ရုပ်သံမော်ဒယ် ရီဗာရာရဲ့ ငြင်းဆိုတာကို ခံလိုက်ရတဲ့ ရီးရဲလ်ဂိုးသမား ကော်တွိုက်စ်


ရီးရဲလ်ဂိုးသမား ကော်တွိုက်စ်အနေနဲ့ စပိန်ရုပ်သံမော်ဒယ်တစ်ဦးဖြစ်တဲ့ မေကာရီဗာရာကို အပြင်မှာတွေ့ဆုံဖို့ ချိန်းခဲ့ပေ မယ့် ရုပ်သံမော်ဒယ်ဘက်က ငြင်းဆိုသွားခဲ့တယ်လို့ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ရုပ်သံမော် ဒယ်တစ်ဦးဖြစ်တာကြောင့် ရီဗာရာ ဟာ အင်စတာဂရမ်မှာ Followers အရေအတွက် ၅သိန်း ၁ သောင်းကျော်ရှိသူလည်း ဖြစ်ပါတယ်။


စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ မာကာသတင်းစာရဲ့ ဖော်ပြချက်အရတော့ ရီဗာရာ ဟာ လက်ရှိမှာ ချစ်သူရှိနေသူဖြစ်ပြီး သူမရဲ့ချစ်သူကလည်း ရုပ်သံတင်ဆက်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ရီဗာရာ ရုပ်သံမော်ဒယ်တစ်ဦးဖြစ်တဲ့အပြင် sexy မော်ဒယ်အဖြစ်လည်း ဓါတ်ပုံရိုက်ကူးလေ့ရှိပြီး အင်စတာဂရမ်အကောင့်မှာ ပုံတွေ့တင်လေ့ရှိသူလည်း ဖြစ်ပါတယ်။ ကော်တွိုက်စ်ကတော့ အရင်ချစ်သူဖြစ်တဲ့ မာတာ ဒိုမီဂွက်ဇ်နဲ့ ရရှိခဲ့တဲ့ ကလေးနှစ်ယောက်ရဲ့ ဖခင်းလည်း ဖြစ်ပါတယ်။


ရီဗာရာက အင်စတာဂရမ်ကနေတဆင့် “ ကော်တွိုက်စ်နဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုတာ ကောလာဟလသတင်းတွေပါ။ သူနဲ့ တွေ့ခဲ့တယ်ဆိုတာကလည်း ကျွန်မရဲ့ရုပ်သံလိုင်းအတွက် တွေ့ဆုံခဲ့တာဖြစ်ပြီး အဲ့ဒါကလည်း ပထမဆုံးနဲ့ နောက်ဆုံး အကြိမ် ဖြစ်မှာပါ။ သူကို အလုပ်နဲ့ပတ်သက်ပြီး ပြောဖို့ မရှိတော့တာကြောင့် တွေ့ဖို့လည်း မရှိတော့ပါဘူး။ ပြီးတော့ ကျွန်မ မှာလည်း ချစ်သူရှိပါတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi version

႐ုပ္သံေမာ္ဒယ္ ရီဗာရာရဲ႕ ျငင္းဆိုတာကို ခံလိုက္ရတဲ့ ရီးရဲလ္ဂိုးသမား ေကာ္တြိဳက္စ္
ရီးရဲလ္ဂိုးသမား ေကာ္တြိဳက္စ္အေနနဲ႔ စပိန္႐ုပ္သံေမာ္ဒယ္တစ္ဦးျဖစ္တဲ့ ေမကာရီဗာရာကို အျပင္မွာေတြ႕ဆံုဖို႔ ခ်ိန္းခဲ့ေပ မယ့္ ႐ုပ္သံေမာ္ဒယ္ဘက္က ျငင္းဆိုသြားခဲ့တယ္လို႔ The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ႐ုပ္သံေမာ္ ဒယ္တစ္ဦးျဖစ္တာေၾကာင့္ ရီဗာရာ ဟာ အင္စတာဂရမ္မွာ Followers အေရအတြက္ ၅သိန္း ၁ ေသာင္းေက်ာ္ရွိသူလည္း ျဖစ္ပါတယ္။
စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ မာကာသတင္းစာရဲ႕ ေဖာ္ျပခ်က္အရေတာ့ ရီဗာရာ ဟာ လက္ရွိမွာ ခ်စ္သူရွိေနသူျဖစ္ၿပီး သူမရဲ႕ခ်စ္သူကလည္း ႐ုပ္သံတင္ဆက္သူတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။ ရီဗာရာ ႐ုပ္သံေမာ္ဒယ္တစ္ဦးျဖစ္တဲ့အျပင္ sexy ေမာ္ဒယ္အျဖစ္လည္း ဓါတ္ပံု႐ိုက္ကူးေလ့ရွိၿပီး အင္စတာဂရမ္အေကာင့္မွာ ပံုေတြ႕တင္ေလ့ရွိသူလည္း ျဖစ္ပါတယ္။ ေကာ္တြိဳက္စ္ကေတာ့ အရင္ခ်စ္သူျဖစ္တဲ့ မာတာ ဒိုမီဂြက္ဇ္နဲ႔ ရရွိခဲ့တဲ့ ကေလးႏွစ္ေယာက္ရဲ႕ ဖခင္းလည္း ျဖစ္ပါတယ္။
ရီဗာရာက အင္စတာဂရမ္ကေနတဆင့္ “ ေကာ္တြိဳက္စ္နဲ႔ ခ်စ္သူေတြျဖစ္ေနတယ္ဆိုတာ ေကာလာဟလသတင္းေတြပါ။ သူနဲ႔ ေတြ႕ခဲ့တယ္ဆိုတာကလည္း ကြ်န္မရဲ႕႐ုပ္သံလိုင္းအတြက္ ေတြ႕ဆံုခဲ့တာျဖစ္ၿပီး အဲ့ဒါကလည္း ပထမဆံုးနဲ႔ ေနာက္ဆံုး အႀကိမ္ ျဖစ္မွာပါ။ သူကို အလုပ္နဲ႔ပတ္သက္ၿပီး ေျပာဖို႔ မရွိေတာ့တာေၾကာင့္ ေတြ႕ဖို႔လည္း မရွိေတာ့ပါဘူး။ ၿပီးေတာ့ ကၽြန္မ မွာလည္း ခ်စ္သူရွိပါတယ္” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။