ကားလက်စ်အလီနာကို ဂီတာဖေးအသင်းထံ အငှားချမယ်လို့ အတည်ပြုလိုက်တဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ လူငယ်ကစားသမား ကားလက်စ်အလီနာကို ဂီတာဖေးအသင်းထံ ၂၀၂၀-၂၁ ဘောလုံးရာသီကုန်တဲ့အထိ အငှားချရန် သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။ ကစားသမားရဲ့ လစာကိုတော့ မက်ဒရစ်ကလပ်အသင်းကပဲ ပေးချေရမှာပါ။ ကွင်းလယ်ကစားသမားဟာ ဘာစီလိုနာအသင်းကြီးအတွက် (၄၃) ပွဲကစားထားခဲ့ပြီး (၃) ဂိုးသွင်းယူပေးထားပါတယ်။

လက်ရှိဒီရာသီမှာတော့ အလီနာဟာ ပထမအသင်းကြီးအတွက် စပိန်လာလီဂါ (၂) ပွဲနဲ့ ချန်ပီယံလိဂ် (၁) ပွဲအပါအဝင် (၅) ပွဲကစားပေးထားသူ ဖြစ်ပါတယ်။ အသင်းရဲ့ လာမာစီယာအကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ အလီနာဟာ ၂၀၁၆-၁၇ ဘောလုံးရာသီ ကိုပါဒဲလ်ရေးဖလားပြိုင်ပွဲမှာ အသင်းကြီးအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရခဲ့သူပါ။

သူဟာ ဘာစီလိုနာအသင်းကြီးနဲ့ အရန်အသင်းကြား ဖြတ်သန်းခဲ့တာ နှစ်ရာသီပြီးတဲ့နောက် ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ပထမအသင်းရဲ့ တရားဝင်ကစားသမားဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၂၀ ဇန်နဝါရီ မှာ သူဟာ ဘက်တစ်အသင်းထံ အငှားချခံခဲ့ရပြီး (၁၉) ပွဲကစား (၁) ဂိုးသွင်းယူပေးခဲ့ပါတယ်။ အခုအခါ ကာတာလန်နွယ်ဖွားကစာသမားဟာ ၂၀၂၀-၂၁ ဘောလုံးရာသီ လက်ကျန်အချိန်များကို ဂီတာဖေးအသင်းမှာ ကစားသွားရမှာပဲ ဖြစ်ပါတယ်။

ကားလက္စ္အလီနာကို ဂီတာေဖးအသင္းထံ အငွားခ်မယ္လို႔ အတည္ျပဳလိုက္တဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ လူငယ္ကစားသမား ကားလက္စ္အလီနာကို ဂီတာေဖးအသင္းထံ ၂၀၂၀-၂၁ ေဘာလံုးရာသီကုန္တဲ့အထိ အငွားခ်ရန္ သေဘာတူညီမႈ ရခဲ့ၿပီျဖစ္ပါတယ္။ ကစားသမားရဲ႕ လစာကိုေတာ့ မက္ဒရစ္ကလပ္အသင္းကပဲ ေပးေခ်ရမွာပါ။ ကြငး္လယ္ကစားသမားဟာ ဘာစီလိုနာအသင္းႀကီးအတြက္ (၄၃) ပြဲကစားထားခဲ့ၿပီး (၃) ဂိုးသြင္းယူေပးထားပါတယ္။

လက္ရွိဒီရာသီမွာေတာ့ အလီနာဟာ ပထမအသင္းႀကီးအတြက္ စပိန္လာလီဂါ (၂) ပြဲနဲ႔ ခ်န္ပီယံလိဂ္ (၁) ပြဲအပါအ၀င္ (၅) ပြဲကစားေပးထားသူ ျဖစ္ပါတယ္။ အသင္းရဲ႕ လာမာစီယာအကယ္ဒမီထြက္ကစားသမားျဖစ္တဲ့ အလီနာဟာ ၂၀၁၆-၁၇ ေဘာလံုးရာသီ ကိုပါဒဲလ္ေရးဖလားၿပိဳင္ပြဲမွာ အသင္းႀကီးအတြက္ ပထမဆံုး ပြဲထြက္ကစားခြင့္ရခဲ့သူပါ။

သူဟာ ဘာစီလိုနာအသင္းႀကီးနဲ႔ အရန္အသင္းၾကား ျဖတ္သန္းခဲ့တာ ႏွစ္ရာသီၿပီးတဲ့ေနာက္ ၂၀၁၈-၁၉ ေဘာလံုးရာသီမွာ ပထမအသင္းရဲ႕ တရား၀င္ကစားသမားျဖစ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ၂၀၂၀ ဇန္နဝါရီ မွာ သူဟာ ဘက္တစ္အသင္းထံ အငွားခ်ခံခဲ့ရၿပီး (၁၉) ပြဲကစား (၁) ဂိုးသြင္းယူေပးခဲ့ပါတယ္။ အခုအခါ ကာတာလန္ႏြယ္ဖြားကစာသမားဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီ လက္က်န္အခ်ိန္မ်ားကို ဂီတာေဖးအသင္းမွာ ကစားသြားရမွာပဲ ျဖစ္ပါတယ္။