အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမယ့် ရာမို့စ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ မန်စီးတီး


နွေရာသီအပြောင်းအရွှေ့တုန်းက နောက်ခံလူတွေဖြစ်တဲ့ ရူဘင်ဒိုင်ယာစ်နဲ့ နသန်အကီတို့ကို ခေါ်ယူထားပေမယ့် မန်စီး တီးအသင်းဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရာမို့စ် အနေနဲ့ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေခဲ့ပါက အခြားအသင်းတွေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ စတင်ပြီး ဆွေးနွေးနိုင်တာကြောင့် မန်စီးတီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။


ESPN သတင်းစာရဲ့ဖော်ပြချက်အရ ရာမို့စ်က ရီးရဲလ်နဲ့ စာချုပ်သစ်ကို ၂ နှစ်ချုပ်ဆိုချင်ပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှု မရသေးဘူးလို့ သိရပါတယ်။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားခဲ့ ကိုဗစ်ရောဂါပိုးကြောင့် ရီးရဲလ်တာဝန်ရှိသူတွေက ငွေ ကြေးဆုံးရှုံးမှုတွေရှိတာကြောင့် ကစားသမားတွေကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အခက်အခဲရှိနေတယ်လို့လည်း သတင်းတွေ က ဖော်ပြခဲ့ပါတယ်။


ရီးရဲလ်နည်းပြ ဇီဒန်းက “ ရာမို့စ်အနေနဲ့ အသင်းပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ကျွန်တော် တစ် ယောက်တည်းအတွက်ဆိုရင်တော့ သူကို ရီးရဲလ်မှာ နှစ်ပေါင်းများစွာ ဆက်ကစားစေချင်ပါတယ်။ ဒါပေမယ့် ဘယ်အရာကို မှာ သေချာပြောလို့မရပါဘူး” လို့ ပြောခဲ့ပါတယ်။ မန်စီးတီးအသင်းဘက်ကတော့ ရာမို့စ်ကို ခေါ်ယူနိုင်ခဲ့ပါက အတွေ့အကြုံ နည်းတဲ့ အသင်းရဲ့ခံစစ်အတွက် အကောင်းဆုံးအထောက်အပံ ဖြစ်လာမှာ သေချာမယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

zawgyi version

အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ရမယ့္ ရာမို႔စ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ မန္စီးတီး
ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေနာက္ခံလူေတြျဖစ္တဲ့ ႐ူဘင္ဒိုင္ယာစ္နဲ႔ နသန္အကီတို႔ကို ေခၚယူထားေပမယ့္ မန္စီး တီးအသင္းဟာ လာမယ့္ေႏြရာသီမွာ ရီးရဲလ္အသင္းနဲ႔ စာခ်ဳပ္ကုန္ဆံုးမွာျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ ရာမို႔စ္ အေနနဲ႔ ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ အဆင္မေျပခဲ့ပါက အျခားအသင္းေတြနဲ႔ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ စတင္ၿပီး ေဆြးေႏြးႏိုင္တာေၾကာင့္ မန္စီးတီးအသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။
ESPN သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ရာမို႔စ္က ရီးရဲလ္နဲ႔ စာခ်ဳပ္သစ္ကို ၂ ႏွစ္ခ်ဳပ္ဆိုခ်င္ေပမယ့္ အသင္းတာဝန္ရွိသူေတြနဲ႔ ညွိႏႈိင္းမႈ မရေသးဘူးလို႔ သိရပါတယ္။ တစ္ကမ႓ာလံုးမွာ ျဖစ္ပြားခဲ့ ကိုဗစ္ေရာဂါပိုးေၾကာင့္ ရီးရဲလ္တာဝန္ရွိသူေတြက ေငြ ေၾကးဆံုးရႈံးမႈေတြရွိတာေၾကာင့္ ကစားသမားေတြကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ အခက္အခဲရွိေနတယ္လို႔လည္း သတင္းေတြ က ေဖာ္ျပခဲ့ပါတယ္။
ရီးရဲလ္နည္းျပ ဇီဒန္းက “ ရာမို႔စ္အေနနဲ႔ အသင္းေျပာင္းေရႊ႕မယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနပါတယ္။ ကြ်န္ေတာ္ တစ္ ေယာက္တည္းအတြက္ဆိုရင္ေတာ့ သူကို ရီးရဲလ္မွာ ႏွစ္ေပါင္းမ်ားစြာ ဆက္ကစားေစခ်င္ပါတယ္။ ဒါေပမယ့္ ဘယ္အရာကို မွာ ေသခ်ာေျပာလို႔မရပါဘူး” လို႔ ေျပာခဲ့ပါတယ္။ မန္စီးတီးအသင္းဘက္ကေတာ့ ရာမို႔စ္ကို ေခၚယူႏိုင္ခဲ့ပါက အေတြ႕အၾကံဳ နည္းတဲ့ အသင္းရဲ႕ခံစစ္အတြက္ အေကာင္းဆံုးအေထာက္အပံ ျဖစ္လာမွာ ေသခ်ာမယ္လို႔ ယံုၾကည္ေနေၾကာင္း သိရပါ တယ္။