မက်ဆီမရှိဘူးဆိုရင် ဘာစီလိုနာရဲ့ တန်ဖိုးလျော့ကျသွားမယ်လို့ ပြောခဲ့တဲ့ ဥက္ကဌလောင်း လူးဝစ်ဖာနန်ဒက်ဇ်


ဘာစီလိုနာအသင်းဥက္ကဌလောင်း လူးဝစ် ဖာနန်ဒက်ဇ်က အသင်းအနေနဲ့ အဓိကတိုက်စစ်မှူး မက်ဆီကို ဆက်ထိန်းထား နိုင်ဖို့အတွက် လုပ်ဆောင်သင့်ပြီး မက်ဆီမရှိတော့ဘူးဆိုပါက အသင်းရဲ့တန်ဖိုးလျော့ကျသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက မက်ဆီအနေနဲ့ ဘာစီလိုနာကနေ ထွက်ဖို့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပေ မယ့် အသင်းမှာ စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်ရှိဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။


ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဟောင်း ဘာတိုမီယူ နုတ်ထွက်သွားတာကြောင့် မက်ဆီအနေနဲ့ ဘာစီလိုနာမှာ ဆက်ရှိဖို့ များ တယ်ဆိုပြီး သတင်းတွေကဖော်ပြခဲ့သလို အသင်းပရိသတ်တွေအနေနဲ့လည်း မက်ဆီကို ဆက်ရှိနေစေချင်တာကြောင့် မက်ဆီအနေနဲ့ ဘာစီလိုနာမှာပဲ ကစားသမားဘဝ ကုန်ဆုံးတဲ့အထိ ကစားသွားမယ်လို့လည်း ဖော်ပြမှုတွေ ရှိခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်ကနေ ဘာစီလိုနာအတွက် ကစားခွင့်ရခဲ့တဲ့ မက်ဆီဟာ အသင်းနဲ့အတူ လာလီဂါချန်ပီယံဆုကို ၁၀ ကြိမ်နဲ့ ချန်ပီယံလိဂ် ချန်ပီယံ ၄ ကြိမ်အထိ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


ဖာနန်ဒက်ဇ်က “ ဘာစီလိုနာအသင်းအနေနဲ့ အခုလို ဖြစ်လာတာ မက်ဆီကြောင့်ဆိုတာကိုတော့ ကျွန်တော်တို့ မေ့ထားလို့ မရပါဘူး။ သူက အသင်းရဲ့ ကစားသမားတစ်ယောက်ဆိုတာ မှန်ပေမယ့် သူကြောင့်သာ ဘာစီလိုနာက တန်ဖိုးမြင့်တဲ့အ သင်းဖြစ်နေသလို အသင်းကောင်းတစ်သင်းလည်း ဖြစ်နေတာပါ။ သူမရှိတော့ဘူးဆိုရင်တော့ ဘာစီလိုနာရဲ့တန်ဖိုးလျော့ ကျသွားဖို့ ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

မက္ဆီမရွိဘူးဆိုရင္ ဘာစီလိုနာရဲ႕ တန္ဖိုးေလ်ာ့က်သြားမယ္လို႔ ေျပာခဲ့တဲ့ ဥကၠဌေလာင္း လူးဝစ္ဖာနန္ဒက္ဇ္
ဘာစီလိုနာအသင္းဥကၠဌေလာင္း လူးဝစ္ ဖာနန္ဒက္ဇ္က အသင္းအေနနဲ႔ အဓိကတိုက္စစ္မွဴး မက္ဆီကို ဆက္ထိန္းထား ႏိုင္ဖို႔အတြက္ လုပ္ေဆာင္သင့္ၿပီး မက္ဆီမရွိေတာ့ဘူးဆိုပါက အသင္းရဲ႕တန္ဖိုးေလ်ာ့က်သြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက မက္ဆီအေနနဲ႔ ဘာစီလိုနာကေန ထြက္ဖို႔ တာဝန္ရွိသူေတြကို ေတာင္းဆိုခဲ့ေပ မယ့္ အသင္းမွာ စာခ်ဳပ္သက္တမ္းကုန္တဲ့အထိ ဆက္ရွိဖို႔ သေဘာတူခဲ့တာ ျဖစ္ပါတယ္။
ဘာစီလိုနာအသင္းရဲ႕ ဥကၠဌေဟာင္း ဘာတိုမီယူ ႏုတ္ထြက္သြားတာေၾကာင့္ မက္ဆီအေနနဲ႔ ဘာစီလိုနာမွာ ဆက္ရွိဖို႔ မ်ား တယ္ဆိုၿပီး သတင္းေတြကေဖာ္ျပခဲ့သလို အသင္းပရိသတ္ေတြအေနနဲ႔လည္း မက္ဆီကို ဆက္ရွိေနေစခ်င္တာေၾကာင့္ မက္ဆီအေနနဲ႔ ဘာစီလိုနာမွာပဲ ကစားသမားဘဝ ကုန္ဆံုးတဲ့အထိ ကစားသြားမယ္လို႔လည္း ေဖာ္ျပမႈေတြ ရွိခဲ့ပါတယ္။ ၂၀၀၁ ခုႏွစ္ကေန ဘာစီလိုနာအတြက္ ကစားခြင့္ရခဲ့တဲ့ မက္ဆီဟာ အသင္းနဲ႔အတူ လာလီဂါခ်န္ပီယံဆုကို ၁၀ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ ခ်န္ပီယံ ၄ ႀကိမ္အထိ ရရွိခဲ့သူလည္း ျဖစ္ပါတယ္။
ဖာနန္ဒက္ဇ္က “ ဘာစီလိုနာအသင္းအေနနဲ႔ အခုလို ျဖစ္လာတာ မက္ဆီေၾကာင့္ဆိုတာကိုေတာ့ ကၽြန္ေတာ္တို႔ ေမ့ထားလို႔ မရပါဘူး။ သူက အသင္းရဲ႕ ကစားသမားတစ္ေယာက္ဆိုတာ မွန္ေပမယ့္ သူေၾကာင့္သာ ဘာစီလိုနာက တန္ဖိုးျမင့္တဲ့အ သင္းျဖစ္ေနသလို အသင္းေကာင္းတစ္သင္းလည္း ျဖစ္ေနတာပါ။ သူမရွိေတာ့ဘူးဆိုရင္ေတာ့ ဘာစီလိုနာရဲ႕တန္ဖိုးေလ်ာ့ က်သြားဖို႔ ရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။