မေဂျာလိဂ်မှာ ကစားချင်တယ်လို့ ပြောခဲ့တာကြောင့် မန်စီးတီးအသင်းကို မက်ဆီပြောင်းရွှေ့တော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပြန်ခဲ့


ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကထွက်ဖို့တောင်းဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် ဘာစီလိုနာမှာပဲ ဆက်ကစားဖြစ်ခဲ့တဲ့ မက်ဆီက အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေသေးတာကြောင့် အနာဂတ်မသေချာသေးချိန်မှာ မေဂျာလိဂ်ကို သွားရောက်ပြီး ကစားချင်တယ်လို့ ပြောခဲ့တာကြောင့် မန်စီးတီးအသင်းပိုင်ရှင်တွေရဲ့ City Football Group (CFG) စီမံထားတဲ့အတိုင်း ဖြစ်မြောက်တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။


City Football Group ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း မက်ဆီရဲ့ စာချုပ်ပါလျော်ကြေး ယူရိုသန်း ၇၀၀ ပေးပြီး ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဘက်က မက်ဆီကို ထွက်ခွာခွင့်မပေးခဲ့လို့သာ မက်ဆီအနေနဲ့ ဘာစီလိုနာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ City Football Group တာဝန်ရှိသူတွေဟာ မက်ဆီကို ခေါ်ယူခဲ့ပြီးပါက မန်စီး တီး အသင်းမှာ ၂ နှစ်ကစားစေပြီးမှ မေဂျာလိဂ်ကလပ်ဖြစ်တဲ့ နယူးယောက်စီးတီးအသင်းမှာ လက်ကျန်စာချုပ်သက်တမ်း ကို ကစားစေဖို့ လုပ်ဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။


၂၀၂၀ ခုနှစ်အတွက် ဘာစီလိုနာအသင်းရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အီဘာအသင်းနဲ့ ပွဲစဉ်ကိုတော့ မက်ဆီအနေနဲ့ ခြေချင်း ဝတ် ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူးလို့ သိရပါတယ်။ SunSport ရဲ့ ဖော်ပြချက်အရတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း မက်ဆီကို အသင်းမှာ လာရောက်ကစားစေဖို့ အလိုရှိနေတာကြောင့် မက်ဆီရဲ့ မေဂျာလိဂ်မှာ ကစား ချင်တယ်လို့ ပြောခဲ့အပြီးမှာတော့ အပြောင်းအရွှေ့သတင်းတွေက ဆက်တိုက်ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ေမဂ်ာလိဂ္မွာ ကစားခ်င္တယ္လို႔ ေျပာခဲ့တာေၾကာင့္ မန္စီးတီးအသင္းကို မက္ဆီေျပာင္းေရႊ႕ေတာ့မယ္ဆိုၿပီး သတင္းေတြ ထြက္ေပၚလာျပန္ခဲ့
ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းကထြက္ဖို႔ေတာင္းဆိုမႈေတြျပဳလုပ္ခဲ့ေပမယ့္ ဘာစီလိုနာမွာပဲ ဆက္ကစားျဖစ္ခဲ့တဲ့ မက္ဆီက အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အဆင္မေျပေသးတာေၾကာင့္ အနာဂတ္မေသခ်ာေသးခ်ိန္မွာ ေမဂ်ာလိဂ္ကို သြားေရာက္ၿပီး ကစားခ်င္တယ္လို႔ ေျပာခဲ့တာေၾကာင့္ မန္စီးတီးအသင္းပိုင္ရွင္ေတြရဲ႕ City Football Group (CFG) စီမံထားတဲ့အတိုင္း ျဖစ္ေျမာက္ေတာ့မယ္လို႔ သတင္းေတြထြက္ေပၚခဲ့တာပဲ ျဖစ္ပါတယ္။
City Football Group ဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းကလည္း မက္ဆီရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကး ယူ႐ိုသန္း ၇၀၀ ေပးၿပီး ေခၚယူဖို႔ လုပ္ေဆာင္ခဲ့ေပမယ့္ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြဘက္က မက္ဆီကို ထြက္ခြာခြင့္မေပးခဲ့လို႔သာ မက္ဆီအေနနဲ႔ ဘာစီလိုနာပဲ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။ City Football Group တာဝန္ရွိသူေတြဟာ မက္ဆီကို ေခၚယူခဲ့ၿပီးပါက မန္စီး တီး အသင္းမွာ ၂ ႏွစ္ကစားေစၿပီးမွ ေမဂ်ာလိဂ္ကလပ္ျဖစ္တဲ့ နယူးေယာက္စီးတီးအသင္းမွာ လက္က်န္စာခ်ဳပ္သက္တမ္း ကို ကစားေစဖို႔ လုပ္ေဆာင္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။
၂၀၂၀ ခုႏွစ္အတြက္ ဘာစီလိုနာအသင္းရဲ႕ ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ အီဘာအသင္းနဲ႔ ပြဲစဥ္ကိုေတာ့ မက္ဆီအေနနဲ႔ ေျခခ်င္း ၀တ္ ဒဏ္ရာေၾကာင့္ ပါဝင္ကစားႏိုင္မွာ မဟုတ္ပါဘူးလို႔ သိရပါတယ္။ SunSport ရဲ႕ ေဖာ္ျပခ်က္အရေတာ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာကလည္း မက္ဆီကို အသင္းမွာ လာေရာက္ကစားေစဖို႔ အလိုရွိေနတာေၾကာင့္ မက္ဆီရဲ႕ ေမဂ်ာလိဂ္မွာ ကစား ခ်င္တယ္လို႔ ေျပာခဲ့အၿပီးမွာေတာ့ အေျပာင္းအေရႊ႕သတင္းေတြက ဆက္တိုက္ထြက္ေပၚခဲ့တာပဲ ျဖစ္ပါတယ္။