ပီအက်စ်ဂျီကို လာမယ်လို့ နေမာကို ပြောလိုက်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူနိုင်ရန်အတွက် အရှိန်အဟုတ်မြင့် လုပ်ဆောင်တော့ဖွယ်ရှိနေပါတယ်။ သူ့ရဲ့ နူးကမ့် နဲ့ စာချုပ်သက်တမ်းက (၆) လတောင် မကျန်တော့တဲ့ အနေအထားဖြစ်နေပြီး အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလို့ရအောင် ယခုအချိန်မှာ နိုင်ငံခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးလို့ ရနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက မန်စီးတီးအသင်း စူပါကြယ်ပွင့်ကို မခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ခေါ်ယူလို့ရရန် ရေပန်းအစားဆုံး ဖြစ်ခဲ့တဲ့ အသင်းပါ။ သို့သော်လည်း ဘရာဇီး သတင်းထောက် Thiago Asmar ရဲ့ အဆိုအရ မက်ဆီက ဘာစီလိုနာအသင်းဖော်ဟောင်း နေမာကို သူဟာ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းချင်တယ်လို့ သိရပါတယ်။

သူတို့ (၂) ယောက်ဟာ Whatsapp မှာ အပြန်အလှန်စကားပြောထားတာတွေ ပုံမှန်ရှိနေပြီး မက်ဆီဟာ ယခုအခါ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ချင်နေသူ ဖြစ်တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။



