တံတိုင်းနောက်မှာ အိပ်ပြီး လူကာထားလည်း ပြစ်ဒဏ်ဘောကနေ ဂိုးရအောင် မြေလိမ့်ဘော ကန်သွင်းနိုင်တဲ့ မက်ဆီ


မက်ဆီဆိုတာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဆိုတာ အားလုံးက လက်ခံထားကြပါတယ်။ သူရဲ့ စွမ်း ဆောင်ရည်တွေက အခြားသူတွေ လိုက်မီဖို့ ခဲယဉ်းသလို တကယ်ကို ဘောလုံးလောကမှာ တွေ့ရခဲတဲ့ ကစားသမားတစ် ယောက်ပါပဲ။ သူ ပါဝင်ကစားခဲ့တဲ့ အသင်းက ပြိုင်ဘက်အသင်းတွေကို ကစားသမားတစ်ယောက်အသာရသလိုမျိုးအထိ ကစားနိုင်သလို သူပါဝင်ကစားမယ် သူရဲ့အသင်းသားတွေရဲ့ ယုံကြည်မှုကလည်း ပိုပြီး အားကောင်းလာတာကို တွေ့ရ ပါ တယ်။


ပြီးခဲ့တဲ့နွေရာသီတုန်းက အပြောင်းအရွှေ့သတင်းတွေ ထွက်ခဲ့ပြီး လက်ရှိမှာလည်း အသင်းပြောင်းမယ့်သတင်းတွေထွက် နေပေမယ့် ဘာစီလိုနာအတွက် အကောင်းဆုံးခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနေတဲ့ မက်ဆီဟာ ဂရန်နာဒါနဲ့ ကစားခဲ့တဲ့ပွဲမှာ လည်း အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့အပြင် ဂိုးသွင်းကောင်းသူတစ် ဦးဖြစ်တာကြောင့် မက်ဆီ ဂိုးသွင်းတာက မထူးဆန်းဘူးဆိုပေမယ့် လှပတဲ့သွင်းဂိုးတစ်ဂိုးရဖို့ခက်ပါတယ်။ ဒီလိုလှပတဲ့ဂိုး တစ်ဂိုးကို မက်ဆီက ဂရန်နာဒါနဲ့ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။


ဂရန်နာဒါနဲ့ ပွဲမှာ မက်ဆီက နှစ်ဂိုးသွင်းယူခဲ့တာ ဖြစ်ပေမယ့် ပြစ်ဒဏ်ဘောကနေတဆင့် သွင်းယူခဲ့တဲ့ဂိုးကတော့ ဘောလုံး လောကမှာ မြင်ရခဲတဲ့ဂိုးသွင်းယူမှု ဖြစ်ခဲ့ပါတယ်။ ပင်နယ်တီဧရိယာထိပ်နားကနေ ကန်ခွင့်ရတဲ့ ပြစ်ဒဏ်ဘောကို ဂရန်နာဒါ နောက်ခံလူတွေ ပိတ်ထားတဲ့အပြင် ဂရန်နာဒါကစားသမားတစ်ဦးဆိုရင် လဲအိပ်ပြီး ကာထားခဲ့ပေမယ့် မက်ဆီက မထင်မှတ်ထားတဲ့ဘက်ကို မြေလှိမ့်ဘောကန်ပြီး သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

တံတိုင္းေနာက္မွာ အိပ္ၿပီး လူကာထားလည္း ျပစ္ဒဏ္ေဘာကေန ဂိုးရေအာင္ ေျမလိမ့္ေဘာ ကန္သြင္းႏိုင္တဲ့ မက္ဆီ
မက္ဆီဆိုတာ ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားတစ္ေယာက္ဆိုတာ အားလံုးက လက္ခံထားၾကပါတယ္။ သူရဲ႕ စြမ္း ေဆာင္ရည္ေတြက အျခားသူေတြ လိုက္မီဖို႔ ခဲယဥ္းသလို တကယ္ကို ေဘာလံုးေလာကမွာ ေတြ႕ရခဲတဲ့ ကစားသမားတစ္ ေယာက္ပါပဲ။ သူ ပါဝင္ကစားခဲ့တဲ့ အသင္းက ၿပိဳင္ဘက္အသင္းေတြကို ကစားသမားတစ္ေယာက္အသာရသလိုမ်ိဳးအထိ
ကစားႏိုင္သလို သူပါဝင္ကစားမယ္ သူရဲ႕အသင္းသားေတြရဲ႕ ယံုၾကည္မႈကလည္း ပိုၿပီး အားေကာင္းလာတာကို ေတြ႕ရ ပါ တယ္။
ၿပီးခဲ့တဲ့ေႏြရာသီတုန္းက အေျပာင္းအေရႊ႕သတင္းေတြ ထြက္ခဲ့ၿပီး လက္ရွိမွာလည္း အသင္းေျပာင္းမယ့္သတင္းေတြထြက္ ေနေပမယ့္ ဘာစီလိုနာအတြက္ အေကာင္းဆံုးေျခစြမ္းျပၿပီး ဂိုးေတြသြင္းယူေနတဲ့ မက္ဆီဟာ ဂရန္နာဒါနဲ႔ ကစားခဲ့တဲ့ပြဲမွာ လည္း အသင္းအတြက္ အႏိုင္ဂိုး ႏွစ္ဂိုးသြင္းယူေပးခဲ့ပါတယ္။ တိုက္စစ္မွဴးတစ္ေယာက္ျဖစ္တဲ့အျပင္ ဂိုးသြင္းေကာင္းသူတစ္ ဦးျဖစ္တာေၾကာင့္ မက္ဆီ ဂိုးသြင္းတာက မထူးဆန္းဘူးဆိုေပမယ့္ လွပတဲ့သြင္းဂိုးတစ္ဂိုးရဖို႔ခက္ပါတယ္။ ဒီလိုလွပတဲ့ဂိုး တစ္ဂိုးကို မက္ဆီက ဂရန္နာဒါနဲ႔ပြဲမွာ သြင္းယူႏိုင္ခဲ့ပါတယ္။
ဂရန္နာဒါနဲ႔ ပြဲမွာ မက္ဆီက ႏွစ္ဂိုးသြင္းယူခဲ့တာ ျဖစ္ေပမယ့္ ျပစ္ဒဏ္ေဘာကေနတဆင့္ သြင္းယူခဲ့တဲ့ဂိုးကေတာ့ ေဘာလံုး ေလာကမွာ ျမင္ရခဲတဲ့ဂိုးသြင္းယူမႈ ျဖစ္ခဲ့ပါတယ္။ ပင္နယ္တီဧရိယာထိပ္နားကေန ကန္ခြင့္ရတဲ့ ျပစ္ဒဏ္ေဘာကို ဂရန္နာဒါ ေနာက္ခံလူေတြ ပိတ္ထားတဲ့အျပင္ ဂရန္နာဒါကစားသမားတစ္ဦးဆိုရင္ လဲအိပ္ၿပီး ကာထားခဲ့ေပမယ့္ မက္ဆီက မထင္မွတ္ထားတဲ့ဘက္ကို ေျမလွိမ့္ေဘာကန္ၿပီး သြင္းယူခဲ့တာပဲ ျဖစ္ပါတယ္။