ပြင်သစ်သတင်းစာ L’Equipe ရဲ့ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးအသင်းမှာ အံအားသင့်ဖွယ်အဖြစ် မက်ဆီမပါဝင်ခဲ့


ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဆိုတာ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး တစ်ဦးချင်းထူးချွန်ဆုတွေ ကိုလည်း ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်သတင်းစာတစ်စောင်ဖြစ်တဲ့ L’Equipe ရဲ့ ၂၀၂၀ ခုနှစ်အ တွက် ရွေးချယ်တဲ့ အကောင်းဆုံးအသင်းမှာတော့ မက်ဆီအနေနဲ့ အံအားသင့်ဖွယ် မပါဝင်ခဲ့တာတွေ့ရပါတယ်။ မက်ဆီ ဟာ ဘာစီလိုနာက ထွက်ဖို့ သတင်းတွေထွက်ပေါ်ခဲ့တာကြောင့် ဒီရာသီအစမှာ အသင်းအတွက် စွမ်းဆောင်ရည်ပိုင်း ကျ ဆင်းခဲ့တာကြောင့်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၄၄ ပွဲပါဝင်ကစားပေးခဲ့ ပြီး ၂၆ ဂိုးသွင်းယူကာ ၂၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပေမယ့် သူရဲ့အရင် စွမ်းဆောင်နိုင်မှုတွေကို လိုက်မမီခဲ့ဘူးလို့ ဖော် ပြခံခဲ့ရတာ ဖြစ်ပါတယ်။ မက်ဆီရဲ့ အပြိုင်ကစားသမားဖြစ်တဲ့ စီရော်နယ်ဒိုကတော့ L’Equipe ရဲ့ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၄၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။


L’Equipe သတင်းစာရဲ့ အကောင်းဆုံးအသင်းမှာပါဝင်ခဲ့သူတွေကတော့ ဂိုးသမားနေရာမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နူအာ ကပါဝင်ခဲ့ပြီး နောက်တန်းလေးယောက်မှာတော့ လီဗာပူးက အာနိုးလ်နဲ့ ဗန်ဒိုက်ခ်၊ ရီးရဲလ်က ရာမို့စ်နဲ့ ဘိုင်ယန်မြူး နစ်က အဲလ်ဖွန်ဆိုဒေးဗီးလ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။ ကွင်းလယ်အဖျက် ၂ ယောက်နေရာမှာတော့ ဘိုင်ယန်မြူးနစ်က ကင်မစ်ချ်နဲ့ လီဗာပူးက အဲလ်ကန်တာရာတို့ ရွေးချယ်ခံခဲ့ရပြီး ကွင်းလယ်လူတွေအဖြစ်တော့ စီရော်နယ်ဒိုနဲ့ အတူ ပီအက်စ် ဂျီက နေမာနဲ့ မန်စီးတီးက ဒီဘရူနီတို့ ရွေးချယ်ခဲ့ရတာပါ။ အထောင်တိုက်စစ်မှူးအဖြစ်တော့ ဘိုင်ယန်မြူးနစ်က လီဝန်ဒေါ စကီး ရွေးချယ်ခံခဲ့ရပါတယ်။

zawgyi version

ျပင္သစ္သတင္းစာ L’Equipe ရဲ႕ ၂၀၂၀ ခုႏွစ္အတြက္ အေကာင္းဆံုးအသင္းမွာ အံအားသင့္ဖြင့္အျဖစ္ မက္ဆီမပါဝင္ခဲ့
ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီဆိုတာ အေကာင္းဆံုးကစားသမားေတြထဲက တစ္ေယာက္ျဖစ္ၿပီး တစ္ဦးခ်င္းထူးခၽြန္ဆုေတြ ကိုလည္း ရရွိပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ ဒါေပမယ့္ ျပင္သစ္သတင္းစာတစ္ေစာင္ျဖစ္တဲ့ L’Equipe ရဲ႕ ၂၀၂၀ ခုႏွစ္အ တြက္ ေရြးခ်ယ္တဲ့ အေကာင္းဆံုးအသင္းမွာေတာ့ မက္ဆီအေနနဲ႔ အံအားသင့္ဖြယ္ မပါဝင္ခဲ့တာေတြ႕ရပါတယ္။ မက္ဆီ ဟာ ဘာစီလိုနာက ထြက္ဖို႔ သတင္းေတြထြက္ေပၚခဲ့တာေၾကာင့္ ဒီရာသီအစမွာ အသင္းအတြက္ စြမ္းေဆာင္ရည္ပိုင္း က် ဆင္းခဲ့တာေၾကာင့္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္အတြင္းမွာ ဘာစီလိုနာအတြက္ ၿပိဳင္ပြဲစံု ၄၄ ပြဲပါဝင္ကစားေပးခဲ့ ၿပီး ၂၆ ဂိုးသြင္းယူကာ ၂၃ ႀကိမ္ ဂိုးဖန္တီးမႈ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ သူရဲ႕အရင္ စြမ္းေဆာင္ႏိုင္မႈေတြကို လိုက္မမီခဲ့ဘူးလို႔ ေဖာ္ ျပခံခဲ့ရတာ ျဖစ္ပါတယ္။ မက္ဆီရဲ႕ အၿပိဳင္ကစားသမားျဖစ္တဲ့ စီေရာ္နယ္ဒိုကေတာ့ L’Equipe ရဲ႕ အေကာင္းဆံုးအသင္းမွာ ပါဝင္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ၿပိဳင္ပြဲစံု ၃၉ ပြဲမွာ ၄၁ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
L’Equipe သတင္းစာရဲ႕ အေကာင္းဆံုးအသင္းမွာပါဝင္ခဲ့သူေတြကေတာ့ ဂိုးသမားေနရာမွာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ႏူအာ ကပါဝင္ခဲ့ၿပီး ေနာက္တန္းေလးေယာက္မွာေတာ့ လီဗာပူးက အာႏိုးလ္နဲ႔ ဗန္ဒိုက္ခ္၊ ရီးရဲလ္က ရာမို႔စ္နဲ႔ ဘိုင္ယန္ျမဴး နစ္က အဲလ္ဖြန္ဆိုေဒးဗီးလ္တို႔ ေရြးခ်ယ္ခံခဲ့ရပါတယ္။ ကြင္းလယ္အဖ်က္ ၂ ေယာက္ေနရာမွာေတာ့ ဘိုင္ယန္ျမဴးနစ္က ကင္မစ္ခ်္နဲ႔ လီဗာပူးက အဲလ္ကန္တာရာတို႔ ေရြးခ်ယ္ခံခဲ့ရၿပီး ကြင္းလယ္လူေတြအျဖစ္ေတာ့ စီေရာ္နယ္ဒိုနဲ႔ အတူ ပီအက္စ္ ဂ်ီက ေနမာနဲ႔ မန္စီးတီးက ဒီဘ႐ူနီတို႔ ေရြးခ်ယ္ခဲ့ရတာပါ။ အေထာင္တိုက္စစ္မွဴးအျဖစ္ေတာ့ ဘိုင္ယန္ျမဴးနစ္က လီဝန္ေဒါ စကီး ေရြးခ်ယ္ခံခဲ့ရပါတယ္။