အခြားအသင်းကြီးတွေထက် လက်ဦးမှု ရယူပြီး ကာမာဗင်ဂါ ကို အရခေါ်ဖို့ ဆက်သွယ်နေတဲ့ ရီးရဲလ်မက်ဒရစ်


စပိန်ထိပ်သီးကလပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ ရီးရဲလ်ဟာ ရန်းနက်စ်အသင်းမှာခြေစွမ်းပြနေတာကြောင့် ဥရောပထိပ်သီး အသင်းအများစုရဲ့ စောင့်ကြည့်ခြင်းခံနေရတဲ့ ကာမာဗင်ဂါကို လက်ဦးမှုရယူပြီး အရခေါ်ဖို့အတွက် ဆက်သွယ်နေတယ်လို့ သိရပါတယ်။ ကာမာဗင်ဂါကို ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ အသင်းကြီးတွေကတော့ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်နဲ့ ပီအက်စ် ဂျီအသင်းတွေလည်း ဖြစ်တယ်လို့သိရပါတယ်။


ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ရန်းနက်စ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အသင်းကြီး တွေရဲ့ စောင့်ကြည့်ခြင်းခံနေရတဲ့ ကာမာဗင်ဂါက သူအနေနဲ့ လက်ရှိမှာ အပြောင်းအရွှေ့သတင်းတွေထွက် ရန်းနက်စ်အ သင်းမှာပဲ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားနေကြောင်း ပြောခဲ့ပါတယ်။ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ရှိနေတဲ့ ရီးရဲလ်ကတော့ အနာဂတ် အသင်းအတွက် ကာမာဗင်ဂါက အဓိက,ကစားသမားတစ်ဦးဖြစ်လာမယ်လို့ ပြောသွားခဲ့ပါတယ်။


Canal ရဲ့ မေးမြန်းမှုကိုတော့ အသက် ၁၈ နှစ်ပဲရှိသေးပဲ ရှိသေးတဲ့ ကာမာဗင်ဂါက “ အခုက ရန်းနက်စ်အသင်းသားအဖြစ် ရှိနေဆဲပါ။ အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းခံနေရတာကြောင့် ပျော်ရွှင်မိတယ်ဆိုပေမယ့် ရာသီကုန်တဲ့အထိ အသင်းမှာ ဆက်ရှိသွားမှာပါ။ လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ကစားခွင့်ရဖို့က ကျွန်တော်ရဲ့ အိပ်မက်ပဲ ဖြစ်ပါ တယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

အျခားအသင္းႀကီးေတြထက္ လက္ဦးမႈ ရယူၿပီး ကာမာဗင္ဂါ ကို အရေခၚဖို႔ ဆက္သြယ္ေနတဲ့ ရီးရဲလ္မက္ဒရစ္
စပိန္ထိပ္သီးကလပ္အသင္းႀကီးတစ္သင္းျဖစ္တဲ့ ရီးရဲလ္ဟာ ရန္းနက္စ္အသင္းမွာေျခစြမ္းျပေနတာေၾကာင့္ ဥေရာပထိပ္သီး အသင္းအမ်ားစုရဲ႕ ေစာင့္ၾကည့္ျခင္းခံေနရတဲ့ ကာမာဗင္ဂါကို လက္ဦးမႈရယူၿပီး အရေခၚဖို႔အတြက္ ဆက္သြယ္ေနတယ္လို႔ သိရပါတယ္။ ကာမာဗင္ဂါကို ေခၚယူဖို႔ေစာင့္ၾကည့္ေနတဲ့ အသင္းႀကီးေတြကေတာ့ ဘိုင္ယန္ျမဴးနစ္၊ ဂ်ဴဗင္တပ္နဲ႔ ပီအက္စ္ ဂ်ီအသင္းေတြလည္း ျဖစ္တယ္လို႔သိရပါတယ္။
ၿပီးခဲ့တဲ့ေဘာလံုးရာသီတုန္းက ရန္းနက္စ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ အသင္းႀကီး ေတြရဲ႕ ေစာင့္ၾကည့္ျခင္းခံေနရတဲ့ ကာမာဗင္ဂါက သူအေနနဲ႔ လက္ရွိမွာ အေျပာင္းအေရႊ႕သတင္းေတြထြက္ ရန္းနက္စ္အ သင္းမွာပဲ ေျခစြမ္းျပႏိုင္ဖို႔ ႀကိဳးစားေနေၾကာင္း ေျပာခဲ့ပါတယ္။ ေျပာင္းလဲမႈေတြ ျပဳလုပ္ဖို႔ရွိေနတဲ့ ရီးရဲလ္ကေတာ့ အနာဂတ္ အသင္းအတြက္ ကာမာဗင္ဂါက အဓိက,ကစားသမားတစ္ဦးျဖစ္လာမယ္လို႔ ေျပာသြားခဲ့ပါတယ္။
Canal ရဲ႕ ေမးျမန္းမႈကိုေတာ့ အသက္ ၁၈ ႏွစ္ပဲရွိေသးပဲ ရွိေသးတဲ့ ကာမာဗင္ဂါက “ အခုက ရန္းနက္စ္အသင္းသားအျဖစ္ ရွိေနဆဲပါ။ အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားျခင္းခံေနရတာေၾကာင့္ ေပ်ာ္ရႊင္မိတယ္ဆိုေပမယ့္ ရာသီကုန္တဲ့အထိ အသင္းမွာ ဆက္ရွိသြားမွာပါ။ လာမယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ျပင္သစ္အသင္းအတြက္ ကစားခြင့္ရဖို႔က ကၽြန္ေတာ္ရဲ႕ အိပ္မက္ပဲ ျဖစ္ပါ တယ္” လို႔ ေျပာသြားခဲ့ပါတယ္။