မက်ဆီကြောင့် ဘာစီလိုနာအသင်းကို ရှုံးခဲ့တာလို့ ဆိုလိုက်တဲ့ ဘီလ်ဘာအို နည်းပြ မာဆယ်လင်နို

မနေ့ညက ဘာစီလိုနာအသင်းကို ရှုံးခဲ့တဲ့ပွဲမှာ မက်ဆီကြောင့် ဖြစ်တယ်လို့ ဘီလ်ဘာအို နည်းပြ မာဆယ်လီနိုက ပြောသွားခဲ့ပါတယ်။ မက်ဆီရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ (၃-၂) နဲ့ နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

“ မိနစ် (၂၀) အတွင်းမှာ ကျွန်တော်ဖြစ်စေချင်ခဲ့တဲ့အတိုင်း အသင်းဟာ လျင်မြန်စွာ၊ စုစည်းမှု ကောင်းကောင်း နဲ့ သွင်းဂိုးတွေ ရယူနိုင်ခဲ့ပြီး ခံစစ်ပိုင်းလည်း အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ အဲ့ဒီမိနစ် (၂၀) အတွင်းမှာ အသင်းရဲ့ ကစားပုံက ကျေနပ်စရာကောင်းခဲ့ပြီး သူတို့ကို ဂိုးတွေ သွင်းဖို့ ကြိုးစားနိုင်ခဲ့ပါတယ်။ ဒါက သူတို့ဟာ ဒီပွဲကို အနိုင်လိုချင်ခဲ့တာကို ကျွန်တော်သိလိုက်ရပါပြီ။ ဒါပေမယ့် အသင်းဟာ ခံစစ်ပိုင်းကို နောက်ပိုင်းမှာ တိတိကျကျ မလုပ်နိုင်ခဲ့ပါဘူး” လို့ မာဆယ်လီနိုက ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် မာဆယ်လီနိုက “ ပွဲမစခင်တုန်းက ကျွန်တော့်ခေါင်းထဲမှာ ရှိတာက မက်ဆီအနေနဲ့ အကောင်းဆုံး အနေအထားမှာ မရှိဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် မျှော်လင့်သလို မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ဟာ အချို့ အချိန်အခိုက်အတန့်လေးတွေမှာပဲ သူ့ကို ရပ်တန့်နိုင်ခဲ့ပေမယ့် သူဟာ ပွဲကို ပိုပြီး အဆုံးအဖြတ် ဖြစ်သွားစေတဲ့ ကစားသမား ပါ” လို့ ထပ်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။



