၂၀၂၀ ခုနှစ်ရဲ့ နောက်ဆုံးပွဲစဉ်မှာ ဘာစီလိုနာအတွက် မက်ဆီ ကစားပေးနိုင်မဟုတ်ဘူးလို့ သိရ


ဘာစီလိုနာတိုက်စစ်မှူး မက်ဆီအနေနဲ့ ခြေချင်းဝတ်ဒဏ်ရာ ရရှိနေခဲ့တာကြောင့် အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်ကို ပျက်ကွက်ခဲ့ပြီးနောက်မှာတော့ ၂၀၂၀ ခုနှစ်ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အီဘာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲမှာတော့ ပါဝင်ကစားနိုင်မှာ မဟုတ်ကြောင်း အသင်းတာဝန်ရှိသူတွေက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၉ ရက် နေ့မှာ ကစားမယ့် အီဘာနဲ့ ပွဲအပြင် ဇန်နဝါရီလ ၃ ရက်နေ့မှာကစားမယ့် ဟူစကာနဲ့ပွဲမှာမှ မက်ဆီအနေနဲ့ ပါဝင်ကစားနိုင်ဖို့ ရှိတယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


ဘာစီလိုနာဟာ ဒီရာသီပွဲစဉ် ၁၄ ပွဲကစားပြီးချိန်မှာ ၇ ပွဲသာ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့်-၅ နေရာရောက်နေ တယ်ဆိုပေမယ့် ဇယားထိပ်ဆုံးက အက်သလက်တီကိုနဲ့ ၈ မှတ်အထိ ကွာဟနေတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ မက်ဆီအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အခြားအ သင်း တစ်သင်းကို ပြောင်းရွှေ့နိုင်သလို ဘာစီလိုနာနဲ့ပဲ စာချုပ်သစ်ချုပ်ဆိုသွားနိုင်တယ်လို့လည်း ခန့်မှန်းသတင်းတွေ ထွက်ဖော်နေပါတယ်။


ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၆ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ ပုံရိပ်တစ်ခုဖြစ်ပြီး သူကို ကစားသမားတွေရော ၊ အသင်းပရိသတ်တွေကပါ အသင်းမှာဆက်ရှိဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။ မက်ဆီဟာ ဒီရာ သီမှာ အသင်းအတွက် အသင်းအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲကစားပေးထားပြီး ၁၀ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြု လုပ်ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ပူယိုးလ်ကတော့ မက်ဆီအနေနဲ့ အသင်းမှာ နောက်ထပ် ၃ ၊ ၄ နှစ်လောက် ဆက်ကစားသွားမှာသေချာကြောင်း ပြောခဲ့ပါတယ်။

zawgyi version

၂၀၂၀ ခုႏွစ္ရဲ႕ ေနာက္ဆံုးပြဲစဥ္မွာ ဘာစီလိုနာအတြက္ မက္ဆီ ကစားေပးႏိုင္မဟုတ္ဘူးလို႔ သိရ
ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီအေနနဲ႔ ေျခခ်င္းဝတ္ဒဏ္ရာ ရရွိေနခဲ့တာေၾကာင့္ အသင္းရဲ႕ေလ့က်င့္ေရး အစီအစဥ္ကို ပ်က္ကြက္ခဲ့ၿပီးေနာက္မွာေတာ့ ၂၀၂၀ ခုႏွစ္ရဲ႕ ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ အီဘာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲမွာေတာ့ ပါဝင္ကစားႏိုင္မွာ မဟုတ္ေၾကာင္း အသင္းတာဝန္ရွိသူေတြက တရားဝင္သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒီဇင္ဘာ ၂၉ ရက္ ေန႔မွာ ကစားမယ့္ အီဘာနဲ႔ ပြဲအျပင္ ဇန္နဝါရီလ ၃ ရက္ေန႔မွာကစားမယ့္ ဟူစကာနဲ႔ပြဲမွာမွ မက္ဆီအေနနဲ႔ ပါဝင္ကစားႏိုင္ဖို႔ ရွိတယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
ဘာစီလိုနာဟာ ဒီရာသီပြဲစဥ္ ၁၄ ပြဲကစားၿပီးခ်ိန္မွာ ၇ ပြဲသာ အႏိုင္ရခဲ့ၿပီး အမွတ္ေပးဇယားမွာ အဆင့္-၅ ေနရာေရာက္ေန တယ္ဆိုေပမယ့္ ဇယားထိပ္ဆံုးက အက္သလက္တီကိုနဲ႔ ၈ မွတ္အထိ ကြာဟေနတာေၾကာင့္ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနတဲ့ မက္ဆီအေနနဲ႔ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အျခားအ သင္း တစ္သင္းကို ေျပာင္းေရႊ႕ႏိုင္သလို ဘာစီလိုနာနဲ႔ပဲ စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားႏိုင္တယ္လို႔လည္း ခန္႔မွန္းသတင္းေတြ ထြက္ေဖာ္ေနပါတယ္။
ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ၆ ႀကိမ္ရရွိထားတဲ့ မက္ဆီဟာ ဘာစီလိုနာအသင္းရဲ႕ ပံုရိပ္တစ္ခုျဖစ္ၿပီး သူကို ကစားသမားေတြေရာ ၊ အသင္းပရိသတ္ေတြကပါ အသင္းမွာဆက္ရွိဖို႔ အလိုရွိေနတယ္လို႔ သိရပါတယ္။ မက္ဆီဟာ ဒီရာ သီမွာ အသင္းအတြက္ အသင္းအတြက္ ၿပိဳင္ပြဲစံု ၁၈ ပြဲကစားေပးထားၿပီး ၁၀ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၅ ႀကိမ္အထိ ျပဳ လုပ္ထားႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ အသင္းေခါင္းေဆာင္ေဟာင္းျဖစ္တဲ့ ပူယိုးလ္ကေတာ့ မက္ဆီအေနနဲ႔ အသင္းမွာ ေနာက္ထပ္ ၃ ၊ ၄ ႏွစ္ေလာက္ ဆက္ကစားသြားမွာေသခ်ာေၾကာင္း ေျပာခဲ့ပါတယ္။