ပီအက်စ်ဂျီအသင်းက မက်ဆီ နဲ့ သူ့ကို ခေါ်ယူချင်နေတယ်လို့ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်ကို ပြောဆိုလိုက်တဲ့ ရာမိုစ့်

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမိုစ့်က အသင်းဥက္ကဌ ပီရက်ဇ်ကို ပီအက်စ်ဂျီအသင်းက သူ့ကို ကြီးမားတဲ့ ကမ်းလှမ်းမှု တစ်ခု လုပ်ထားတယ်လို့ သတိပေးစကားပြောကြားလိုက်တယ်လို့ သိရပါတယ်။ အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ယခုအချိန်မှာ နိုင်ငံခြားကလပ်တစ်သင်းသင်းနဲ့ အကြိုသဘောတူညီမှု ယူလို့ရနေပြီ ဖြစ်ပါတယ်။

သတင်းများအရ ရာမိုစ့်ဟာ ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဌ ပီရက်ဇ်ကို အခြားအသင်းတွေဆီက ကမ်းလှမ်းတာကို နားထောင်လို့ ရရန်အတွက် စာချုပ်သစ်ကမ်းလှမ်းတာကို လက်ခံရန် မရည်ရွယ်ထားဘူးလို့ ပြောခဲ့တယ်လို့ သိရပါတယ်။

ရာမိုစ့်က “ပီအက်စ်ဂျီက ကျွန်တော်နဲ့ မက်ဆီကို အသင်းမှာ ပါဝင်စေချင်နေပါတယ်” လို့ ပီရက်ဇ်ကို ပြောခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်လိုပဲ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဘုတ်အဖွဲ့ကတော့ စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ပီအက္စ္ဂ်ီအသင္းက မက္ဆီ န႔ဲ သူ႔ကို ေခၚယူခ်င္ေနတယ္လို႔ ရီးရဲလ္မက္ဒရစ္ဥကၠဌ ပီရက္ဇ္ကို ေျပာဆိုလိုက္တဲ့ ရာမိုစ့္

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ ရာမိုစ့္က အသင္းဥကၠဌ ပီရက္ဇ္ကို ပီအက္စ္ဂ်ီအသင္းက သူ႔ကို ႀကီးမားတဲ့ ကမ္းလွမ္းမႈ တစ္ခု လုပ္ထားတယ္လို႔ သတိေပးစကားေျပာၾကားလိုက္တယ္လို႔ သိရပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ကစားသမားဟာ ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ၿပီး ယခုအခ်ိန္မွာ ႏိုင္ငံျခားကလပ္တစ္သင္းသင္းနဲ႔ အႀကိဳသေဘာတူညီမႈ ယူလို႔ရေနၿပီ ျဖစ္ပါတယ္။

သတင္းမ်ားအရ ရာမိုစ့္ဟာ ရီးရဲလ္မက္ဒရစ္အသင္း ဥကၠဌ ပီရက္ဇ္ကို အျခားအသင္းေတြဆီက ကမ္းလွမ္းတာကို နားေထာင္လို႔ ရရန္အတြက္ စာခ်ဳပ္သစ္ကမ္းလွမ္းတာကို လက္ခံရန္ မရည္ရြယ္ထားဘူးလို႔ ေျပာခဲ့တယ္လို႔ သိရပါတယ္။

ရာမိုစ့္က “ပီအက္စ္ဂ်ီက ကၽြန္ေတာ္န႔ဲ မက္ဆီကို အသင္းမွာ ပါ၀င္ေစခ်င္ေနပါတယ္” လို႔ ပီရက္ဇ္ကို ေျပာခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္လိုပဲ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔ ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ၿပီး ဘုတ္အဖြဲ႕ကေတာ့ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။