ပီဒရီက ဘာစီလိုနာအတွက် ဒုတိယမြောက် အင်နီယေစတာ လို့ ချီးကျူးခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဆီ


အသင်းပြောင်းရွှေ့မယ့်သတင်းတွေ ထွက်နေပေမယ့် မက်ဆီဟာ ဘာစီလိုနာအတွက် ပါဝင်ကစားပေးနေပြီး ခြေစွမ်းပြဂိုး တွေ သွင်းနေသလို အသင်းဖော်ဖြစ်တဲ့ လူငယ်ကစားသမား ပီဒရီကိုလည်း ချီးကျူးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မက်ဆီက အသင်းနဲ့အတူ ပွဲထွက်ခွင့်ရလာပြီး ခြေစွမ်းပြနေတဲ့ ပီဒရီဟာ ဘာစီလိုနာအတွက် ဒုတိယမြောက် အင်နီယေစ တာ ဖြစ်လာမယ့်သူလို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။


Mail သတင်းစာရဲ့ဖော်ပြချက်အရတော့ မက်ဆီအနေနဲ့ ပီဒရီကြောင့် ဘာစီလိုနာမှာ ဆက်ရှိသွားဖို့ ရှိနေတယ်လို့လည်း သိ ရပါတယ်။ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့ မက်ဆီကို မန်စီးတီးနဲ့ ပီ အက်စ်ဂျီအသင်းတွေက ခေါ်ယူဖို့ ပြင်ဆင်နေကြပါတယ်။ မက်ဆီအနေနဲ့ မန်စီးတီးကိုပြောင်းရွှေ့ဖြစ်ပါက နည်းပြဟောင်း ဂွါဒီယိုလာ ၊ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖြစ်ပါက အသင်းဖော်ဟောင်းနေမာတို့နဲ့ ပြန်လည်လက်တွဲခွင့် ရရှိမှာပဲ ဖြစ်ပါတယ်။


ဘီဘာအိုက အနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ မက်ဆီက “ အသက် ၁၈ နှစ်သာရှိသေးတယ်ဆိုပေမယ့် ပီဒရီရဲ့ ဘောလုံးကို ဦး နှောက်နဲ့ ကစားနိုင်စွမ်းက အကောင်းဆုံးဖြစ်နေပါတယ်။ ဘီလ်ဘာအိုနဲ့ပွဲမှာဆိုရင် ကိုယ်တိုင်လည်း တစ်ဂိုးသွင်းနိုင်သလို ကျွန်တော်ရဲ့သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူက ဘာစီလိုနာအတွက် ဒုတိယမြောက် အင်နီယေစတာ ဖြစ်လာ မှာပါ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi version
