ရီးရဲလ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီချက်ရသွားတဲ့ မိုဒရစ်ကို ခေါ်ယူနိုင်မှာ မဟုတ်တော့တဲ့ မော်ရင်ဟို


ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ်တုန်းက Ballon d’Or ကို ရရှိခဲ့တဲ့ မိုဒရစ်က လက်ရှိ ရီးရဲလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရခဲ့တာကြောင့် သူကိုပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်နေတဲ့ စပါးအသင်းအနေနဲ့ ခေါ်ယူနိုင်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ မိုဒရစ်ဟာ လာမယ့်ဇွန်လမှာ ရီးရဲလ်နဲ့ စာချုပ်သက် တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့အတွက် သဘောတူညီမှု ရခဲ့တာပဲ ဖြစ်ပါတယ်။

မာကာသတင်းစာရဲ့ ဖော်ပြချက်အရတော့ စပါးနည်းပြ မော်ရင်ဟိုဟာ ရီးရဲလ်ကို သူကိုင်တွယ်ခဲ့တုန်းက လက်တွဲခဲ့ဖူးတဲ့ ကွင်းလယ်လူ မိုဒရစ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားခဲ့တာဖြစ်ပြီး ကစားသမားအနေနဲ့လည်း အစောပိုင်းတုန်းက အသင်း ပြောင်းရွှေ့မယ့်သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ မိုဒရစ်ကို ခေါ်ယူဖို့အတွက် စီးရီးအေထိပ်သီအသင်းတစ်သင်းဖြစ်တဲ့ အင် တာမီလန်ကလည်း စိတ်ဝင်စားမှုရှိခဲ့တယ်ဆိုပေမယ့် တရားဝင်ကမ်းလှမ်းခဲ့တာမျိုးတော့ မရှိခဲ့တာပဲ ဖြစ်ပါတယ်။


မိုဒရစ်ကို သူရဲ့အသင်းဟောင်းဖြစ်တဲ့ စပါးအသင်းက လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ်လို့ သတင်းတွေကဖော်ပြခဲ့သလို ကာတာလိဂ်နဲ့ မေဂျာလိဂ်က အသင်းတွေကလည်း အသက် ၃၅ နှစ်ရှိ နေပြီဖြစ်တဲ့ မိုဒရစ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားခဲ့ကြပေမယ့် ကစားသမားကတော့ ရီးရဲလ်မှာပဲ ဆက်နေဖို့အတွက် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ မိုဒရစ်ဟာ ၂၀၁၂ ခုနှစ်က စပါးကနေ ရီးရဲလ်ကို ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့သူလည်း ဖြစ် ပါတယ်။

zawgyi version

ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီခ်က္ရသြားတဲ့ မိုဒရစ္ကို ေခၚယူႏိုင္မွာ မဟုတ္ေတာ့တဲ့ ေမာ္ရင္ဟို
ကမ႓ာ့အေကာင္းဆံုးကြင္းလယ္လူတစ္ဦးအျဖစ္သတ္မွတ္ခံခဲ့ရၿပီး ၂၀၁၈ ခုႏွစ္တုန္းက Ballon d’Or ကို ရရွိခဲ့တဲ့ မိုဒရစ္က လက္ရွိ ရီးရဲလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈရခဲ့တာေၾကာင့္ သူကိုျပန္လည္ေခၚယူဖို႔ လုပ္ေဆာင္ေနတဲ့ စပါးအသင္းအေနနဲ႔ ေခၚယူႏိုင္မွာ မဟုတ္ေတာ့ဘူးလို႔ သိရပါတယ္။ မိုဒရစ္ဟာ လာမယ့္ဇြန္လမွာ ရီးရဲလ္နဲ႔ စာခ်ဳပ္သက္ တမ္း ကုန္ဆံုးမွာ ျဖစ္ေပမယ့္ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ သေဘာတူညီမႈ ရခဲ့တာပဲ ျဖစ္ပါတယ္။
မာကာသတင္းစာရဲ႕ ေဖာ္ျပခ်က္အရေတာ့ စပါးနည္းျပ ေမာ္ရင္ဟိုဟာ ရီးရဲလ္ကို သူကိုင္တြယ္ခဲ့တုန္းက လက္တြဲခဲ့ဖူးတဲ့ ကြင္းလယ္လူ မိုဒရစ္ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားခဲ့တာျဖစ္ၿပီး ကစားသမားအေနနဲ႔လည္း အေစာပိုင္းတုန္းက အသင္း ေျပာင္းေရႊ႕မယ့္သတင္းေတြထြက္ေပၚခဲ့ပါတယ္။ မိုဒရစ္ကို ေခၚယူဖို႔အတြက္ စီးရီးေအထိပ္သီအသင္းတစ္သင္းျဖစ္တဲ့ အင္ တာမီလန္ကလည္း စိတ္ဝင္စားမႈရွိခဲ့တယ္ဆိုေပမယ့္ တရားဝင္ကမ္းလွမ္းခဲ့တာမ်ိဳးေတာ့ မရွိခဲ့တာပဲ ျဖစ္ပါတယ္။
မိုဒရစ္ကို သူရဲ႕အသင္းေဟာင္းျဖစ္တဲ့ စပါးအသင္းက လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မယ္လို႔ သတင္းေတြကေဖာ္ျပခဲ့သလို ကာတာလိဂ္နဲ႔ ေမဂ်ာလိဂ္က အသင္းေတြကလည္း အသက္ ၃၅ ႏွစ္ရွိ ေနၿပီျဖစ္တဲ့ မိုဒရစ္ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားခဲ့ၾကေပမယ့္ ကစားသမားကေတာ့ ရီးရဲလ္မွာပဲ ဆက္ေနဖို႔အတြက္ ဆံုးျဖတ္ခဲ့တာပဲ ျဖစ္ပါတယ္။ မိုဒရစ္ဟာ ၂၀၁၂ ခုႏွစ္က စပါးကေန ရီးရဲလ္ကို ေပါင္သန္း ၃၀ နဲ႔ ေျပာင္းေရႊ႕ခဲ့သူလည္း ျဖစ္ ပါတယ္။