တတိယတန်းကလပ် ကော်နယ်လာကို မထင်မှတ်ဘဲ ရှုံးခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ အက်သလက်တီကို


ဒီနှစ်ဘောလုံးရာသီ လာလီဂါမှာ ခြေစွမ်းပြပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အက်သလက်တီကို အသင်းဟာ စပိန် ဘုရင့်ဖလားပြိုင်ပွဲမှာတော့ တတိယတန်းကလပ် ကော်နယ်လာအသင်းကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက နေ ထွက်ခဲ့ရပါတယ်။ ဘာစီလိုနာမြို့ အခြေစိုက်အသင်းဖြစ်တဲ့ ကော်နယ်လာဟာ ပွဲချိန် ၇ မိနစ်မှာ နောက်ခံလူ ဂျီမီနက်ဇ် ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အက်သလက်တီကို,ကို အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။


အက်သလက်တီကိုဟာ အသင်းငယ်ဖြစ်တဲ့ ကော်နယ်လာနဲ့ ကစားရတာဖြစ်ပေမယ့် အဓိက,ကစားသမားအများစုကို အသုံးပြုပြီး ကစားစေခဲ့ပေမယ့် ပွဲချိန် ၆၃ မိနစ်မှာ နောက်ခံလူရစ်ချတ်ဆန်းချက်စ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာ ကြောင့် ကစားသမားလျော့သွားခဲ့ပြီး ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ဒုတိယအဆင့်ပြိုင်ပွဲက ထွက်ခဲ့ရတာ ဖြစ်ပါ တယ်။ အက်သလက်တီကို အသင်းရဲ့ကွင်းလယ်လူ ဆောနီဂွတ်ဇ်ရဲ့ ဂိုးရနိုင်တဲ့အခွင့်အရေးက တိုင်ထိပြီး ထွက်သွားခဲ့ တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


အက်သလက်တီကိုဟာ ဒီရာသီလာလီဂါမှာ အကောင်းဆုံးပုံစံရနေပြီး ချန်ပီယံဆုရနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့် ကော်နယ်လာကို မထင်မှတ်ဘဲ ရှုံးခဲ့တာကြောင့် မီဒီယာတွေရဲ့ဝေဖန်ဖော်ပြခြင်းကိုလည်း ခံခဲ့ရပါတယ်။ အက်သလက်တီ ကိုဟာ လက်ရှိလာလီဂါမှာ ရီးရဲလ်ကို ၂ မှတ်ဖြတ်ထားသလို ဘာစီလိုနာကိုလည်း ၇ မှတ်ဖြတ်ထားနိုင်တဲ့အပြင် လက်ကျန် နှစ်ပွဲလည်း ကစားဖို့ကျန်နေသေးတာကြောင့် ချန်ပီယံဆုရယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေတာလည်း ဖြစ်ပါတယ်။

zawgyi version

တတိယတန္းကလပ္ ေကာ္နယ္လာကို မထင္မွတ္ဘဲ ရႈံးခဲ့လို႔ ၿပိဳင္ပြဲက ထြက္ခဲ့ရတဲ့ အက္သလက္တီကို
ဒီႏွစ္ေဘာလံုးရာသီ လာလီဂါမွာ ေျခစြမ္းျပၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အက္သလက္တီကို အသင္းဟာ စပိန္ ဘုရင့္ဖလားၿပိဳင္ပြဲမွာေတာ့ တတိယတန္းကလပ္ ေကာ္နယ္လာအသင္းကို မထင္မွတ္ဘဲ အေရးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲက ေန ထြက္ခဲ့ရပါတယ္။ ဘာစီလိုနာၿမိဳ႕ အေျခစိုက္အသင္းျဖစ္တဲ့ ေကာ္နယ္လာဟာ ပြဲခ်ိန္ ၇ မိနစ္မွာ ေနာက္ခံလူ ဂ်ီမီနက္ဇ္ ရဲ႕ တစ္လံုးတည္းေသာဂိုးနဲ႔ အက္သလက္တီကို,ကို အႏိုင္ရခဲ့ၿပီး ေနာက္တစ္ဆင့္တက္ေရာက္ခဲ့တာပဲ ျဖစ္ပါတယ္။
အက္သလက္တီကိုဟာ အသင္းငယ္ျဖစ္တဲ့ ေကာ္နယ္လာနဲ႔ ကစားရတာျဖစ္ေပမယ့္ အဓိက,ကစားသမားအမ်ားစုကို အသံုးျပဳၿပီး ကစားေစခဲ့ေပမယ့္ ပြဲခ်ိန္ ၆၃ မိနစ္မွာ ေနာက္ခံလူရစ္ခ်တ္ဆန္းခ်က္စ္ ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရတာ ေၾကာင့္ ကစားသမားေလ်ာ့သြားခဲ့ၿပီး ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိတာေၾကာင့္ ဒုတိယအဆင့္ၿပိဳင္ပြဲက ထြက္ခဲ့ရတာ ျဖစ္ပါ တယ္။ အက္သလက္တီကို အသင္းရဲ႕ကြင္းလယ္လူ ေဆာနီဂြတ္ဇ္ရဲ႕ ဂိုးရႏိုင္တဲ့အခြင့္အေရးက တိုင္ထိၿပီး ထြက္သြားခဲ့ တယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အက္သလက္တီကိုဟာ ဒီရာသီလာလီဂါမွာ အေကာင္းဆံုးပံုစံရေနၿပီး ခ်န္ပီယံဆုရႏိုင္ဖို႔ ေရပန္းအစားဆံုးျဖစ္ေနေပမယ့္ ေကာ္နယ္လာကို မထင္မွတ္ဘဲ ရႈံးခဲ့တာေၾကာင့္ မီဒီယာေတြရဲ႕ေဝဖန္ေဖာ္ျပျခင္းကိုလည္း ခံခဲ့ရပါတယ္။ အက္သလက္တီ ကိုဟာ လက္ရွိလာလီဂါမွာ ရီးရဲလ္ကို ၂ မွတ္ျဖတ္ထားသလို ဘာစီလိုနာကိုလည္း ၇ မွတ္ျဖတ္ထားႏိုင္တဲ့အျပင္ လက္က်န္ ႏွစ္ပြဲလည္း ကစားဖို႔က်န္ေနေသးတာေၾကာင့္ ခ်န္ပီယံဆုရယူႏိုင္ဖို႔ ေရပန္းအစားဆံုးျဖစ္ေနတာလည္း ျဖစ္ပါတယ္။