ဒေးဗစ်အလာဘာကို ခေါ်ယူရန် နီးစပ်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကို ခေါ်ယူရန် နီးစပ်နေတယ်လို့ သတင်းများအရ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းက ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ကမ်းလှမ်းတာကိုလည်း ပယ်ချထားသူဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အခုအခါ နိုင်ငံခြားကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးလို့ရပါပြီ။

မာကာ သတင်းဌာနက အဆိုအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ကို ခေါ်ယူရန် နီးစပ်နေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်နေပြီး ညှိနှိုင်းဆွေးနွေးမှုကို မြန်မြန်ဆန်ဆန်လုပ်လို့ရနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်အသင်းကလည်း အလာဘာကို ခေါ်ယူရန် စိတ်ဝင်စားခဲ့သေးတာဖြစ်ပါတယ်။

အိုးထရက်ဖိုဒ့်အသင်းဟာ ကစားသမားရဲ့ အနေအထားကို ဆက်လက်စောင့်ကြည့်နေသေးပေမယ့် The Athletic သတင်းဌာနရဲ့ အဆိုအရ ကစားသမားရဲ့ လစာကြောင့် လက်လျော့လိုက်ပြီလို့ သိရပါတယ်။ အလာဘာဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၀၄) ပွဲကစားထားပြီး (၃၂) ဂိုးသွင်းကာ (၄၉) ဂိုးဖန်တီးပေးထားသူ ဖြစ်ပါတယ်။

ေဒးဗစ္အလာဘာကို ေခၚယူရန္ နီးစပ္ေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္း

ရီးရဲလ္မက္ဒရစ္အသင္းဟာ ရာသီအကုန္မွာ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ အလာဘာကို ေခၚယူရန္ နီးစပ္ေနတယ္လို႔ သတင္းမ်ားအရ သိရပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားရဲ႕ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္းက ဇြန္လမွာ ကုန္ဆံုးမွာျဖစ္ၿပီး စာခ်ဳပ္သစ္ကမ္းလွမ္းတာကိုလည္း ပယ္ခ်ထားသူျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ အခုအခါ ႏိုင္ငံျခားကလပ္အသင္းေတြနဲ႔ အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြးလို႔ရပါၿပီ။

မာကာ သတင္းဌာနက အဆိုအရ ရီးရဲလ္မက္ဒရစ္အသင္းဟာ သူ႔ကို ေခၚယူရန္ နီးစပ္ေနတဲ့အသင္းေတြထဲက တစ္သင္းျဖစ္ေနၿပီး ညွိႏိႈင္းေဆြးေႏြးမႈကို ျမန္ျမန္ဆန္ဆန္လုပ္လို႔ရႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။ ယူႏိုက္တက္အသင္းကလည္း အလာဘာကို ေခၚယူရန္ စိတ္၀င္စားခဲ႕ေသးတာျဖစ္ပါတယ္။

အိုးထရက္ဖိုဒ့္အသင္းဟာ ကစားသမားရဲ႕ အေနအထားကို ဆက္လက္ေစာင့္ၾကည့္ေနေသးေပမယ့္ The Athletic သတင္းဌာနရဲ႕ အဆိုအရ ကစားသမားရဲ႕ လစာေၾကာင့္ လက္ေလ်ာ့လိုက္ၿပီလို႔ သိရပါတယ္။ အလာဘာဟာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ၿပိဳင္ပြဲစံု (၄၀၄) ပြဲကစားထားၿပီး (၃၂) ဂိုးသြင္းကာ (၄၉) ဂိုးဖန္တီးေပးထားသူ ျဖစ္ပါတယ္။