ဒဏ်ရာကြောင့် (၃) လ အနားယူရမယ့် ရီးရဲလ်မက်ဒရစ်တောင်ပံ တိုက်စစ်ကစားသမား ရိုဒရီဂို

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရိုဒရီဂိုဟာ တံကောက်ကြောဒဏ်ရာကြောင့် (၃) လ လောက်အနားယူရမယ်လို့ သိရပါတယ်။ ဆယ်ကျော်သက်ကစားသမားဟာ ဗုဒ္ဓဟူးနေ့က ရီးရဲလ်မက်ဒရစ်အသင်း ဂရန်နာဒါအသင်းကို (၂-ဝ) နဲပ အနိုင်ရခဲ့တဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ ဒီမီထရီဖော်ကွီရာ နဲ့ ထိခိုက်မိခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးမှု များစွာ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ အသင်းဟာ ညာဘက်တံကောက်ကြော ကြွက်သားမျာ ဒဏ်ရာရရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ရိုဒရီဂိုဟာ ကွင်းထဲကနေ မျက်ရည်တွေနဲ့ ထွက်ခွာခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ အင်စတာဂရမ်မှာ ပိုစ့်တင်ခဲ့တာဖြစ်ပါတယ်။

“ငိုနေတာက မနေ့က ဖြစ်ပေမယ့် မနက်မှာတော့ ပျော်ရွှင်ခဲ့ရပါတယ်။ အခုတော့ အပြည့်အ၀ ပြန်လည်ကောင်းမွန်လာဖို့ကို အာရုံစိုက်ရမှာဖြစ်ပြီး မကြာခင် ကျွန်တော်ပြန်လာမှာပါ။ ဆုတောင်းစကားတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ဇီဒန်းဟာ တောင်ပံရွေးချယ်စရာတွေအတွက်အသင်းမှာ ဗီနီစီယက်စ်ဂျူနီယာ နဲ့ ဟာဇက်တို့ရှိနေသေးတာဖြစ်ပါတယ်။ ဒါ့အပြင် အဆန်စီယို နဲ့ လူးကပ်စ်ဗက်ဇ်ကွက်ဇ်တို့လည်း ရှိနေပါသေးတယ်။



