ရီးရဲလ်က ထွက်ခဲ့မယ်ဆိုရင်တောင် လီဗာပူးကို ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ ရာမို့စ်


ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဖြစ်ပေမယ့် စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တဲ့ ရာမို့စ်ဟာ စာချုပ်သစ်အတွက် အဆင်မပြေမှုတွေကြောင့် အသင်းပြောင်းရွှေ့မယ့်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အသက် ၃၄ နှစ်ရှိနေပြီ ဖြစ်ပေ မယ့် အတွေ့အကြုံများတဲ့ ရာမို့စ်ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ်က လီဗာပူးနဲ့ မန်စီးတီးတို့လည်း ပါဝင်နေခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့ လီဗာပူးအသင်းဟာ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်ခ်နဲ့ ဂိုမက်ဇ်တို့ ဒဏ်ရာရနေ တာကြောင့် နောက်ခံလူတစ်ဦးခေါ်ယူဖို့ ရှိနေတယ်လို့ သတင်းတွေထွက်အပြီးမှာ ရာမို့စ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ် လို့လည်း သိရပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲမှာ တိုက်စစ်မှူး ဆာလက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာကြောင့် လီဗာပူးပရိသတ်တွေအနေနဲ့ ရာမို့စ်ကို ကြိုက်နှစ်သက်ခြင်းမရှိလို့ အသင်းတာဝန်ရှိသူတွေကလည်း ရာမို့စ်ကို ခေါ်ဖို့ နှောင့်နှေးနေတာပဲ ဖြစ်ပါတယ်။


ရာမို့စ်က “ လက်ရှိအနေအထားက ပြောဖို့ခက်ပါတယ်။ တရုတ်စူပါလိဂ်ဘက်ကနေလည်း အကောင်းဆုံးကမ်းလှမ်းထားမှု တွေ ရထားပါတယ်။ လီဗာပူးက ခေါ်ယူဖို့ စောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေကြားရပေမယ့် ရီးရဲလ်က ထွက်ခဲ့ရင် တောင် လီဗာပူးကိုတော့ ပြောင်းမှာ မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။ အခြားသတင်းတွေရဲ့ဖော်ပြချက်အရတော့ ရီးရဲလ် အသင်းအနေနဲ့ သူတို့ရဲ့အသင်းခေါင်းဆောင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

zawgyi version

ရီးရဲလ္က ထြက္ခဲ့မယ္ဆိုရင္ေတာင္ လီဗာပူးကို ေျပာင္းေရႊ႕မွာ မဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ ရာမို႔စ္
ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ျဖစ္ေပမယ့္ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မွာ ျဖစ္တဲ့ ရာမို႔စ္ဟာ စာခ်ဳပ္သစ္အတြက္ အဆင္မေျပမႈေတြေၾကာင့္ အသင္းေျပာင္းေရႊ႕မယ့္ဆိုတဲ့သတင္းေတြထြက္ေပၚခဲ့ပါတယ္။ အသက္ ၃၄ ႏွစ္ရွိေနၿပီ ျဖစ္ေပ မယ့္ အေတြ႕အၾကံဳမ်ားတဲ့ ရာမို႔စ္ကို ေခၚယူခ်င္တဲ့ အသင္းေတြထဲမွာ ပရီးမီးယားလိဂ္က လီဗာပူးနဲ႔ မန္စီးတီးတို႔လည္း ပါဝင္ေနခဲ့တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္တဲ့ လီဗာပူးအသင္းဟာ အဓိကေနာက္ခံလူေတြျဖစ္တဲ့ ဗန္ဒိုက္ခ္နဲ႔ ဂိုမက္ဇ္တို႔ ဒဏ္ရာရေန တာေၾကာင့္ ေနာက္ခံလူတစ္ဦးေခၚယူဖို႔ ရွိေနတယ္လို႔ သတင္းေတြထြက္အၿပီးမွာ ရာမို႔စ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္ လို႔လည္း သိရပါတယ္။ ဒါေပမယ့္ ၂၀၁၈ ခုႏွစ္ခ်န္ပီယံလိဂ္ဖလားဗိုလ္လုပြဲမွာ တိုက္စစ္မွဴး ဆာလက္ကို ဒဏ္ရာရေအာင္ လုပ္ခဲ့တာေၾကာင့္ လီဗာပူးပရိသတ္ေတြအေနနဲ႔ ရာမို႔စ္ကို ႀကိဳက္ႏွစ္သက္ျခင္းမရွိလို႔ အသင္းတာဝန္ရွိသူေတြကလည္း ရာမို႔စ္ကို ေခၚဖို႔ ေႏွာင့္ေႏွးေနတာပဲ ျဖစ္ပါတယ္။
ရာမို႔စ္က “ လက္ရွိအေနအထားက ေျပာဖို႔ခက္ပါတယ္။ တ႐ုတ္စူပါလိဂ္ဘက္ကေနလည္း အေကာင္းဆံုးကမ္းလွမ္းထားမႈ ေတြ ရထားပါတယ္။ လီဗာပူးက ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္ဆိုတဲ့ သတင္းေတြၾကားရေပမယ့္ ရီးရဲလ္က ထြက္ခဲ့ရင္ ေတာင္ လီဗာပူးကိုေတာ့ ေျပာင္းမွာ မဟုတ္ဘူး” လို႔ ေျပာခဲ့ပါတယ္။ အျခားသတင္းေတြရဲ႕ေဖာ္ျပခ်က္အရေတာ့ ရီးရဲလ္ အသင္းအေနနဲ႔ သူတို႔ရဲ႕အသင္းေခါင္းေဆာင္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္မွာမဟုတ္ဘူးလို႔လည္း သိရပါ တယ္။