်တွေမှာ အကောင်းဆုံး ခြေစွမ်းပြနေတာကို တွေ့ရ ပါတယ်။ ဂရန်နာဒါကို လေးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာဆိုရင်လည်း မက်ဆီအနေနဲ့ ပြစ်ဒဏ်ဘောကနေတဆင့် လှပတဲ့သွင်း ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version

စီေရာ္နယ္ဒိုရဲ႕ ေနာက္ဆံုး ၁၅ ရာသီဆက္ လိဂ္သြင္းဂိုး ၁၅ ဂိုးစံခ်ိန္ကို မက္ဆီကလည္း ေနာက္ဆံုး ၁၅ ရာသီဆက္ လိဂ္သြင္းဂိုး ၁၀ ဂိုးနဲ႔ လိုက္မီခဲ့
ၿပီးခဲ့ေန႔က ေဖာ္ျပတဲ့သတင္းေတြအရေတာ့ ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုဟာ ေနာက္ဆံုး ၁၅ ရာသီဆက္ လိဂ္သြင္း ဂိုး ၁၅ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆံုးကစားသမားအျဖစ္ ဥေရာပထိပ္သီးလိဂ္ ၅ ခုမွာ စံခ်ိန္တင္ခဲ့ပါတယ္။ ဒီစံခ်ိန္ကိုေတာ့ ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီကလည္း ေနာက္ဆံုး ၁၅ ရာသီဆက္ အသင္းအတြက္ လိဂ္သြင္းဂိုး ၁၀ ဂိုးစံခ်ိန္နဲ႔ လိုက္မီ ႏိုင္ခဲ့တယ္လို႔ The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ဘာစီလိုနာအတြက္ ၂၀၀၆ ခုႏွစ္ကတည္းက ဒီႏွစ္အထိ ေနာက္ဆံုး ၁၅ ရာသီ ဆက္ တစ္ရာသီမွာ လိဂ္သြင္းဂိုးအနည္းဆံုး ၁၀ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး စီေရာ္နယ္ဒိုရဲ႕ ေနာက္ဆံုး ၁၅ ရာသီဆက္ သြင္းဂိုးမွတ္တမ္းကို လိုက္မီခဲ့တာျဖစ္ပါတယ္။ လက္ရွိရာသီမွာေတာ့ မက္ဆီဟာ ဘာစီလိုနာအတြက္ လိဂ္သြင္းဂိုး ၁၁ ဂိုးအထိ သြင္းယူေပးထားသူလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီကတည္းက အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနသလို အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ျခင္းမရွိေသး ဘူးဆိုေပမယ့္ မက္ဆီကေတာ့ ဘာစီလိုနာအတြက္ ကစားခြင့္ရတဲ့ပြဲစဥ္ေတြမွာ အေကာင္းဆံုး ေျခစြမ္းျပေနတာကို ေတြ႕ရ ပါတယ္။ ဂရန္နာဒါကို ေလးဂိုးျပတ္နဲ႔ အႏိုင္ရတဲ့ပြဲမွာဆိုရင္လည္း မက္ဆီအေနနဲ႔ ျပစ္ဒဏ္ေဘာကေနတဆင့္ လွပတဲ့သြင္း ဂိုးတစ္ဂိုးကို သြင္းယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။