လက်ရှိခြေစွမ်းအရ ဘာစီလိုနာအနေနဲ့ ချန်ပီယံဆုရဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုပဲလို့ ပြောတဲ့ ရော်နယ်ကိုးမန်း


ဒီနှစ်ဘောလုံးရာသီအစမှ ဘာစီလိုနာနည်းပြဖြစ်လာတဲ့ ရော်နယ်ကိုးမန်းက လက်ရှိဘောလုံးရာသီမှာ အသင်းရဲ့စွမ်း ဆောင်ရည်အရ ရာသီအကုန်မှာ လာလီဂါချန်ပီယံဆုကို ရဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စရပ်တစ်ခု ဖြစ်ပြီး ပြောသွားခဲ့ပါတယ်။ လက်ရှိမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ ဘာစီလိုနာဟာ ၂၀၂၀ ခုနှစ်အတွက် နောက်ဆုံးကစားခဲ့တဲ့ အီဘာနဲ့ပွဲမှာ အိမ် ကွင်းမှာ ကစားခဲ့ရပေမယ့် အနိုင်မရခဲ့တာကြောင့် ရမှတ်ဆုံးရှုံးခဲ့ပြီး အမှတ်ပေးဇယားထိပ်က အက်သလက်တီကိုနဲ့ ၇ မှတ် အထိ ကွာဟနေတာပဲ ဖြစ်ပါတယ်။


အီဘာနဲ့ ပွဲမှာ ဘာစီလိုနာအနေနဲ့ ဧည့်သည်အသင်းရဲ့ ဦးဆောင်ဂိုးကြောင့် နောက်ကနေလိုက်ကစားခဲ့ရပြီး ဒမ်ဘီလီက အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ အသင်းခေါင်းဆောင် မက်ဆီ မပါတာကြောင့် ဘာစီလိုနာအနေနဲ့ ရုန်းကန် ခဲ့ရပြီး ပွဲချိန် ၈ မိနစ်မှာ ရတဲ့ ပင်နယ်တီကိုလည်း တိုက်စစ်မှူး ဘရေ့ဝေချ်က ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်း မရှိတာကြောင့် ဘာစီလိုနာအနေနဲ့ အနိုင်ရဖို့ ခက်ခဲခဲ့တာဖြစ်တယ်ဆိုပြီး သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


ပွဲအပြီးမှာတော့ ရော်နယ်ကိုးမန်းက “ အခုလို ခြေစွမ်းမျိုးနဲ့ သွားနေမယ်ဆိုရင်တော့ ရာသီအကုန်မှာ ချန်ပီယံဆုကို ရယူနိုင် ဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့ကိစ္စလို့ပဲ ပြောရမှာပါ။ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရပေမယ့် ဒီရာသီမှာ အက်သလက်တီကို အသင်းရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးမှာ ရှိနေပါတယ်။ ပြီးတော့ လက်ရှိချန်ပီယံဖြစ်တဲ့ ရီးရဲလ်ကလည်း ခြေစွမ်းပြန် ကောင်းလာတာကြောင့် အခုလို အိမ်ကွင်းပွဲစဉ်တွေမှာ အနိုင်မရဘူးဆိုရင်တော့ ချန်ပီယံဆုကို ရနိုင်မှာ မဟုတ်ပါဘူး” ဆို ပြီး ပြောသွားခဲ့ပါတယ်။

zawgyi version

လက္ရွိေျခစြမ္းအရ ဘာစီလိုနာအေနနဲ႔ ခ်န္ပီယံဆုရဖို႔ဆိုတာ ခက္ခဲတဲ့ ကိစၥရပ္တစ္ခုပဲလို႔ ေျပာတဲ့ ေရာ္နယ္ကိုးမန္း
ဒီႏွစ္ေဘာလံုးရာသီအစမွ ဘာစီလိုနာနည္းျပျဖစ္လာတဲ့ ေရာ္နယ္ကိုးမန္းက လက္ရွိေဘာလံုးရာသီမွာ အသင္းရဲ႕စြမ္း ေဆာင္ရည္အရ ရာသီအကုန္မွာ လာလီဂါခ်န္ပီယံဆုကို ရဖို႔ဆိုတာ ခက္ခဲတဲ့ကိစၥရပ္တစ္ခု ျဖစ္ၿပီး ေျပာသြားခဲ့ပါတယ္။ လက္ရွိမွာ ပံုမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရတဲ့ ဘာစီလိုနာဟာ ၂၀၂၀ ခုႏွစ္အတြက္ ေနာက္ဆံုးကစားခဲ့တဲ့ အီဘာနဲ႔ပြဲမွာ အိမ္ ကြင္းမွာ ကစားခဲ့ရေပမယ့္ အႏိုင္မရခဲ့တာေၾကာင့္ ရမွတ္ဆံုးရႈံးခဲ့ၿပီး အမွတ္ေပးဇယားထိပ္က အက္သလက္တီကိုနဲ႔ ၇ မွတ္ အထိ ကြာဟေနတာပဲ ျဖစ္ပါတယ္။
အီဘာနဲ႔ ပြဲမွာ ဘာစီလိုနာအေနနဲ႔ ဧည့္သည္အသင္းရဲ႕ ဦးေဆာင္ဂိုးေၾကာင့္ ေနာက္ကေနလိုက္ကစားခဲ့ရၿပီး ဒမ္ဘီလီက အသင္းအတြက္ ေခ်ပဂိုးသြင္းယူေပးခဲ့ပါတယ္။ အသင္းေခါင္းေဆာင္ မက္ဆီ မပါတာေၾကာင့္ ဘာစီလိုနာအေနနဲ႔ ႐ုန္းကန္ ခဲ့ရၿပီး ပြဲခ်ိန္ ၈ မိနစ္မွာ ရတဲ့ ပင္နယ္တီကိုလည္း တိုက္စစ္မွဴး ဘေရ႕ေဝခ်္က ဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ့ျခင္း မရွိတာေၾကာင့္ ဘာစီလိုနာအေနနဲ႔ အႏိုင္ရဖို႔ ခက္ခဲခဲ့တာျဖစ္တယ္ဆိုၿပီး သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ပြဲအၿပီးမွာေတာ့ ေရာ္နယ္ကိုးမန္းက “ အခုလို ေျခစြမ္းမ်ိဳးနဲ႔ သြားေနမယ္ဆိုရင္ေတာ့ ရာသီအကုန္မွာ ခ်န္ပီယံဆုကို ရယူႏိုင္ ဖို႔ဆိုတာ တကယ္ကို ခက္ခဲတဲ့ကိစၥလို႔ပဲ ေျပာရမွာပါ။ မျဖစ္ႏိုင္ဘူးလို႔ ေျပာလို႔ မရေပမယ့္ ဒီရာသီမွာ အက္သလက္တီကို အသင္းရဲ႕ စြမ္းေဆာင္ရည္က အေကာင္းဆံုးမွာ ရွိေနပါတယ္။ ၿပီးေတာ့ လက္ရွိခ်န္ပီယံျဖစ္တဲ့ ရီးရဲလ္ကလည္း ေျခစြမ္းျပန္ ေကာင္းလာတာေၾကာင့္ အခုလို အိမ္ကြင္းပြဲစဥ္ေတြမွာ အႏိုင္မရဘူးဆိုရင္ေတာ့ ခ်န္ပီယံဆုကို ရႏိုင္မွာ မဟုတ္ပါဘူး” ဆို ၿပီး ေျပာသြားခဲ့ပါတယ္။